“ခ်စ္သူကိုယ္တိုင္ေရးေပးတဲ့ “ႏြားေက်ာင္းသူ”သီခ်င္းသစ္ေလးထြက္ဖို႔ ျပင္ဆင္ေနတဲ့ ဝိုင္းစုခိုင္သိန္း”

အသည္းကြဲသီခ်င္းေလးေတြကို ပရိသတ္ရင္ထဲအေရာက္ပို႔ႏိုင္သူတစ္ေယာက္ျဖစ္တဲ့ ဝိုင္းစုခိုင္သိန္းကေတာ့ ပရိသတ္အားေပးမႈကို အခိုင္အမာရရွိထားတဲ့ အဆိုေတာ္တစ္ေယာက္ပါ။ “မက္လာက္စရာ”၊”အာဘြား”၊ “ခါခ်ေနရတယ္”၊”ဂါ”၊” မယ္သီတာ” ဆိုတဲ့ ေတးစီးရီးအယ္ဘမ္ေတြကို ထြက္ရွိေအာင္ျမင္ထားတာျဖစ္ပါတယ္။ ဝိုင္းစုခိုင္သိန္းရဲ႕ ထြက္သမွ်သီခ်င္းတိုင္းကလည္း ပရိသတ္ေတြအတြက္ ခံစားခ်က္အျပည့္အဝကို ေပးႏိုင္တာေၾကာင့္ မိန္းကေလးပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ ဝန္းရံမႈကို အခိုင္အမာရရွိထားသူတစ္ေယာက္ပါ။

အလြမ္းအေဆြးသီခ်င္းေလးေတြနဲ႔ ပရိသတ္ရင္ကို တိုးဝင္လာသူတစ္ေယာက္ျဖစ္တဲ့ ဝိုင္းစုခိုင္သိန္းကေတာ့ အဆိုပိုင္းမွာသာမက သ႐ုပ္ေဆာင္ပိုင္းမွာလည္း ပီျပင္ၿပီး ေအာင္ျမင္ေနတဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ လတ္တေလာမွာလည္း ဝိုင္းစုခိုင္သိန္းဟာ ခ်စ္သူေအာင္လရဲ႕ သီခ်င္းေတြမွာလည္း အဓိသ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ေနရံုသာမက သူမရဲ႕ သီခ်င္းေခြအသစ္ေလးထြက္ရွိဖို႔လည္း ျပင္ဆင္မႈေတြျပဳလုပ္ေနတာျဖစ္ပါတယ္။ အဆိုပါသီခ်င္းအေခြေလးကေတာ့ “ႏြားေက်ာင္းသူ”ဆိုတဲ့ အေခြေလးပဲျဖစ္ပါတယ္။

“ႏြားေက်ာင္းသူ”ဆိုတဲ့သီခ်င္းေလးကိုေတာ့ အဆန္းျဖစ္သြားေစမယ့္ စာသားေလးေတြနဲ႔အတူ ခ်စ္သူေအာင္လကိုယ္တိုင္က ေရးသားေပးထားတာျဖစ္ၿပီး ဒီသီခ်င္းေခြနဲ႔ ပတ္သက္ၿပီး လႈပ္ရွားမႈေတြကို ျပဳလုပ္ေနၿပီလို႔ ေျပာျပခဲ့ပါတယ္။ဒါေပမယ့္ ဘာေတြႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေနလည္းဆိုတာကိုေတာ့ “လ်ိဳ႕ဝွက္ထားအုံးမယ္ေနာ္” လို႔ ဝိုင္းစုခိုင္သိန္းက သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ မၾကာခင္မွာေတာ့ ဝိုင္းစုခိုင္သိန္းက “ႏြားေက်ာင္းသူ”ဆိုတဲ့ သီခ်င္းအေခြေလးကို ပရိသတ္ေတြလက္ထဲထည့္ေပးေတာ့ မယ္ေနာ္…..။


Source: Wyne Su Khaing Thein
ခ်စ္သဲေမ @CeleGabar
Phot0 credit from Wyne Su Khaing Thein” s Facebook

ယူနီကုတ္ျဖင့္ဖတ္ရန္

“ချစ်သူကိုယ်တိုင်ရေးပေးတဲ့ “နွားကျောင်းသူ”သီချင်းသစ်လေးထွက်ဖို့ ပြင်ဆင်နေတဲ့ ဝိုင်းစုခိုင်သိန်း”

အသည်းကွဲသီချင်းလေးတွေကို ပရိသတ်ရင်ထဲအရောက်ပို့နိုင်သူတစ်ယောက်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကတော့ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်ပါ။ “မက်လာက်စရာ”၊”အာဘွား”၊ “ခါချနေရတယ်”၊”ဂါ”၊” မယ်သီတာ” ဆိုတဲ့ တေးစီးရီးအယ်ဘမ်တွေကို ထွက်ရှိအောင်မြင်ထားတာဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းရဲ့ ထွက်သမျှသီချင်းတိုင်းကလည်း ပရိသတ်တွေအတွက် ခံစားချက်အပြည့်အဝကို ပေးနိုင်တာကြောင့် မိန်းကလေးပရိသတ်တော်တော်များများရဲ့ ဝန်းရံမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပါ။

အလွမ်းအဆွေးသီချင်းလေးတွေနဲ့ ပရိသတ်ရင်ကို တိုးဝင်လာသူတစ်ယောက်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကတော့ အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်ပြီး အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ လတ်တလောမှာလည်း ဝိုင်းစုခိုင်သိန်းဟာ ချစ်သူအောင်လရဲ့ သီချင်းတွေမှာလည်း အဓိသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်နေရုံသာမက သူမရဲ့ သီချင်းခွေအသစ်လေးထွက်ရှိဖို့လည်း ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ အဆိုပါသီချင်းအခွေလေးကတော့ “နွားကျောင်းသူ”ဆိုတဲ့ အခွေလေးပဲဖြစ်ပါတယ်။

“နွားကျောင်းသူ”ဆိုတဲ့သီချင်းလေးကိုတော့ အဆန်းဖြစ်သွားစေမယ့် စာသားလေးတွေနဲ့အတူ ချစ်သူအောင်လကိုယ်တိုင်က ရေးသားပေးထားတာဖြစ်ပြီး ဒီသီချင်းခွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေကို ပြုလုပ်နေပြီလို့ ပြောပြခဲ့ပါတယ်။ဒါပေမယ့် ဘာတွေကြိုတင်ပြင်ဆင်မှုတွေ လုပ်နေလည်းဆိုတာကိုတော့ “လျို့ဝှက်ထားအုံးမယ်နော်” လို့ ဝိုင်းစုခိုင်သိန်းက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မကြာခင်မှာတော့ ဝိုင်းစုခိုင်သိန်းက “နွားကျောင်းသူ”ဆိုတဲ့ သီချင်းအခွေလေးကို ပရိသတ်တွေလက်ထဲထည့်ပေးတော့ မယ်နော်…..။
Source: Wyne Su Khaing Thein
ချစ်သဲမေ @CeleGabar
Phot0 credit from Wyne Su Khaing Thein” s Facebook

error: Content is protected !!