



Soure ; Lin Zarni Zaw
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

“လူမင်းရဲ့ အပတ်စဉ် ဆွမ်းလောင်းအလှူမှာ ဆွမ်းဟင်းပါဝင် လှူဒါန်းခဲ့တဲ့ လင်းဇာနည်ဇော်”

လင်းဇာနည်ဇော်ကတော့ အနုပညာလောကမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားပြီးဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။အခုချိန်ထိ နုပျိုလှပမှုတွေကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာလည်း ချစ်စရာကောင်းလှတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

လင်းဇာနည်ဇော်ရဲ့ သမီးလေးဖြစ်တဲ့ မြူလင်းကိုကိုဟာဆိုရင် ချစ်စရာကောင်းလှတဲ့အပြင် ထူးချွန်ထက်မြတ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။မိဘအပေါ်သိတတ်လိမ္မာပြီး ကိုရီးယားမလေးတွေလို ချစ်စရာကောင်းတဲ့ သမီးလေး မြူလင်းကိုကိုရဲ့ အလှကြောင့် လင်းဇာနည်ဇော်ကို ယောက္ခမကြီးလို့လည်း ယောက်ျားလေးပရိသတ်တွေရဲ့ စနောက်ခေါ်ဝေါ်ခြင်းက်ု ခံနေရပါသေးတယ်။ ဒီနေ့ စက်တင်ဘာလ (၂၀)ရက်နေ့မှာတော့ လင်းဇာနည်ဇော်ဟာ လူမင်းရဲ့ အလှူလေးမှာ ဆွမ်းဟင်းတွေကို ပါဝင်လှူဒါန်းခဲ့ပါတယ်။

လူမင်းဟာဆိုရင် အပတ်စဉ်သောကြာနေ့တိုင်း မပျက်မကွက် မိသားစုစုံစုံလင်လင်နဲ့ သံဃာတော် အရှင်သူမြတ်တွေကို ဆွမ်းထမင်း ဆွမ်းဟင်းတွေ လောင်းလှူပူဇော်နေတာဖြစ်ပြီး ဒီနေ့မှာဆိုရင်တော့ (၁၂)ကြိမ်မြောက် ရှိခဲ့ပြီပဲဖြစ်ပါတယ်။အခုလို (၁၂)ကြိမ်မြောက်ဆွမ်းလောင်းလှူတဲ့နေ့မှာတော့ လင်းဇာနည်ဇော်နဲ့ အမဖြစ်သူ ချစ်ချစ်ဇော်တို့က ကြက်သားအာလူးဟင်းက်ု ပါဝင်လှူဒါန်းခဲ့တာဖြစ်ပြီး အခုလို လှူဒါန်းမှုလေးကို CeleGabar ပရိသတ်ကြီး သာဓုခေါ်လို့ ရအောင်မျှဝေပေးလိုက်ပါတယ်။

Soure ; Lin Zarni Zaw
Photo Credit From Lin Zarni Zaw
Chilli – CeleGabar

error: Content is protected !!