“ခ်စ္သူစံုတြဲအစစ္ေတြပဲ Romantic ဆန္ဆန္ပါ၀င္သရုပ္ေဆာင္ထားတဲ့ ေအာင္လရဲ႕ Music Video ေလး”

လူငယ္ေတြကို ခံစားခ်က္အျပည့္အ၀ေပးနိုင္တဲ့ သီခ်င္းေတြနဲ႕ ဖမ္းစားထားနိုင္သူတစ္ေယာက္ျဖစ္တဲ့ ေအာင္လကေတာ့ အနုပညာေလာကမွာ ေအာင္ျမင္မႈအျပည့္အ၀ရရွိထားတဲ့ အဆိုေတာ္တစ္ေယာက္ပါ။ကိုယ္ပိုင္ခံစားခ်က္အျပည့္နဲ႕ သီခ်င္းေတြကို ေရးသားျပီး ကိုယ္တိုင္သီဆိုေလ့ရွိသူတစ္ေယာက္ျဖစ္သလို ခ်စ္သူျဖစ္သူ ၀ိုင္းစုခိုင္္သိန္းအတြက္လည္း ပရိသတ္ရင္ကို ထိေစမယ့္ သီခ်င္းေတြကို ေရးေပးေလ့ရွိသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ၀ိုင္းစုခိုင္သိန္းရဲ႕ မၾကာခင္ထြက္ရွိေတာ့မယ့္ “ႏြားေက်ာင္းသူ”ဆိုတဲ့ သီခ်င္းအေခြေလးမွာလည္း ေအာင္လက “ႏြားေက်ာင္းသူ”ဆိုတဲ့ သီခ်င္းေလးကို ခံစားခ်က္အျပည့္နဲ႕ ေရးေပးထားတာျဖစ္ပါတယ္။

ဒီသီခ်င္းေလးထဲမွာေတာ့ ေအာင္လက အဆန္းျဖစ္သြားေစမယ့္ စာသားေလးေတြနဲ႔အတူ ထည့္ျပီး ေရးစပ္ေပးထားတာမို႕ မၾကာခင္မွာေတာ့ ဝိုင္းစုခိုင္သိန္းက ပရိသတ္ေတြလက္ထဲထည့္ေပးနိုင္ေအာင္ “ႏြားေက်ာင္းသူ”အေခြေလးကို ႀကိဳတင္ျပင္ဆင္မႈေတြျပဳလုပ္ေနတယ္လို႕ သိရပါတယ္။ ေအာင္လတို႕ ခ်စ္သူနွစ္ဦးကေတာ့ ေရွ႕သြားေနာက္လိုက္ညီညီနဲ႕ ပရိသတ္ေတြအတြက္ သီခ်င္းေတြကို ဖန္တီးေပးေနတာျဖစ္ျပီး လတ္တေလာမွာလည္း ေအာင္လရဲ႕ “အသုံးေတာ္ခံ”အေခြထဲက “လိုတရ”ဆိုတဲ့ သီခ်င္း Music Video ေလးမွာ ၀ိုင္းစုခိုင္သိန္းက ေအာင္လနဲ႕အတူ အဓိသရုပ္ေဆာင္တစ္ေယာက္အေနနဲ႕ ပါ၀င္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။

အဆိုပါ Music Video ေလးကိုေတာ့ ေအာင္လတို႔ ခ်စ္သူနွစ္ေယာက္နဲ႕အတူ အျပင္က တကယ့္စုံတြဲ အစစ္ေတြနဲ႕ ပါဝင္ပုံေဖာ္ ႐ိုက္ကူးထားတာျဖစ္တယ္လို႔ သိရပါတယ္။ ဒီသီခ်င္းေလးမွာေတာ့ ေအာင္လွနဲ႔ ဝိုင္းစုခိုင္သိန္းတို႔ ခ်စ္သူနွစ္ဦးရဲ႕ အတြဲညီညီေလးနဲ႔ သ႐ုပ္ေဆာင္ထားတာကို ျမင္ေတြ႕ရမွာျဖစ္သလို ပရိသတ္ေတြ အရမ္းအားက်ရတဲ့ ေမဦးတို႕စံုတြဲေလးရဲ႕ (ရို)Ro ေနတဲ့ ပံုရိပ္ေလးေတြကိုလည္း ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ တကယ့္စံုတြဲအစစ္ေလးေတြနဲ႕ ပါ၀င္ရိုက္ကူးထားတဲ့ ေအာင္လရဲ႕ Music Videoေလးကို စိတ္၀င္တစားနဲ႕ ေစာင့္ေမွ်ာ္အားေပးၾကမယ္မဟုတ္လား…….။


