“ရိုင္းစိုင္းတဲ့ဖုန္းဆိုင္၀န္ထမ္းေၾကာင့္ေဒါသထြက္ရေပမဲ့ ခင္ပြန္းျဖစ္သူကေျပာလို႔စိတ္ေလ်ွာ့လိုက္ပါတယ္ဆိုတဲ့ စမိုင္းလ္”

ဆယ္ေက်ာ္သက္အရြယ္ကတည္းက အနုပညာေလာကထဲကို ေမာ္ဒယ္သရုပ္ေဆာင္အေနနဲ႕ဝင္ေရာက္လာျပီး ေအာင္ျမင္မႈေတြရရွိပိုင္ဆိုင္ထားတဲ႕ သရုပ္ေဆာင္ စမိုင္းလ္ကေတာ႕ လက္ရွိမွာ ပရိသတ္ေတြအားက်နွစ္သက္ရတဲ႕ သာယာေပ်ာ္ရႊင္ဖြယ္အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားတာပဲျဖစ္ပါတယ္။စမိုင္းလ္ဟာ စိတ္ထားေကာင္းမြန္ျပီး လူတိုင္းအေပၚမွာ ရိုးရိုးသားသား ပြင့္ပြင့္လင္းလင္းနဲ႔ ဆက္ဆံတတ္တဲ့ သူတစ္ေယာက္လည္း ျဖစ္ပါတယ္။သူမရဲ႕ မာန္မာနမရွိတန္းတူဆက္ဆံတတ္တဲ့ အက်င့္ေလးေၾကာင့္ သူမကို လူတိုင္နီးပါးက ခ်စ္ခင္ၾကတာပါ။

သို႕ေသာ္လည္း စမိုင္းလ္ကေတာ့ လတ္တေလာမွာ ဖုန္းဆိုင္တစ္ခုက ဝန္ထမ္းတစ္ေယာက္ရဲ႕ အသလြတ္ရိုင္းရိုင္းစိုင္းစိုင္း ဆက္ဆံျခင္းကို ခံလိုက္ရတာပဲျဖစ္ပါတယ္။ဒီလို ရိုင္းရိုင္းစိုင္းစိုင္းျပဳမူဆက္ဆံခဲ့တဲ့ လုပ္ရပ္ကို စမိုင္းလ္က “Taw Win Mobile ကဖုန္းဆက္ၿပီးနံပါတ္ေရာင္းတဲ့မိန္းမ မအားလို႔ေတာ္ၿပီေျပာၿပီးဖုန္းခ်လိုက္တာကို အခုလိုမ်ိဳးပို႔ၿပီးဆဲတယ္ေတာ့။ Sales and marketing သင္တန္းမွာအခုလိုသင္ထားလားမသိ ႐ိုင္းလိုက္တာ ဘုရားဘုရား မိန္းမျဖစ္ၿပီးေတာ့ Taw Win Mobile ဘယ္နားမွာရွိလဲေျပာၾကပါ”လို႕ သူမရဲ႕လူမႈကြန္ရက္စာမ်က္နွာကေနေဖာ္ျပခဲ့တာပဲျဖစ္ပါတယ္။

 

အခုလို အသလြတ္ ရိုင္းရိုင္းဆိုင္းဆိုင္း ဆက္ဆံခံရတာေၾကာင့္ ေဒါသထြက္ခဲ့ေပမဲ့လည္း ခင္ပြန္းျဖစ္သူရဲ႕ စကားေလးေၾကာင့္ ေဒါသေတြေျပေလ်ာ့ခဲ့ရတဲ့အေၾကာင္းကို “ဘုရားတရားလုပ္ေနရင္အကုသိုလ္အဖ်က္ေတြၾကံဳေတြ႕ရစၿမဲပါ။ တရားေလးမွတ္ေဒါသေလးေလ်ာ့ၿပီး အဓိဌာန္မပ်က္ဘုရားစာေလးရြတ္ေနတာပဲေကာင္းတယ္။သူ႔အကုသိုလ္သူ႔ဟာသူသြားလိမ့္မယ္။ေမာင္သင္ေပးေနတာ ကိုယ့္စိတ္နဲ႔ကိုယ္ဆိုတစ္ခုခုလုပ္မိမွာ ( စိတ္ေလ်ာ့ စိတ္ေလ်ာ့ ) ဖူး ဝူး ဝူးးး”လို႕ သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာကေန ျပန္လည္ေဖာ္ျပထားတာျဖစ္ပါတယ္။CeleGabar ပရိသတ္ၾကီး ေတြထဲမွာေရာ စိတ္တိုေနတဲ့ အခ်ိန္မွာ စိတ္ေျပေအာင္စကားေလးေတြေျပာေပးတတ္တဲ့ သူကိုပိုင္ဆိုင္ထားျပီလား။

