“ခင္ဝင့္ဝါ ေမြးေန႔ကို ကိုယ္တိုင္သြားေရာက္ကာ ဦးဦးဖ်ားဖ်ား အႀကိဳ Suprise လုပ္ခဲ့တဲ့ ဟန္ေနတာ”

ဟန္ေနတာကေတာ့ “မိုးမခအိပ္မက္ ခရမ္းျပာ” သီခ်င္းနဲ႔ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည့္ အဝရရွိခဲ့တဲ့ လူငယ္အဆိုေတာ္ အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ Eternal Gosh ရဲ႕ အဖြဲ႕ဝင္တစ္ဦးပဲျဖစ္ပါတယ္။ဒီ “မိုးမခအိပ္မက္ ခရမ္းျပာ”သီခ်င္းေလးထဲမွာေတာ့ ေအာင္ျမင္တဲ့အဆိုေတာ္တစ္ေယာက္ျဖစ္ခ်င္ခဲ့တဲ့ သူ႔ရဲ႕အိပ္မက္ကို အေကာင္အထည္ေဖာ္ဖို႔အတြက္ ေပးဆပ္ခဲ့ရမႈေတြနဲ႔ ႀကိဳးစားခဲ့ရမႈေတြကို ေရးစပ္ထားတာျဖစ္ၿပီး ပရိသတ္ေတြရင္ကို ခံစားခ်က္ေတြအျပည့္အဝေပးႏိုင္ခဲ့တဲ့ သီခ်င္းတစ္ပုဒ္လည္းျဖစ္ခဲ့ပါတယ္။

မၾကာေသးမီအခ်ိန္ကေတာ့ ဟန္ေနတာ ပါဝင္တဲ့ Eternal Gosh Boy Bandအဖြဲ႕ေလးဟာ အခက္အခဲေတြၾကားထဲက ေအာင္ျမင္မႈတစ္ခုလို႔ေျပာရေလာက္တဲ့ အခြင့္အေရးေလးကို ရရွိခဲ့ပါတယ္။ဒီအခြင့္အေရးေလးကေတာ့ MRTV-4မွာ ထုတ္လြင့္ျပသခဲ့တဲ့ FG Live Lounge မွာ IDIOTS နဲ႔ အတူပါဝင္ေဖ်ာ္ေျဖခြင့္ရရွိခဲ့တာပဲျဖစ္ပါတယ္။ဒီပြဲႀကီးမွာ ဟန္ေနတာနဲ႔ သီဆိုမႈနဲ႔ သူ႔ရဲ႕ ဆံပင္ပုံစံအဆန္းေလးေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြက သည္းသည္းလႈပ္အားေပးခ်စ္ခင္ခဲ့ၾကၿပီး Facebookေပၚမွာ ဟိုးေလးတေက်ာ္ေက်ာ္ျဖစ္ခဲ့တဲ့အျပင္ နာမည္ေက်ာ္အႏုပညာရွင္ေတြျဖစ္တဲ့ ခင္ဝင့္ဝါ၊ အိမ္ခ်စ္တို႕နဲ႕ အျခားနာမည္ၾကီးအနုပညာရွင္ေတြကပါ ဝန္းရံခဲ့တဲ့ အထိေအာင္ျမင္မႈရရွိခဲ့ပါေသးတယ္။

လူငယ္မိန္းကေလးပရိသတ္ေတြ အားေပးမႈကို အျပည့္အဝရရွိထားတဲ့ ဟန္ေနတာက လတ္တေလာမွာေတာ့ သူ႔ကို အျပည့္အဝ ဝန္းရံေပးခဲ့တဲ့ ျမန္မာႏိုင္ငံ ပုရိသေတြရဲ႕ အားေပးဝန္းရံမႈကို အျပည့္အဝရရွိထားတဲ့ ခင္ဝင့္ဝါရဲ႕ ေမြးေန႔ အတြက္ အႀကိဳလက္ေဆာင္အေနနဲ႔ ေမြးေန႔ ကိတ္လွလွေလးနဲ႔အတူ ခင္ဝင့္ဝါရဲ႕ ပုံတူပန္းခ်ီကားေလးတစ္ခ်ပ္ကိုပါ Surpriseလုပ္ၿပီး လက္ေဆာင္အေနနဲ႔ေပးအပ္ခဲ့တာပဲျဖစ္ပါတယ္။ဒီလိုေပးအပ္လိုက္တာေၾကာင့္ ဟန္ေနတာကို အားေပးတဲ့ မိန္းကေလးပရိသတ္ေတြက အသည္းကြဲရေတာ့မွာလားလို႔ ေဝဖန္မွတ္ခ်က္ေပးတာေတြကိုလည္း ခံေနရပါတယ္။တကယ္ပဲအသည္းကြဲရေတာ့မွာလား ဟန္ေနတာရယ္….

