” စက္တင္ဘာလ (၂၂)ရက္ေန႕မွာ သူ႕ကိုခ်စ္တဲ့ပရိသတ္ေတြနဲ႕ ေပ်ာ္ေပ်ာ္ပါးပါးေတြ့ဆံုမယ္ဆိုတဲ့ သုတေအာင္ “

သုတေအာင္ကေတာ့ “အလင္းထဲကလူ” ဇာတ္လမ္းတြဲမွာဝဏၰအျဖစ္နဲ႔ ပရိသတ္ေတြ စတင္သတိထားမိလာၿပီး သူ႔ရဲ႕သ႐ုပ္ေဆာင္ခ်က္ေတြကို မိန္းကေလးပရိသတ္ေတြသာမက လူႀကီးေတြရဲ႕သေဘာက်အားေပးျခင္းခံရသူပါ။ ဖိုက္တင္characterနဲ႔သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပိုႏွစ္ၿခိဳက္လက္ခံလာၿပီး သ႐ုပ္ေဆာင္သစ္တစ္ေယာက္အေနနဲ႔ မ်က္ႏွာအေနအထား အၾကည့္ေတြကအစ သိပ္ကိုပီျပင္လြန္းတာေၾကာင့္ အံ့ၾသခ်ီက်ဴးခံေနရတာလို႕လည္း ဆိုရမွာပါ။

MRTV -(4)မွာ ျပသခဲ့တဲ့ ” ၾကယ္ကေလးရဲ႕ေကာင္းကင္” ဇာတ္လမ္းတြဲ မွာလည္းပါဝင္ထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအေပၚမွာလည္း ေလးေလးစားစားဆက္ဆံေလ့ရွိတဲ့အျပင္ သူ႔ရဲ႕ (၂၆)ႏွစ္ျပည့္ေမြးေန႔ေလးကို ေမွာ္ဘီၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာေလးတစ္ခုရဲ႕ မိဘမဲ့ေက်ာင္းနဲ႔စာသင္ေက်ာင္းတို႔မွာ အလွဴဒါနေလးျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္။ အင္တာဗ်ဴးမွာလည္း႐ိုး႐ိုးသားသားနဲ႔ပြင့္ပြင့္လင္းလင္းေျဖၾကားတတ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ပိုမိုရရွိေစတာလဲ ျဖစ္ပါတယ္။သုတေအာင္ရဲ႕ We Love ေတြဆီက မၾကာမၾကာ လက္ေဆာင္ေတြရရွိေၾကာင္းကိုလည္း သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပၿပီး ေက်းဇူးတင္ေၾကာင္း အၿမဲေျပာတတ္သူေလးလို႔ ဆိုရမွာပါ။


သူ႕ကိုခ်စ္တဲ့ ပရိသတ္ေတြနဲ ႔ အဆက္မျပတ္သြားေစဖို႔ TikTok ေလးေတြ အၿမဲေဆာ့ေလ့ရွိသူပဲ ျဖစ္ပါတယ္။ လက္ရွိမွာလည္း “မာယာလွည့္ကြက္ ” ဇာတ္လမ္းတြဲကို ရုိက္ကူးေနတာျဖစ္ၿပီး စက္တင္ဘာလ (၂၂)ရက္ေန႕မွာ သူ႕ကိုခ်စ္တဲ့ပရိသတ္ေတြနဲ႕ ဂိမ္းေတြကစားၿပီး ေပ်ာ္ေပ်ာ္ပါးပါးေတြ႕ဆံုမယ့္အေၾကာင္းကို ” ကေလးေတြနဲ႔ တနဂၤေႏြေန႔က်ရင္
ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ဂိမ္းေလးေတြေဆာ့ၾကမယ္ေနာ္။ လာမယ့္သူေလးေတြ ေသာၾကာေန ႔ညအထိ 094219 ××××ကိုဆက္ပီး စာရင္းေပးႏိုင္ပါတယ္ခင္ဗ် ” ဆိုၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာမွာ ရွဴတင္ကပံုရိပ္ေလးေတြနဲ႕အတူ ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးထဲမွာေရာ သုတေအာင္နဲက သြားေရာက္ေတြ့ဆံုမယ့္သူေတြရွိလားဆိုတာ
မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source :Thuta Aung
Photo Credit From : Thuta Aung ‘ Facebook
Shwe Poe – Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” စက်တင်ဘာလ (၂၂)ရက်နေ့မှာ သူ့ကိုချစ်တဲ့ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံမယ်ဆိုတဲ့ သုတအောင် ”

