




Source:Dramabeans
Sweet – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

အွန်စောအငယ်လေးလို့လူသိများတဲ့ Moon Geun Young ကိုပြန်လည်မြင်တွေ့ရဦးမယ့် ရုပ်သံဇာတ်လမ်းတွဲအသစ်
Moon Geun Young ကတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ကိုရီးယားမင်းသမီးလေး ပါ။မြန်မာပရိသတ်တွေကတော့ အွန်စောအငယ်လေးလို့သိကြတာများပါတယ်။ သူမကတော့(၂၀၁၅)ခုနှစ်ကထွက်ရှိခဲ့တဲ့ “The Village:Achiara’s Secret” ဇာတ်ကားမှာ လည်းအဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပါသေးတယ်။


ဇာတ်လမ်းတွဲတွေမှာမတွေ့ရတာကြာပြီဖြစ်တဲ့ Moon Geun Young ကို လွမ်းနေတဲ့ပရိသတ်တွေကတော့ မကြာခင်မှာဇာတ်လမ်းတွဲအသစ်မှာတွေ့ရတော့မှာပါ။အဲ့ဒီဇာတ်ကားနာမည်ကတော့ “Catch The Ghost” ဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Moon Geun Young ဟာ သူမရဲ့အမြွှာညီမလေးကိုရှာဖွေချင်တာကစပြီး စုံစမ်းရေးဌာနကရဲတစ်ယောက်ဖြစ်လာခဲ့သူပါ။


တရားမျှတမှုကိုလိုချင်ပြီး စည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းတွေကို လိုက်နာလေ့မရှိတဲ့ ခေါင်းမာတဲ့ရဲမေလေးတစ်ယောက်အဖြစ်မြင်တွေ့ရမှာပါ။ Moon Geun Young ဟာ ဒရမ်မာဇာတ်လမ်းတွေကိုပိုင်နိုင်တဲ့သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့လူကြိုက်များတဲ့မင်းသမီးလေးပါ။အခုဆိုရင် ဇာတ်ကားအသစ်မှာ ထက်မြက်ပြီးခေါင်းမာတဲ့ရဲမေလေးတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်တာကြောင့် စိတ်ဝင်စားစရာပါပဲနော်။Cele Gabar ပရိသတ်ထဲမှာ Moon Geun Young လေးကိုချစ်တဲ့သူတွေရှိလား…။

error: Content is protected !!