



DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” ကမ္ဘာကျော်မော်ဒယ် Sinon ကို ဝေဖန်ရှုံ့ချလိုက်တာကြောင့် မြန်မာပရိသတ်တွေရဲ့ ဝေဖန်မှုအကြီးအကျယ်ခံနေရတဲ့ ခိုင်သဇင်ငုဝါ ”

လတ်တလောမှာ မြန်မာပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်နေသူလေးကတော့ Cat Walk King လို့တောင်တင်စားခေါ်ဝေါ်ရတဲ့သူ၊(၇)လက်မ ဝန်းကျင်ရှိတဲ့ ဒေါက်ဖိနပ်နဲ့ အလှမယ်၊မော်ဒယ်တွေ ထိုင်ငိုရလောက်အောင် Cat Walk ကို လှပသပ်ရပ်စွာ လျှောက်နိုင်တဲ့သူကတော့ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ပဲဖြစ်ပါတယ်။သူကတော့ ပထမအကြိမ် မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်ကတည်းက မြန်မာနိုင်ငံရဲ့ အောက်ခြေလူတန်းစားတွေကို တတ်နိုင်သလောက် အကူအညီတွေပေးတတ်တဲ့ စိတ်ဓာတ်လေးကြောင့် မြန်မာပရိသတ်တွေက အချစ်ကြီးချစ်နေကြတာပါ။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ နာမည်ရမော်ဒယ်တစ်လက်ဖြစ်တဲ့ ခိုင်သဇင်ငုဝါ ကတော့ ပရိသတ်အချစ်တော် Sinon ကို ” Facebook မှာသာ လုပ်ပြနေတာ အပြင်မှာ ချေမိုးနေတာပဲ။(၂)ခါရယ်ပြတာတောင် ပြန်မရယ်ပြတဲ့အပြင် သူကို အားပေးနေပါတယ်ပြောတာတောင် Thank You တစ်လုံးတောင်ပါးစပ်ကထွက်မလာဘူး။အဲ့ထဲကသူကို အထင်မကြီးတော့တာ”လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားတဲ့ပါတယ်။

မြန်မာနိုင်ငံကပရိသတ်တွေကတော့ Sinon ကအပြင် ခိုင်သဇင်ငုဝါပြောသလို မဟုတ်ကြောင်း အပြင်မျာ နွေးထွေးစွာဆက်ဆံတတ်ကြောင်း ကိုယ်တွေကြုံရတဲ့ပရိသတ်တွေက ရှင်းပြခဲ့ကြပါတယ်။ပရိသတ် တော်တော်များများကတော့ မြန်မာမော်ဒယ်ဖြစ်ပြီး အခုလို မိမိနိုင်ငံကိုလာကာ လိုအပ်တဲ့သူတွေကို ကူညီနေတဲ့ သူတစ်ယောက်ကို မပြောသင့်ကြောင်း ဝေဖန်ခြင်းခံရနေပါတယ်။CeleGabar ပရိသတ်ကြီးရော ခိုင်သဇင်ငုဝါတစ်ယောက် ပြောထားတဲ့အပေါ်မှာ ဘယ်လိုမြင်ကြလဲ။

error: Content is protected !!