Source: Wyne Su Khaing Thein
ခ်စ္သဲေမ @CeleGabar
Photo credit from Reodineius Aung La” s Facebook

ယူနီကုတ္ျဖင့္ဖတ္ရန္

“ချစ်သူစုံတွဲအစစ်တွေပဲ Romantic ဆန်ဆန်ပါဝင်သရုပ်ဆောင်ထားတဲ့ အောင်လရဲ့ Music Video လေး”

လူငယ်တွေကို ခံစားချက်အပြည့်အဝပေးနိုင်တဲ့ သီချင်းတွေနဲ့ ဖမ်းစားထားနိုင်သူတစ်ယောက်ဖြစ်တဲ့ အောင်လကတော့ အနုပညာလောကမှာ အောင်မြင်မှုအပြည့်အဝရရှိထားတဲ့ အဆိုတော်တစ်ယောက်ပါ။ကိုယ်ပိုင်ခံစားချက်အပြည့်နဲ့ သီချင်းတွေကို ရေးသားပြီး ကိုယ်တိုင်သီဆိုလေ့ရှိသူတစ်ယောက်ဖြစ်သလို ချစ်သူဖြစ်သူ ဝိုင်းစုခိုင်သိန်းအတွက်လည်း ပရိသတ်ရင်ကို ထိစေမယ့် သီချင်းတွေကို ရေးပေးလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းရဲ့ မကြာခင်ထွက်ရှိတော့မယ့် “နွားကျောင်းသူ”ဆိုတဲ့ သီချင်းအခွေလေးမှာလည်း အောင်လက “နွားကျောင်းသူ”ဆိုတဲ့ သီချင်းလေးကို ခံစားချက်အပြည့်နဲ့ ရေးပေးထားတာဖြစ်ပါတယ်။

ဒီသီချင်းလေးထဲမှာတော့ အောင်လက အဆန်းဖြစ်သွားစေမယ့် စာသားလေးတွေနဲ့အတူ ထည့်ပြီး ရေးစပ်ပေးထားတာမို့ မကြာခင်မှာတော့ ဝိုင်းစုခိုင်သိန်းက ပရိသတ်တွေလက်ထဲထည့်ပေးနိုင်အောင် “နွားကျောင်းသူ”အခွေလေးကို ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ အောင်လတို့ ချစ်သူနှစ်ဦးကတော့ ရှေ့သွားနောက်လိုက်ညီညီနဲ့ ပရိသတ်တွေအတွက် သီချင်းတွေကို ဖန်တီးပေးနေတာဖြစ်ပြီး လတ်တလောမှာလည်း အောင်လရဲ့ “အသုံးတော်ခံ”အခွေထဲက “လိုတရ”ဆိုတဲ့ သီချင်း Music Video လေးမှာ ဝိုင်းစုခိုင်သိန်းက အောင်လနဲ့အတူ အဓိသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

အဆိုပါ Music Video လေးကိုတော့ အောင်လတို့ ချစ်သူနှစ်ယောက်နဲ့အတူ အပြင်က တကယ့်စုံတွဲ အစစ်တွေနဲ့ ပါဝင်ပုံဖော် ရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီသီချင်းလေးမှာတော့ အောင်လှနဲ့ ဝိုင်းစုခိုင်သိန်းတို့ ချစ်သူနှစ်ဦးရဲ့ အတွဲညီညီလေးနဲ့ သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာဖြစ်သလို ပရိသတ်တွေ အရမ်းအားကျရတဲ့ မေဦးတို့စုံတွဲလေးရဲ့ (ရို)Ro နေတဲ့ ပုံရိပ်လေးတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ တကယ့်စုံတွဲအစစ်လေးတွေနဲ့ ပါဝင်ရိုက်ကူးထားတဲ့ အောင်လရဲ့ Music Videoလေးကို စိတ်ဝင်တစားနဲ့ စောင့်မျှော်အားပေးကြမယ်မဟုတ်လား…….။
Source: Wyne Su Khaing Thein
ချစ်သဲမေ @CeleGabar
Photo credit from Reodineius Aung La” s Facebook

error: Content is protected !!