


 


Source : Myat Wai Tun
Shwe Poe – Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” ရိုက်ကူးပြီးစီးသွားပြီဖြစ်တဲ့ အတွဲညီညီသရုပ်ဆောင်တတ်တဲ့ မင်းသားနှစ်လက်ပါဝင်တဲ့ “Oxygen” ရုပ်ရှင်ဇာတ်ကားကြီး ”

မြင့်မြတ်ကတော့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့အပြင် “အမှောင်တွေရွာချတဲ့မိုးတိမ်”ဇာတ်ကားမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။အမျိုးသားအနုပညာရှင်တွေထဲမှာ အမျိုးသား ပရိသတ်တွေအားပေးမှုအမြင့်ဆုံးလို့ ဆိုနိုင်ပါတယ်။ဟာသဖြစ်ဖြစ် အက်ရှင်ဖြစ်ဖြစ် ကျရာကာရိုက်တာကို သဘာဝအဆန်ဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဖြစ်တာကြောင့် အောင်မြင်တဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတစ်လက်ဖြစ်လာတဲ့ လျှို့ဝှက်ချက်တစ်ခုလို့ဆိုရမှာပါပဲနော်။

မိုးအောင်ရင်ကတော့ ရုပ်ရှင်ဇာတ်ကားများစွာမှာပါဝင်ထားကာ ပရိသတ်အခိုင်အမာရထားပြီးတဲ့ သရုပ်ဆောင်မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။အဆိုတော် အောင်ရင်ရဲ့ သားလည်း ဖြစ်တဲ့အပြင် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ သဘာဝမင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ဆေးမှုနဲ့ ထောင်ကျခဲ့ပေမယ့် ထပ်မံပြီး အနုပညာလောကထဲကို တစ်ကျော့ပြန်လည်ဝင်ရောက်လာတာပဲ ဖြစ်ပြီး ပထမဆုံး ပရိသတ်တွေနဲ့ ပြန်လည်ထိတွေ့မည့် ပထမဆုံး အနုပညာဇာတ်ကားကတော့ အချစ်ဆုံး သူငယ်ချင်း မြင့်မြတ်နဲ့ပဲ ဖြစ်ပါတယ်။

အရင်ကတည်းက အတွဲညီညီသရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေကို “Oxygen” လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာမီက အင်တိုက်အားတိုက် ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ မင်းသမီးအနေနဲ့ကတော့ ရွှေမှုံရတီပါဝင်ထားတဲ့ “Oxygen” ရုပ်ရှင်ဇာတ်ကားကြီးကတော့ စက်တင်ဘာလ(၁၉)ရက်နေ့မှာ ရိုက်ကူးပြီးစီးသွားတာပဲ ဖြစ်ကြောင်းကို ” ထုပ်လုပ်ရေးလက်ကီးဆဲဗင်ဒါရိုက်တာ ကိုနေပိုင်ရိုက်ကူးတဲ့ အောက်စီဂျင် ဇာတ်ကားမှာသရုပ်ဆောင်မြင့်မြတ် မိုးအောင်ရင် နေနော် ရွှေမှုံရတီ အခြားသရုပ်ဆောင်ပေါင်များစွာပါဝင်ပါတယ် ဒီနေ့အောင်မြင်စွာရိုက်ကူးပီးပါပြီ။” ဆိုပြီး ရိုက်ကွင်းကပုံရိပ်တွေနဲ့ အတူဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း “Oxygen” ရုပ်ရှင်ဇာတ်ကားကြီး ကို အားပေးဖို့အဆင်သင့်ဖြစ်ပြီလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Myat Wai Tun
Photo Credit From : Myat Wai Tun’ Facebook
Shwe Poe – Cele Gabar

error: Content is protected !!