Source ; စမိုင္းလ္ Smile
Photo Credit From စမိုင္းလ္ Smile
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“ရိုင်းစိုင်းတဲ့ဖုန်းဆိုင်ဝန်ထမ်းကြောင့်ဒေါသထွက်ရပေမဲ့ ခင်ပွန်းဖြစ်သူကပြောလို့စိတ်လျှော့လိုက်ပါတယ်ဆိုတဲ့ စမိုင်းလ်”

ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို မော်ဒယ်သရုပ်ဆောင်အနေနဲ့ဝင်ရောက်လာပြီး အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် စမိုင်းလ်ကတော့ လက်ရှိမှာ ပရိသတ်တွေအားကျနှစ်သက်ရတဲ့ သာယာပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။စမိုင်းလ်ဟာ စိတ်ထားကောင်းမွန်ပြီး လူတိုင်းအပေါ်မှာ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းနဲ့ ဆက်ဆံတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။သူမရဲ့ မာန်မာနမရှိတန်းတူဆက်ဆံတတ်တဲ့ အကျင့်လေးကြောင့် သူမကို လူတိုင်နီးပါးက ချစ်ခင်ကြတာပါ။

သို့သော်လည်း စမိုင်းလ်ကတော့ လတ်တလောမှာ ဖုန်းဆိုင်တစ်ခုက ဝန်ထမ်းတစ်ယောက်ရဲ့ အသလွတ်ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခြင်းကို ခံလိုက်ရတာပဲဖြစ်ပါတယ်။ဒီလို ရိုင်းရိုင်းစိုင်းစိုင်းပြုမူဆက်ဆံခဲ့တဲ့ လုပ်ရပ်ကို စမိုင်းလ်က “Taw Win Mobile ကဖုန်းဆက်ပြီးနံပါတ်ရောင်းတဲ့မိန်းမ မအားလို့တော်ပြီပြောပြီးဖုန်းချလိုက်တာကို အခုလိုမျိုးပို့ပြီးဆဲတယ်တော့။ Sales and marketing သင်တန်းမှာအခုလိုသင်ထားလားမသိ ရိုင်းလိုက်တာ ဘုရားဘုရား မိန်းမဖြစ်ပြီးတော့ Taw Win Mobile ဘယ်နားမှာရှိလဲပြောကြပါ”လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

အခုလို အသလွတ် ရိုင်းရိုင်းဆိုင်းဆိုင်း ဆက်ဆံခံရတာကြောင့် ဒေါသထွက်ခဲ့ပေမဲ့လည်း ခင်ပွန်းဖြစ်သူရဲ့ စကားလေးကြောင့် ဒေါသတွေပြေလျော့ခဲ့ရတဲ့အကြောင်းကို “ဘုရားတရားလုပ်နေရင်အကုသိုလ်အဖျက်တွေကြုံတွေ့ရစမြဲပါ။ တရားလေးမှတ်ဒေါသလေးလျော့ပြီး အဓိဌာန်မပျက်ဘုရားစာလေးရွတ်နေတာပဲကောင်းတယ်။သူ့အကုသိုလ်သူ့ဟာသူသွားလိမ့်မယ်။မောင်သင်ပေးနေတာ ကိုယ့်စိတ်နဲ့ကိုယ်ဆိုတစ်ခုခုလုပ်မိမှာ ( စိတ်လျော့ စိတ်လျော့ ) ဖူး ဝူး ဝူးးး”လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြန်လည်ဖော်ပြထားတာဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီး တွေထဲမှာရော စိတ်တိုနေတဲ့ အချိန်မှာ စိတ်ပြေအောင်စကားလေးတွေပြောပေးတတ်တဲ့ သူကိုပိုင်ဆိုင်ထားပြီလား။

Source ; စမိုင်းလ် Smile
Photo Credit From စမိုင်းလ် Smile
Chilli – CeleGabar

error: Content is protected !!