Soure ; Nyar Na
Photo Credit From Nyar Na
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“ခင်ဝင့်ဝါါ မွေးနေ့ကို ကိုယ်တိုင်သွားရောက်ကာ ဦးဦးဖျားဖျား အကြို Suprise လုပ်ခဲ့တဲ့ ဟန်နေတာ”

ဟန်နေတာကတော့ “မိုးမခအိပ်မက် ခရမ်းပြာ” သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့် အဝရရှိခဲ့တဲ့ လူငယ်အဆိုတော် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Eternal Gosh ရဲ့ အဖွဲ့ဝင်တစ်ဦးပဲဖြစ်ပါတယ်။ဒီ “မိုးမခအိပ်မက် ခရမ်းပြာ”သီချင်းလေးထဲမှာတော့ အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ပေးဆပ်ခဲ့ရမှုတွေနဲ့ ကြိုးစားခဲ့ရမှုတွေကို ရေးစပ်ထားတာဖြစ်ပြီး ပရိသတ်တွေရင်ကို ခံစားချက်တွေအပြည့်အဝပေးနိုင်ခဲ့တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ခဲ့ပါတယ်။

မကြာသေးမီအချိန်ကတော့ ဟန်နေတာ ပါဝင်တဲ့ Eternal Gosh Boy Bandအဖွဲ့လေးဟာ အခက်အခဲတွေကြားထဲက အောင်မြင်မှုတစ်ခုလို့ပြောရလောက်တဲ့ အခွင့်အရေးလေးကို ရရှိခဲ့ပါတယ်။ဒီအခွင့်အရေးလေးကတော့ MRTV-4မှာ ထုတ်လွင့်ပြသခဲ့တဲ့ FG Live Lounge မှာ IDIOTS နဲ့ အတူပါဝင်ဖျော်ဖြေခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲကြီးမှာ ဟန်နေတာနဲ့ သီဆိုမှုနဲ့ သူ့ရဲ့ ဆံပင်ပုံစံအဆန်းလေးကြောင့် နှုတ်ခမ်းနီမလေးတွေက သည်းသည်းလှုပ်အားပေးချစ်ခင်ခဲ့ကြပြီး Facebookပေါ်မှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့အပြင် နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ ခင်ဝင့်ဝါ၊ အိမ်ချစ်တို့နဲ့ အခြားနာမည်ကြီးအနုပညာရှင်တွေကပါ ဝန်းရံခဲ့တဲ့ အထိအောင်မြင်မှုရရှိခဲ့ပါသေးတယ်။

လူငယ်မိန်းကလေးပရိသတ်တွေ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ဟန်နေတာက လတ်တလောမှာတော့ သူ့ကို အပြည့်အဝ ဝန်းရံပေးခဲ့တဲ့ မြန်မာနိုင်ငံ ပုရိသတွေရဲ့ အားပေးဝန်းရံမှုကို အပြည့်အဝရရှိထားတဲ့ ခင်ဝင့်ဝါရဲ့ မွေးနေ့ အတွက် အကြိုလက်ဆောင်အနေနဲ့ မွေးနေ့ ကိတ်လှလှလေးနဲ့အတူ ခင်ဝင့်ဝါရဲ့ ပုံတူပန်းချီကားလေးတစ်ချပ်ကိုပါ Surpriseလုပ်ပြီး လက်ဆောင်အနေနဲ့ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုပေးအပ်လိုက်တာကြောင့် ဟန်နေတာကို အားပေးတဲ့ မိန်းကလေးပရိသတ်တွေက အသည်းကွဲရတော့မှာလားလို့ ဝေဖန်မှတ်ချက်ပေးတာတွေကိုလည်း ခံနေရပါတယ်။တကယ်ပဲအသည်းကွဲရတော့မှာလား ဟန်နေတာရယ်….

Soure ; Nyar Na
Photo Credit From Nyar Na
Chilli – CeleGabar

error: Content is protected !!