Photo – စမိုင်းလ် Smile
Happy – Cele Gabar
(ယူနီကုဒ်ဖြင့်ဖတ်ရန်)
” ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် အလှူငွေတွေအများကြီးထည့်ဝင်ခဲ့တဲ့ စမိုင်းလ် ”
ပြီးပြည့်စုံတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး အမြဲတမ်းအလှူရေစက်လက်နဲ့မကွာ လှူဒါန်းနေတဲ့စမိုင်းလ်တစ်ယောက် ထုံးစံအတိုင်းပဲ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ငွေကျပ် ဆယ်သိန်းလှူဒါန်းလိုက်တာပဲဖြစ်ပါတယ်။ လိုအပ်တဲ့နေရာတိုင်းမှာ လက်မနှေးပဲ အမြဲတမ်းလှူဒါန်းသူလေးမို့ တကယ့်ကိုလေးစားထိုက်သူတစ်ယောက်ပါပဲ။ ကိုယ်တိုင်လဲ ပျော်ပျော်နေတတ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကိုလဲ ပျော်ရွှင်အောင်ဖန်တီးတတ်သူလေးလည်းဖြစ်ပါတယ်။
သူမကိုသိပ်ချစ်ပြီးတန်ဖိုးထားတဲ့ခင်ပွန်းကိုပိုင်ဆိုင်ထားကာ Anniversary နေ့ရက်တိုင်းဖြစ်ဖြစ် မွေးနေ့ရက်မြတ်တိုင်းဖြစ်ဖြစ် အပြန်အလှန် Surprise တွေနဲ့ အများကအားကျရတဲ့ Relationship လေးပါပဲ။ အိမ်ထောင်သက်နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်တဲ့အထိတိုင်အောင် တစ်ယောက်နဲ့တစ်ယောက်က အေးစက်မသွားပဲ မေတ္တာတွေနဲ့ချည်နှောင်ထားကြတဲ့ သူမတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ချစ်မေတ္တာကတော့ အားကျစရာကောင်းလွန်းပါတယ်။
သူမရဲ့ကြည်နူးစရာအလှူလေးကို ” ရုပ်ရှင်အစည်းအရုံးသက်ကြီးပူဇော်ပွဲအတွက်အလှူငွေ (၁၀)သိန်းပါဝင်လှူဒါန်း အမြဲပေးကမ်း နိုင်သူသာဖြစ်ရပါလို၏ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဘုရားတရားလည်းကိုင်းရှိုင်းသလို ကျန်းမာရေးလဲလိုက်စားပြီး လိုအပ် နေတာတွေမှာလည်း အမြဲလိုလိုလှူဒါန်းတတ်တဲ့ စမိုင်းလ်တစ်ယောက် ဒီထက်ပိုပြီး အများကြီးလှူနိုင်ပါစေလို့ ဆုတောင်းပေး လိုက်တယ်နော်။
Photo – စမိုင်းလ် Smile
Happy – Cele Gabar
error: Content is protected !!