Source: Bhone Myat Min. Tbb Martial Art
Photo Credit From CeleGabar
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
” Winner ဆုမှရရှိတဲ့ ဆုငွေတွေနဲ့ မွေးရပ်မြေမှာ စတုဒိသာများကျွေးမွေးမည့် သာသားလေးဘုန်းမြတ်မင်း ”
မြန်မာနိုင်ငံ ရဲ့ လူအများစိတ်ဝင်စားခြင်း ခံထားရတဲ့ ပြိုင်ပွဲကြီးတွေထဲမှာ တစ်ခုဖြစ်တဲ့ မိမိရဲ့ ပင်ကိုယ်ပါရမီ ကျွမ်းကျင်မှုကို ချပြခွင့်ရမယ့် Myanma’s Got Talent ပြိုင်ပွဲ ကြီးပဲ ဖြစ်ပါတယ်။သားသားလေးဘုန်းမြတ်မင်းကတော့ မြန်မာ့သိုင်းပညာကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်စွာတတ်မြောက်ပြီး ကြည့်ရူတဲ့ ပရိသတ်တွေ ၊ ဒိုင်တွေမျက်လုံးပြူး၊မျက်ဆံပြူး၊ ပါးစပ်ကြီးအဟောင်းသားဖြစ်အောင် လုပ်ပြနိုင်ခဲ့တဲ့ပြိုင်ပွဲဝင်လေးပဲ ဖြစ်ပါတယ်။အသက်(၅)နှစ်အရွယ်သာ ရှိသေးတဲ့ သားသားလေး မန္တလေးရွှေမြို့တော်မှ လာရောက်ယှဉ်ပြိုင်ပြီး သူရဲ့ တတ်ကျွမ်းတဲ့ သိုင်းပညာကို အကောင်းဆုံးချပြခဲ့ကာ ပြိုင်ပွဲဝင်တော်တော်များများကို ကျော်တတ်ပြီး ဖိုင်နယ်ပွဲကို တတ်ရောက်ခဲ့သလို တစ်နိုင်ငံလုံးရဲ့ ချစ်ခင်အားပေးမှုအများဆုံးရရှိတဲ့ ပြိုင်ပွဲဝင်လည်းဖြစ်ပါတယ်။
သားလေး ဘုန်းမြတ်မင်း က Myanmar Got Talent မှာ Winner ဆု ကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပြီး သူ့ရဲ့ Winner ဆုရရှိတဲ့ ဆုငွေများကို သူ့ရဲ့ မိဘများအတွက် အိမ်ဝယ်ပေးမယ်လို့ ပြောထားသလို အလှူများလည်း လုပ်မှာပါလို့ ပြောခဲ့ပါသေးတယ်။သာသားလေးကတော့ ပြိုင်ပွဲပြီးဆုံးသွားသဖြင့် မွေရပ်မြေဇာတိဖြစ်တဲ့ မန္တလေးရွှေမြို့တော်၊ အောင်မြေသာဇံမြို့နယ်၊အောင်ပြည်သာရပ်ကွက်ကို ပြန်တဲ့လမ်းတစ်လျှောက်မှာလည်း မြန်မာသိုင်းလောကမှာ ဆရာကြီးများကို ဝင်ရောက်ကန်တော့ခဲ့ပါတယ်။သိုင်းပြောင်းပြန်ဆရာကြီးများကလည်း သားသားလေးရဲ့ ထူးချွန်မှုကို ဂုဏ်ပြုတဲ့အနေဖြင့် သိုင်းဝတ်စုံတွေ၊သိုင်းစာအုပ်တွေ၊ဆုတော်ငွေတွေကို ချီးမြှင့်ခဲ့ပါတယ်။
လက်ရှိမှာတော့ သာသာလေးက နေအိမ်သို့ပြန်လည်ရောက်ရှိနေတာဖြစ်ပြီး Winner ဆုမှရရှိခဲ့တဲ့ ဆုငွေများဖြင့် အလှူများလည်း လုပ်မှာပါလို ပြောခဲ့အတိုင်း စတုဒိသာများကျွေးမွေးပြီး အလှူလုပ်သွားမည့်အကြောင်းကို “မနက်ဖန် (21 -9-2019) ရက် ညနေ(၃) နာရီမှစ၍ သားသားလေးမောင်ဘုန်းမြတ်မင်းမှ စတုဒိသာ ကျွေးမွေးမှာဖြစ်ပါသဖြင့် အောင်မြေသာဇံမြို့နယ် (415/N1) အောင်ပြည်သာရပ်ကွက်သို့ ကြွရောက်သုံးဆောင်ကြပါရန် အနူးအညွန့် ဖိတ်ခေါ်အပ်ပါသည်ခင်ဗျာ”လို့ လူမှုကွန်ရက် စာမျက်နာမှာဖော်ပြထားတာကို CeleGabar ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။
error: Content is protected !!