“ခင္လႈိင္ကိုယ္တိုင္ ဒါရုိက္တာတစ္ေယာက္အေနနဲ႕ ပံုေဖာ္ရိုက္ကူးထားတဲ့ ဒုတိယအႀကိမ္ေျမာက္ ဒရမ္မာရုပ္ရွင္ဇာတ္ကားႀကီး”

ခင္လိႈင္ကေတာ့ ပရိသတ္ေတြအတြက္ ဘ၀အေမာေတြကို ေျပေပ်ာက္ေစဖိုု႕ ဟာသေလးေတြကို ဖန္တီးတဲ့ ေနရာမွာ ထူးခၽြန္ထက္ျမက္တဲ႕ ၀ါရင့္ဟာသပညာရွင္တစ္ေယာက္ျဖစ္သလို ဇာတ္လမ္းပိုင္းမွာ ပီျပင္ေအာင္သရုပ္ေဆာင္နိုင္တဲ့ ဇာတ္ပို႕ဇာတ္ရံ သရုပ္ေဆာင္တစ္ေယာက္ပဲျဖစ္ပါတယ္။လက္ရွိမွာေတာ့ ခင္လႈိင္ဟာ “ဇ၀နေဖာင္းေဒးရွင္း”တည္ေထာင္ကာ အနုပညာအလုပ္ေတြနဲ႕အတူ ပရဟိတအလုပ္ေတြကို တြဲဖက္လုပ္ကိုင္ေနတယ္လို႕ သိရပါတယ္။ဒါ့အျပင္ ဇာတ္ပို႕ဇာတ္ရံသရုပ္ေဆာင္တစ္ေယာက္အေနနဲ႕သာမက လတ္တေလာမွာေတာ့ ဒါရိုက္တာတစ္ေယာက္အေနနဲ႕ပါ ရုပ္ရွင္ဇာတ္ကားေတြကို ရိုက္ကူးေနတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ခင္လိႈင္ရဲ႕ ဒုတိယအၾကိမ္ေျမာက္ ဒါရိုက္တာအေနနဲ ့ ရိုက္ကူးထားတဲ့ “ခ်ိဳးရုပ္” ဒရမ္မာရုပ္ရွင္ ဇာတ္ကားႀကီးကေတာ့ ေအာက္တိုဘာလ(၁၇)ရက္ေန႕မွာ ရံုတင္ျပသခြင့္ရရွိခဲ့ပါျပီ။ အဆိုပါရုပ္ရွင္ဇာတ္ကားႀကီးမွာေတာ့ခင္လိႈင္အပါအ၀င္ အကယ္ဒမီ ျမင့္ျမတ္၊ တိုင္ရြန္၊အိေခ်ာပို၊ေရႊပိုးအိမ္၊ ဂ်ိဳကာ၊ ၾကက္ဖ၊ညီနႏၵနဲ႕ အျခားေသာအနုပညာရွင္မ်ားစြာက ပါ၀င္ပံုေဖာ္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားမွာေတာ့ ခ်စ္ဖို ့ေကာင္းျပီး သနားဖို ့ေကာင္းတဲ့ ဇာတ္လမ္းဇာတ္ကြက္ ေလး ေတြကို ျမင္ေတြ ့ရမွာျဖစ္ျပီး ရယ္ေမာစရာအနည္းငယ္နဲ ့ ဒရမ္မာဇာတ္ကို အသားေပး ရိုက္ကူးထားတာ ျဖစ္တယ္လို ့သိရပါတယ္။

ဒီရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ဒါရိုက္တာခင္လွိဳင္(ဥာဏ္ၾကီးရွင္)ရဲ႕ ဒုတိယအၾကိမ္ေျမာက္ရုိက္ကူးထားတဲ့ ရုပ္ရွင္ဇာတ္ကားျဖစ္ျပီး ပထမဆံုးအႀကိမ္ရုိက္ကူးထားတဲ့ ဒရာမာရုပ္ရွင္ဇာတ္ကားႀကီးလို႕လည္း သိရပါေသးတယ္။ဒီကားေလးမွာေတာ့ ခင္လိႈင္ရဲ႕ စိတ္ကူးေဖာ္ပံုရိုက္ကူးမႈေတြကို စိတ္၀င္တစားနဲ႕ ျမင္ေတြ႕ရမွာပါ။ “ခ်ိဳးရုပ္” ဒရမ္မာရုပ္ရွင္ ဇာတ္ကားႀကီးကို ရံုတင္ျပသခြင့္ရရွိခဲ့ျပီလို႕ သိရွိရတဲ့ ဒီေန႕ကေတာ့ ဒါရိုက္တာခင္လႈိင္အတြက္ ဘ၀မွာ အေပ်ာ္ရႊင္ဆံုးေန႔ရက္ေတြထဲက ရင္ေတြတုံေနေအာင္ေပ်ာ္ေနရတဲ့ ေန႕ေလးပါလို႕ ခင္လိႈင္ကေျပာျပခဲ့ပါတယ္။ ဆယ္လီကမၻာပရိသတ္ႀကီးေရ တတ္သမွ်မွတ္သမွ်ေတြကို အစြမ္းကုန္ႀကိဳးစားျပီး ပံုေဖာ္ရိုက္ကူးထားတဲ့ ခင္လႈင္ရဲ႕ ဒုတိယေျမာက္ရုပ္ရွင္ဇာတ္ကားကို ေအာက္တိုဘာလ(၁၇)ရက္ေန႕မွာ သြားေရာက္အားေပးၾကမယ္မဟုတ္လား…..။


