



Soure ; Khine Hnin Wai
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

“ဆရာမဒေါ်သန်းမြင့်အောင်ရဲ့မွေးနေ့ မှာ Suprise လုပ်ခဲ့တဲ့ ခိုင်နှင်းဝေ”

ခိုင်နှင်းဝေကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ခိုင်နှင်းဝေဟာ အနုပညာအလုပ်တွေထက် လူမှုအကျိုးပြု ပရဟိတအလုပ်တွေကို အားကြိုးမာန်တက်လုပ်ဆောင်နေတာကြောင့် ပရိသတ်တွေက သူမကို ပရဟိတမင်းသမီးလို့ခေါ်ဆိုနေကြပါသေးတယ်။လက်ရှိမှာလည်း ခိုကိုးရာမဲ့နေတဲ့ မိဘမဲ့ကလေးတွေအတွက် “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လို့ အမည်ရတဲ့ ဂေဟာအသစ်လေးကိုဖွင့်လှစ်ပေးထားပါတယ်။

ဒီလို ဂေဟာဖွင့်လှစ်ပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ထားတဲ့ အပေါ် တချို့သော သူတွေက “ကလေးတွေကို ဗန်းပြပြီးလုပ်စားနေတယ်လို့”ဝေဖန်တိုက်ခိုက်မှုတွေရှိနေခဲ့ပေမဲ့လည်း ခိုင်နှင်းဝေကတော့ သူမပြုစုစောင့်ရှောက်ထားတဲ့ ကလေးလေးတွေကို သားသမီးအရင်းတွေလို သူမကိုယ်တိုင် ပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။ဒီနေ့ စက်တင်လာလ (၂၀)ရက်နေ့မှာတော့ ခိုင်နှင်းဝေဟာ ပရဟိတလုပ်ငန်းတွေကို ဦးစီးဦးဆောင်နဲ့ အားကြိုးမာန်တက်လုပ်ဆောင်နေတဲ့ဆရာမကြီးဒေါ်သန်းမြင့်အောင်ရဲ့ မွေးနေ့ပွဲလေးကို အနုပညာဆည်းဆာရိပ် ဂေဟာလေးမှာ မွေးနေ့Supriseပွဲလေးကို မင်းသမီး လင်းဇာနည်ဇော်နဲ့အတူတူ ကျင်းပခဲ့ပါတယ်။

ဒီလိုကျင်းပပေးဖြစ်ခဲ့တဲ့ အကြောင်းကို ခိုင်နှင်းဝေက “ဆရာမဒေါ်သန်းမြင့်အောင်ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ အနုပညာဆည်းဆာရိပ်မှာ ဆရာမလာတဲ့အချိန်အံ့သြဝမ်းသာအောင်surpriseလေးစီစဉ်ထားတယ်ဆိုပြီး မလင်းဇာနည်ဇော်ရဲ့ဖိတ်ကြားမှုနဲ့သွားခဲ့ပါတယ်။”လို့ သူမရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။ခိုင်နှင်းဝေက သူမချစ်ခင်လေးစားရတဲ့ ဆရာမကြီး သန်းမြင့်အောင် နိုင်ငံအကျိုးပြု လုပ်ငန်းများ ပရဟိတလုပ်ငန်းများကို ယခုထပ်ပိုပြီးလုပ်ဆောင်နိုင်စေဖို့ကိုလည်း ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ဆရာမကြီး သန်းမြင့်အောင်ရဲ့ မွေးနေ့လေးအတွက် ဆုတောင်းစကားလေးတွေပြောပေးခဲ့ပါဦး။

Soure ; Khine Hnin Wai
Photo Credit From Khine Hnin Wai
Chilli – CeleGabar

error: Content is protected !!