” ခ်စ္စရာေကာင္မေလး(၄)ေယာက္နဲ႔ ဖြဲ႕စည္းထားတဲ့ ” BPML ” အဖြဲ႕ရဲ႕ သီခ်င္းသစ္ေလး “

အႏုပညာဝါသနာပါၿပီး ႀကိဳးစားတဲ့ လူငယ္ေတြကို ေျမေတာင္ေျမာက္ေပးေလ့ရွိတဲ့ အဆိုေတာ္ယုန္ေလးကေတာ့ အႏုပညာေလာကမွာ စတင္ပရိသတ္ေတြရဲ႕ သတိထား အားေပးမႈရလာၾကတဲ့ ခ်စ္စရာ ေကာင္မေလး(၄)ေယာက္ကို ” BPML ” ဆိုတဲ့ အဖြဲ႕ေလးကို စတင္ထူေထာင္ေပးခဲ့ပါေသးတယ္။ထိုအဖြဲ႕မွာေတာ့ BwarBwar ၊ ၿဖိဳးသက္ထား ၊ ေနာ္မာသထူးဝါး ၊ လဖိုင္နန္ေရာ္ ဆိုတဲ့ ခ်စ္စရာေကာင္မေလး (၄)ေယာက္နဲ႔ ဖြဲ႕စည္းထားၿပီး သူတို႔ကေတာ့ ကိုယ္ပိုင္စြမ္းရည္အသီးအသီးနဲ႔ ပရိသတ္ေတြလက္ခံအားေပးမႈကို ရရွိထားၾကသူေတြလည္းျဖစ္ပါတယ္။

BwarBwar ကေတာ့ ကိုရီးယားသီခ်င္းေတာ္ေတာ္မ်ားမ်ားကို အမိုက္စားကကြက္ေတြနဲ႔ Cover Dance ကၿပီး လူမႈကြန္ရက္မွာ တင္ရင္းက ပရိသတ္ရဲ႕ အားေပးမႈကို ရရွိခဲ့ပါတယ္။ ၿဖိဳးသက္ထား ကေတာ့ အသံခ်ိဳခ်ိဳေအးေအးေလးနဲ႔ Cover Song ေလးေတြဆိုရင္း ပရိသတ္အားေပးမႈကို စတင္ရရွိခဲ့တာျဖစ္ျပီး ယခုဆိုရင္ေတာ့ ကိုယ္ပိုင္ သီခ်င္းေတြကိုပါ သီဆိုေနပါတယ္။ေနာ္မာသထူးဝါးကေတာ့ “အိမ္ေလးတစ္လုံးလိုခ်င္တယ္”သီခ်င္းေလးနဲ႔ ျမန္မာႏိုင္ငံမွာသာမက ကိုရီးယားႏိုင္ငံမွာ ပါေအာင္ျမင္မႈရရွိထားသူလည္းျဖစ္ပါတယ္။လဖိုင္နန္းေရာ္ ကေတာ့ အိပ္မက္ဆုံရာ(ရာသက္ပန္) Season-3 ပြဲႀကီးမွာ First Runner up ရရွိခဲ့ၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈအခိုင္အမာရရွိထားတဲ့ အဆိုေတာ္မေလးလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အဆိုေတာ္ယုန္ေလး ကိုယ္တိုင္ေရးသားထားတဲ့ ” BPML ” အဖြဲ႕ရဲ႕ “ ဘယ္သူမွ မခ်စ္ရပါကြာ “သီခ်င္း MTV ဆိုရင္ထြက္ရွိလာခဲ့ပါတယ္။ ထို ဗီဒီယိုထဲမွာေတာ့ ပရိသတ္အခ်စ္ေတာ္ မင္းသမီးေခ်ာေလး ခင္ဝင့္ဝါ က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ခ်စ္စရာေကာင္မေလး(၄)ေယာက္ရဲ႕ သီခ်င္းသစ္ ေလးကေတာ့ ထြက္ရွိၿပီး နာရီပိုင္းအတြင္း ၾကည့္ရႈသူသိန္းခ်ီသြားၿပီလည္း ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရ အရည္အခ်င္းျပည့္ဝၿပီး ႀကိဳးစားခ်င္စိတ္အျပည့္ရွိတဲ့ ” BPML ” အဖြဲ႕ေလးကို အားေပးၾကမွာလား။