Source: Khin Hlaing
ခ်စ္သဲေမ @CeleGabar
Phot0 credit from Khin Hlaing” s Facebook

ယူနီကုတ္ျဖင့္ဖတ္ရန္

“ခင်လှိုင်ကိုယ်တိုင် ဒါရိုက်တာတစ်ယောက်အနေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဒုတိယအကြိမ်မြောက် ဒရမ်မာရုပ်ရှင်ဇာတ်ကားကြီး”

ခင်လှိုင်ကတော့ ပရိသတ်တွေအတွက် ဘဝအမောတွေကို ပြေပျောက်စေဖို့ ဟာသလေးတွေကို ဖန်တီးတဲ့ နေရာမှာ ထူးချွန်ထက်မြက်တဲ့ ဝါရင့်ဟာသပညာရှင်တစ်ယောက်ဖြစ်သလို ဇာတ်လမ်းပိုင်းမှာ ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ခင်လှိုင်ဟာ “ဇဝနဖောင်းဒေးရှင်း”တည်ထောင်ကာ အနုပညာအလုပ်တွေနဲ့အတူ ပရဟိတအလုပ်တွေကို တွဲဖက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ဒါ့အပြင် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့သာမက လတ်တလောမှာတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ခင်လှိုင်ရဲ့ ဒုတိယအကြိမ်မြောက် ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတဲ့ “ချိုးရုပ်” ဒရမ်မာရုပ်ရှင် ဇာတ်ကားကြီးကတော့ အောက်တိုဘာလ(၁၇)ရက်နေ့မှာ ရုံတင်ပြသခွင့်ရရှိခဲ့ပါပြီ။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးမှာတော့ခင်လှိုင်အပါအဝင် အကယ်ဒမီ မြင့်မြတ်၊ တိုင်ရွန်၊အိချောပို၊ရွှေပိုးအိမ်၊ ဂျိုကာ၊ ကြက်ဖ၊ညီနန္ဒနဲ့ အခြားသောအနုပညာရှင်များစွာက ပါဝင်ပုံဖော်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာတော့ ချစ်ဖို့ကောင်းပြီး သနားဖို့ကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက် လေး တွေကို မြင်တွေ့ရမှာဖြစ်ပြီး ရယ်မောစရာအနည်းငယ်နဲ့ ဒရမ်မာဇာတ်ကို အသားပေး ရိုက်ကူးထားတာ ဖြစ်တယ်လို့သိရပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာခင်လှိုင်(ဉာဏ်ကြီးရှင်)ရဲ့ ဒုတိယအကြိမ်မြောက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ပထမဆုံးအကြိမ်ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်ဇာတ်ကားကြီးလို့လည်း သိရပါသေးတယ်။ဒီကားလေးမှာတော့ ခင်လှိုင်ရဲ့ စိတ်ကူးဖော်ပုံရိုက်ကူးမှုတွေကို စိတ်ဝင်တစားနဲ့ မြင်တွေ့ရမှာပါ။ “ချိုးရုပ်” ဒရမ်မာရုပ်ရှင် ဇာတ်ကားကြီးကို ရုံတင်ပြသခွင့်ရရှိခဲ့ပြီလို့ သိရှိရတဲ့ ဒီနေ့ကတော့ ဒါရိုက်တာခင်လှိုင်အတွက် ဘဝမှာ အပျော်ရွှင်ဆုံးနေ့ရက်တွေထဲက ရင်တွေတုံနေအောင်ပျော်နေရတဲ့ နေ့လေးပါလို့ ခင်လှိုင်ကပြောပြခဲ့ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ တတ်သမျှမှတ်သမျှတွေကို အစွမ်းကုန်ကြိုးစားပြီး ပုံဖော်ရိုက်ကူးထားတဲ့ ခင်လှုင်ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာလ(၁၇)ရက်နေ့မှာ သွားရောက်အားပေးကြမယ်မဟုတ်လား…..။
Source: Khin Hlaing
ချစ်သဲမေ @CeleGabar
Phot0 credit from Khin Hlaing” s Facebook

error: Content is protected !!