ဒရမ္မာဇာတ္လမ္းတြဲအသစ္ရိုက္ကူးဖို႔စတင္ျပင္ဆင္ေနျပီျဖစ္တဲ့ Lee Min Ho နဲ႔ Kim Go Eun

ျမန္မာပရိသတ္ေတြရဲ႕အသည္းေက်ာ္ေတာင္ကိုရီးယားမင္းသားတစ္လက္ျဖစ္တဲ့ Lee Min Ho ကေတာ့ ရုပ္ရွင္ဇာတ္လမ္းတြဲအသစ္ထြက္ရွိေတာ့မဲ့အေၾကာင္းကိုပရိသတ္ေတြကိုအသိေပးထားျပီးသားပါ။ဒီဇာတ္လမ္းနာမည္ဟာ “The King,The Eternal Monarch” ျဖစ္ျပီး SBS ရုပ္သံလိုင္းကထုတ္လႊင့္မွာျဖစ္ပါတယ္။ဒီဇာတ္လမ္းမွာေတာ့ Lee Min Ho နဲ႔အတူ မင္းသမီးေခ်ာေလး Kim Go Eun ကအဓိကဇာတ္ေဆာင္အေနနဲ႔ပါ၀င္ထားမွာပါ။ Kim Go Eunဟာ Goblin ဇာတ္ကားထဲမွာပါ၀င္ဖူးတာေၾကာင့္ ပရိသတ္ေတာ္ေတာ္မ်ားမ်ားသိၾကမွာပါ။


ဒီဇာတ္လမ္းဟာ ေရွးေဟာင္းဇာတ္ကားတစ္ခုျဖစ္ျပီး Fantasy Drama အမ်ိဳးအစားပါ။ Lee Min Ho ကေတာ့ နတ္ဆိုးေတြရဲ႕ေႏွာက္ယွက္မွုေၾကာင့္ ကမၻာႏွစ္ခုၾကားကတံခါးေပါက္ပြင့္သြားတာကို ျပန္လည္ပိတ္ဖို႔အတြက္ၾကိဳးစားေနတဲ့ ရွင္ဘုရင္တစ္ေယာက္အေနနဲ႔သရုပ္ေဆာင္မွာပါ။ Kim Go Eunကေတာ့ ရွင္ဘုရင္ကိုကူညီျပီးကမၻာကိုကာကြယ္မဲ့အမွုစစ္တစ္ေယာက္ေနရာကေနပါ၀င္မွာျဖစ္ပါတယ္။


ဒီဇာတ္လမ္းရဲ႕ဇာတ္ညႊန္းကို စက္တင္ဘာ(၁၇)ရက္ေန႔ကဖတ္ရွုခဲ့ၾကျပီး ရိုက္ကူးမယ့္အစီအစဥ္ေတြကိုလည္း တရား၀င္သတ္မွတ္လိုက္ၾကျပီျဖစ္ပါတယ္။ ဒီဇာတ္လမ္းဟာ Lee Min Ho စစ္တပ္ထဲက ထြက္ျပီးပထမဆံုးရိုက္ကူးတဲ့ဇာတ္ကားျဖစ္ပါတယ္။ဒီဇာတ္ကားဟာ(၂၀၂၀)ခုႏွစ္ရဲ႕ ပထမႏွစ္၀က္အတြင္းမွာတင္ထြက္ရွိမွာျဖစ္ပါတယ္။ Lee min Ho ရဲ႕ပရိသတ္ေတြအတြက္ေတာ့သတင္းေကာင္းတစ္ခုပါပဲေနာ္…။
Source:soompi
Sweet – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒရမ်မာဇာတ်လမ်းတွဲအသစ်ရိုက်ကူးဖို့စတင်ပြင်ဆင်နေပြီဖြစ်တဲ့ Lee Min Ho နဲ့ Kim Go Eun
မြန်မာပရိသတ်တွေရဲ့အသည်းကျော်တောင်ကိုရီးယားမင်းသားတစ်လက်ဖြစ်တဲ့ Lee Min Ho ကတော့ ရုပ်ရှင်ဇာတ်လမ်းတွဲအသစ်ထွက်ရှိတော့မဲ့အကြောင်းကိုပရိသတ်တွေကိုအသိပေးထားပြီးသားပါ။ဒီဇာတ်လမ်းနာမည်ဟာ “The King,The Eternal Monarch” ဖြစ်ပြီး SBS ရုပ်သံလိုင်းကထုတ်လွှင့်မှာဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ Lee Min Ho နဲ့အတူ မင်းသမီးချောလေး Kim Go Eun ကအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားမှာပါ။ Kim Go Eunဟာ Goblin ဇာတ်ကားထဲမှာပါဝင်ဖူးတာကြောင့် ပရိသတ်တော်တော်များများသိကြမှာပါ။


ဒီဇာတ်လမ်းဟာ ရှေးဟောင်းဇာတ်ကားတစ်ခုဖြစ်ပြီး Fantasy Drama အမျိုးအစားပါ။ Lee Min Ho ကတော့ နတ်ဆိုးတွေရဲ့နှောက်ယှက်မှုကြောင့် ကမ္ဘာနှစ်ခုကြားကတံခါးပေါက်ပွင့်သွားတာကို ပြန်လည်ပိတ်ဖို့အတွက်ကြိုးစားနေတဲ့ ရှင်ဘုရင်တစ်ယောက်အနေနဲ့သရုပ်ဆောင်မှာပါ။ Kim Go Eunကတော့ ရှင်ဘုရင်ကိုကူညီပြီးကမ္ဘာကိုကာကွယ်မဲ့အမှုစစ်တစ်ယောက်နေရာကနေပါဝင်မှာဖြစ်ပါတယ်။


ဒီဇာတ်လမ်းရဲ့ဇာတ်ညွှန်းကို စက်တင်ဘာ(၁၇)ရက်နေ့ကဖတ်ရှုခဲ့ကြပြီး ရိုက်ကူးမယ့်အစီအစဉ်တွေကိုလည်း တရားဝင်သတ်မှတ်လိုက်ကြပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Lee Min Ho စစ်တပ်ထဲက ထွက်ပြီးပထမဆုံးရိုက်ကူးတဲ့ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားဟာ(၂၀၂၀)ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာတင်ထွက်ရှိမှာဖြစ်ပါတယ်။ Lee min Ho ရဲ့ပရိသတ်တွေအတွက်တော့သတင်းကောင်းတစ်ခုပါပဲနော်…။

error: Content is protected !!