သုတအောင်ကတော့ “အလင်းထဲကလူ” ဇာတ်လမ်းတွဲမှာဝဏ္ဏအဖြစ်နဲ့ ပရိသတ်တွေ စတင်သတိထားမိလာပြီး သူ့ရဲ့သရုပ်ဆောင်ချက်တွေကို မိန်းကလေးပရိသတ်တွေသာမက လူကြီးတွေရဲ့သဘောကျအားပေးခြင်းခံရသူပါ။ ဖိုက်တင်characterနဲ့သရုပ်ဆောင်ချက်တွေကြောင့် ပိုနှစ်ခြိုက်လက်ခံလာပြီး သရုပ်ဆောင်သစ်တစ်ယောက်အနေနဲ့ မျက်နှာအနေအထား အကြည့်တွေကအစ သိပ်ကိုပီပြင်လွန်းတာကြောင့် အံ့သြချီကျူးခံနေရတာလို့လည်း ဆိုရမှာပါ။

MRTV -(4)မှာ ပြသခဲ့တဲ့ ” ကြယ်ကလေးရဲ့ကောင်းကင်” ဇာတ်လမ်းတွဲ မှာလည်းပါဝင်ထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအပေါ်မှာလည်း လေးလေးစားစားဆက်ဆံလေ့ရှိတဲ့အပြင် သူ့ရဲ့ (၂၆)နှစ်ပြည့်မွေးနေ့လေးကို မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာလေးတစ်ခုရဲ့ မိဘမဲ့ကျောင်းနဲ့စာသင်ကျောင်းတို့မှာ အလှူဒါနလေးပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အင်တာဗျူးမှာလည်းရိုးရိုးသားသားနဲ့ပွင့်ပွင့်လင်းလင်းဖြေကြားတတ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ပိုမိုရရှိစေတာလဲ ဖြစ်ပါတယ်။သုတအောင်ရဲ့ We Love တွေဆီက မကြာမကြာ လက်ဆောင်တွေရရှိကြောင်းကိုလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပြီး ကျေးဇူးတင်ကြောင်း အမြဲပြောတတ်သူလေးလို့ ဆိုရမှာပါ။

သူ့ကိုချစ်တဲ့ ပရိသတ်တွေနဲ့ အဆက်မပြတ်သွားစေဖို့ TikTok လေးတွေ အမြဲဆော့လေ့ရှိသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း “မာယာလှည့်ကွက် ” ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာဖြစ်ပြီး စက်တင်ဘာလ (၂၂)ရက်နေ့မှာ သူ့ကိုချစ်တဲ့ပရိသတ်တွေနဲ့ ဂိမ်းတွေကစားပြီး ပျော်ပျော်ပါးပါးတွေ့ဆုံမယ့်အကြောင်းကို ” ကလေးတွေနဲ့ တနင်္ဂနွေနေ့ကျရင်
ပျော်ပျော်ရွှင်ရွှင် ဂိမ်းလေးတွေဆော့ကြမယ်နော်။ လာမယ့်သူလေးတွေ သောကြာနေ့ညအထိ 094219 ××××ကိုဆက်ပီး စာရင်းပေးနိုင်ပါတယ်ခင်ဗျ ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရှူတင်ကပုံရိပ်လေးတွေနဲ့အတူ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးထဲမှာရော သုတအောင်နဲက သွားရောက်တွေ့ဆုံမယ့်သူတွေရှိလားဆိုတာ
မှတ်ချက်ပေးခဲ့ပါဦးနော်။

Source :Thuta Aung
Photo Credit From : Thuta Aung ‘ Facebook
Shwe Poe – Cele Gabar

error: Content is protected !!