မိမိအျမင္ကိုပြင့္ပြင့္လင္းလင္းထုတ္ေျပာခဲ့တာေၾကာင့္ ဂ်ပန္ပရိသတ္ေတြစိတ္ပ်က္ေစမိခဲ့တဲ့ Moon Geun Young

ကိုရီးယားဒရမ္မာဇာတ္လမ္းတြဲေတြဟာ ပရိသတ္ေတြကိုဖမ္းစားႏုိင္တဲ့ ဇာတ္လမ္းေကာင္း ေတြပါပဲ။ဒရမ္မာဇာတ္လမ္းတြဲေတြေၾကာင့္ နာမည္ၾကီးျပီးႏိုင္ငံတကာပရိသတ္ပါရခဲ့တဲ့ ကိုရီးယားမင္းသမီးေလးကေတာ့ Moon Geun Young ျဖစ္ပါတယ္။ျမန္မာပရိသတ္ေတြကေတာ့ အြန္ေစာအငယ္ေလးလို႔သိၾကတာပါ။


Moon Geun Young ဟာ မၾကာေသးခင္က အင္စတာဂရမ္မွာပိုစ့္တစ္ခုတင္ျပီး ဂ်ပန္ပရိသတ္ေတြကို စိတ္ပ်က္ေစမိခဲ့တာျဖစ္ပါတယ္။အဲ့ဒီပိုစ့္မွာေတာ့ Hoodie ေလးတစ္ခုကို၀တ္ဆင္ထားျပီး “မင္းတို႔သိလား? Dokdo Campaign ကို ေထာက္ခံပါတယ္။ Dokdo က ငါတို႔ရဲ႕အပိုင္ေျမပါပဲ” လို႔ေရးထားခဲ့တာပါ။


Dokdo ကေတာ့ ကိုရီးယားႏုိင္ငံနဲ႔ ဂ်ပန္ႏိုင္ငံတုိ႔ၾကားႏွစ္(၃၀၀)ၾကာေအာင္နယ္ေျမအျငင္းပြားေနတဲ့ ေနရာတစ္ခုပါ။ Moon Geun Young ဟာ ဒီကိစၥနဲ႔ပတ္သက္ျပီး အားေပးေထာက္ခံတဲ့အေၾကာင္းေရးသားလိုက္တာေၾကာင့္ ဂ်ပန္ပရိသတ္ေတြက စိတ္ပ်က္လက္ပ်က္နဲ႔ မွတ္ခ်က္မ်ားစြာကိုေပးခဲ့ၾကပါတယ္။ “မင္းရဲ႕ပရိသတ္အျဖစ္ရွိေနခဲ့တာၾကာပါျပီ။ဒီေန႔ကစျပီးအဲဒီလိုမဟုတ္ေတာ့ပါဘူး” “မင္းကိုတကယ္ၾကိဳက္တာပါ။ဒါေပမဲ့အခုေတာ့စိတ္ပ်က္ရျပီ” စသျဖင့္ေရးသားခဲ့ၾကတာပါ။၏
ေတာင္ကိုရီးယားပရိသတ္ေတြကေတာ့ Moon Geun Young ဘက္ကေနျပီးအားေပးေထာက္ခံခဲ့ၾကပါတယ္။
Source:koreaboo
Sweet – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

မိမိအမြင်ကိုပွင့်ပွင့်လင်းလင်းထုတ်ပြောခဲ့တာကြောင့် ဂျပန်ပရိသတ်တွေစိတ်ပျက်စေမိခဲ့တဲ့ Moon Geun Young
ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတွေဟာ ပရိသတ်တွေကိုဖမ်းစားနိုင်တဲ့ ဇာတ်လမ်းကောင်း တွေပါပဲ။ဒရမ်မာဇာတ်လမ်းတွဲတွေကြောင့် နာမည်ကြီးပြီးနိုင်ငံတကာပရိသတ်ပါရခဲ့တဲ့ ကိုရီးယားမင်းသမီးလေးကတော့ Moon Geun Young ဖြစ်ပါတယ်။မြန်မာပရိသတ်တွေကတော့ အွန်စောအငယ်လေးလို့သိကြတာပါ။


Moon Geun Young ဟာ မကြာသေးခင်က အင်စတာဂရမ်မှာပိုစ့်တစ်ခုတင်ပြီး ဂျပန်ပရိသတ်တွေကို စိတ်ပျက်စေမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီပိုစ့်မှာတော့ Hoodie လေးတစ်ခုကိုဝတ်ဆင်ထားပြီး “မင်းတို့သိလား? Dokdo Campaign ကို ထောက်ခံပါတယ်။ Dokdo က ငါတို့ရဲ့အပိုင်မြေပါပဲ” လို့ရေးထားခဲ့တာပါ။


Dokdo ကတော့ ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ကြားနှစ်(၃၀၀)ကြာအောင်နယ်မြေအငြင်းပွားနေတဲ့ နေရာတစ်ခုပါ။ Moon Geun Young ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး အားပေးထောက်ခံတဲ့အကြောင်းရေးသားလိုက်တာကြောင့် ဂျပန်ပရိသတ်တွေက စိတ်ပျက်လက်ပျက်နဲ့ မှတ်ချက်များစွာကိုပေးခဲ့ကြပါတယ်။ “မင်းရဲ့ပရိသတ်အဖြစ်ရှိနေခဲ့တာကြာပါပြီ။ဒီနေ့ကစပြီးအဲဒီလိုမဟုတ်တော့ပါဘူး” “မင်းကိုတကယ်ကြိုက်တာပါ။ဒါပေမဲ့အခုတော့စိတ်ပျက်ရပြီ” စသဖြင့်ရေးသားခဲ့ကြတာပါ။၏
တောင်ကိုရီးယားပရိသတ်တွေကတော့ Moon Geun Young ဘက်ကနေပြီးအားပေးထောက်ခံခဲ့ကြပါတယ်။

error: Content is protected !!