” စာရေးဆရာမကြီး ဂျူးရဲ့မွေးနေ့မှာ အိမ်အထိကိုယ်တိုင်သွားရောက် လက်ဆောင်ပေးခဲ့တဲ့ ဒေါင်း “

စာရေးဆရာမကြီး ဂျူးကတော့ စာပေလောကမှာ အရောင်းရဆုံး စာရင်းဝင်စာအုပ်တွေကို ရေးသားထုတ်ဝေတဲ့အမျိုးသမီး စာရေးဆရာမတစ်ဦးဖြစ်ပြီး အမျိုးသမီးတွေဘက်မှာ ရပ်တည်တဲ့ စာတွေရေးသားတဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်လာရသူလည်းဖြစ်ပါတယ်။စာပေလောကမှာ ထူးချွန်ရုံသာမက ပညာရေးဘက်မှာလည်း မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရခဲ့ပါတယ်။ဆရာမရဲ့ ပထမဦးဆုံး ပုံနှိပ် ဖော်ပြ ခံရသော စာမူကတော့ ဆေးကျောင်းသူဘဝမှာရေးသားခဲ့တဲ့ “ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့” ဝတ္ထုတို ဖြစ်ပြီး ထိုအချိန်မှစ၍ စာပေလောကထဲကို ဝင်ရောက်ခဲ့ပါတယ်။


ဆရာမရေးသားခဲ့တဲ့ ဝတ္ထုများထဲမှ ” ကြာတော့သည်လည်း မောင့်စကား၊ ကြေမွသွားသော တိမ်တိုက်များ အကြောင်း၊ ပင်လယ်နှင့်တူသော မိန်းမများ၊ မရှိမဖြစ်မိုး၊ မြစ်တို့၏ မာယာ ” စတဲ့ ဝတ္ထုတွေကလည်း ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းရိုက်ကူးခဲ့တဲ့ အထိအောင်မြင်မှုရရှိခဲ့တဲ့ ဝတ္ထုတွေပဲဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားများထဲမှ “မြစ်တို့၏ မာယာ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင်၊ မေသန်းနု၊ ရဲအောင်၊ ရန်အောင် တို့က ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထိုရုပ်ရှင်ဇာတ်ကားကြီးနဲ့သရုပ်ဆောင်မင်းသာကြီး ရဲအောင်ကတော့ ပထမဦးဆုံး အကယ်ဒမီကို ရရှိခဲ့ပါတယ်။


စာပေချစ်ပရိသတ်တွေကတော့ ဆရာမရဲ့ ဝတ္ထုတော်တော်များများကို နှစ်ခြိုက်အားပေးသလို ဆရာမရဲ့ အမာခံပရိသတ်ကတော့ အမျိုးသမီးထုကြီးဆိုတာ ငြင်းဖွယ်ရာမရှိတဲ့ ကိစ္စတစ်ခုပါပဲ။စက်တင်ဘာလ (၂၀)ရက်နေ့ကတော့ ဆရာမဂျူး ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ဆရာမဂျူးကို ချစ်သူခင်သူ လေစားရသူတွေကလက်ဆောင်အဖြစ်ပေးတဲ့ ပန်းစည်တွေကို ကုသိုလ်အတူတကွရစေဖို့ဘုရားတင်လိုက်ပါတယ်လို့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။ CeleGabar ပရိသတ်ကြီးရေ ဆရာမဂျူးမွေးနေ့ကိုတော့ ပရိသတ်အချစ်တော် မင်းသားချော ဒေါင်းကလည်း အိမ်အထိကိုယ်တိုင်သွားရောက်ပြီး ပန်းစည်းလက်ဆောင်ပေးခဲ့ပါသေးတယ်။


Source: Tin Tin Win
Photo Credit From Tin Tin Win’s Faecbook
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

x