Source: BPML
Photo Credit From BPML
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ချစ်စရာကောင်မလေး(၄)ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ” BPML ” အဖွဲ့ရဲ့ သီချင်းသစ်လေး ”

အနုပညာဝါသနာပါပြီး ကြိုးစားတဲ့ လူငယ်တွေကို မြေတောင်မြောက်ပေးလေ့ရှိတဲ့ အဆိုတော်ယုန်လေးကတော့ အနုပညာလောကမှာ စတင်ပရိသတ်တွေရဲ့ သတိထား အားပေးမှုရလာကြတဲ့ ချစ်စရာ ကောင်မလေး(၄)ယောက်ကို ” BPML ” ဆိုတဲ့ အဖွဲ့လေးကို စတင်ထူထောင်ပေးခဲ့ပါသေးတယ်။ထိုအဖွဲ့မှာတော့ BwarBwar ၊ ဖြိုးသက်ထား ၊ နော်မာသထူးဝါး ၊ လဖိုင်နန်ရော် ဆိုတဲ့ ချစ်စရာကောင်မလေး (၄)ယောက်နဲ့ ဖွဲ့စည်းထားပြီး သူတို့ကတော့ ကိုယ်ပိုင်စွမ်းရည်အသီးအသီးနဲ့ ပရိသတ်တွေလက်ခံအားပေးမှုကို ရရှိထားကြသူတွေလည်းဖြစ်ပါတယ်။

BwarBwar ကတော့ ကိုရီးယားသီချင်းတော်တော်များများကို အမိုက်စားကကွက်တွေနဲ့ Cover Dance ကပြီး လူမှုကွန်ရက်မှာ တင်ရင်းက ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ ဖြိုးသက်ထား ကတော့ အသံချိုချိုအေးအေးလေးနဲ့ Cover Song လေးတွေဆိုရင်း ပရိသတ်အားပေးမှုကို စတင်ရရှိခဲ့တာဖြစ်ပြီး ယခုဆိုရင်တော့ ကိုယ်ပိုင် သီချင်းတွေကိုပါ သီဆိုနေပါတယ်။နော်မာသထူးဝါးကတော့ “အိမ်လေးတစ်လုံးလိုချင်တယ်”သီချင်းလေးနဲ့ မြန်မာနိုင်ငံမှာသာမက ကိုရီးယားနိုင်ငံမှာ ပါအောင်မြင်မှုရရှိထားသူလည်းဖြစ်ပါတယ်။လဖိုင်နန်းရော် ကတော့ အိပ်မက်ဆုံရာ(ရာသက်ပန်) Season-3 ပွဲကြီးမှာ First Runner up ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ အဆိုတော်မလေးလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိုတော်ယုန်လေး ကိုယ်တိုင်ရေးသားထားတဲ့ ” BPML ” အဖွဲ့ရဲ့ “ ဘယ်သူမှ မချစ်ရပါကွာ “သီချင်း MTV ဆိုရင်ထွက်ရှိလာခဲ့ပါတယ်။ ထို ဗီဒီယိုထဲမှာတော့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ခင်ဝင့်ဝါ က ပါဝင်သရုပ်ဆောင်ထားပါတယ်။ချစ်စရာကောင်မလေး(၄)ယောက်ရဲ့ သီချင်းသစ် လေးကတော့ ထွက်ရှိပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူသိန်းချီသွားပြီလည်း ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ အရည်အချင်းပြည့်ဝပြီး ကြိုးစားချင်စိတ်အပြည့်ရှိတဲ့ ” BPML ” အဖွဲ့လေးကို အားပေးကြမှာလား။

error: Content is protected !!