“မၾကာခင္ရံုတင္ေတာ့မယ့္ လူစိတ္ဝင္စားမႈအမ်ားဆံုး ႐ုပ္ရွင္ကားမ်ား”

ရုပ္ရွင္ခ်စ္ပရိသတ္ေတြၾကည္႕ရွဳလို႕ရေအာင္ မၾကာခင္ရံုတင္ျပသမယ့္ ရုပ္ရွင္ဇာတ္ကားေကာင္းၾကီးေတြထဲက တခ်ိဳ႕ေသာရုပ္ရွင္ဇာတ္ကားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) စပြန္ဆာ
ပထမဆံုးအေနနဲ႔ ေဖာ္ျပေပးျခင္တာကေတာ့ “စပြန္ဆာ”ရုပ္ရွင္ဇာတ္ကားၾကီးပဲျဖစ္ပါတယ္။ဒီရုပ္ရွင္ဇာတ္ကားၾကီးကိုေတာ့ ဒါရိုက္တာ ေအာင္ေဇာ္လင္းက ရိုက္ကူးပံုေဖာ္ကာ နယူဖိုးဝရုပ္ရွင္ ထုတ္လုပ္ေရးက ထုတ္လုပ္ျပီး ထိပ္တန္း ဒိတ္ဒိတ္ၾကဲ သရုပ္ေဆာင္ေတြျဖစ္တဲ့ ေနတိုး၊ရဲေလး၊ ေက်ာ္ေက်ာ္၊ပိုင္ျဖိဳးသု၊ ျမတ္ေကသီေအာင္ တို႔နဲ႔အတူအျခားေသာ အနုပညာရွင္ေတြပါဝင္ရိုက္ကူးထားတဲ့ ဇာတ္ကားတစ္ကားပဲျဖစ္ပါတယ္။ဒီရုပ္ရွင္ဇာတ္ကားၾကီးကိုေတာ့ ေအာက္တိုဘာလ (၃)ရက္ေန႔မွာ ရံုတင္ျပသမွာျဖစ္ပါတယ္။

(၂) ခ်ိဳးရုပ္
ခ်ိဳးရုပ္ရုပ္ရွင္ဇာတ္ကားၾကီးကိုေတာ့ ေအာက္တိုဘာလ (၁၇)ရက္ေန႕မွာ ရံုတင္ျပသသြားမွာျဖစ္ျပီး ဒီဇာတ္ကားၾကီးကေတာ့ ရုပ္ရွင္နဲ႔ ဗီဒီယို သရုပ္ေဆာင္ ဟာသလူရႊင္ေတာ္ ခင္လႈိင္က ဒါရုိက္တာ တစ္ေယာက္အေနနဲ႕ပထမဆံုးရိုက္ကူးထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားၾကီးမွာ ျမင့္ျမတ္၊ တိုင္ရြန္၊ အိေခ်ာပို တို႔အျပင္ ဂ်ိဳကာ၊ ၾကက္ဖနဲ႔ အျခားေသာ အနုပညာရွင္တို႕လည္းပါဝင္သရုပ္ေဆာင္ထားတဲ့ ဇာတ္ကားေကာင္းေလးတစ္ကားပဲျဖစ္ပါတယ္။

(၃)သံုးေယာက္ေပါင္းေလာင္းေက်ာ္
ဒီရုပ္ရွင္ဇာတ္ကားၾကီးမွာေတာ့ ျမန္မာနိုင္ငံရဲ႕ ဝါရင့္သဘာရင့္ ထိပ္တန္းမင္းသမီးေတြျဖစ္တဲ့ မို႔မို႔ျမင့္ေအာင္၊ေမသန္းနု၊ခိုင္သင္းၾကည္ တို႕ ပါဝင္ရိုက္ကူးထားတာျဖစ္ျပီးမင္းသားေခ်ာ မိုးေအာင္ရင္ မင္းသမီးေခ်ာ စံရတီမိုးျမင့္တို႕လည္း အတြဲညီညီပါဝင္ထားတဲ့ ဇာတ္ကားေကာင္းေလးတစ္ကားပဲျဖစ္ပါတယ္။ထိပ္တန္းမင္းသမီးၾကီး(၃)ေယာက္လံုးရဲ႕ သရုပ္ေဆာင္မႈေတြကိုေတြ႕ရမယ့္ ဒီဇာတ္ကားၾကီးကိုေတာ့ ေအာက္တိုဘာလ (၂၄)ရက္ေန႕မွာ ရံုတင္ျပသမွာျဖစ္ပါတယ္။

(၄)သခင္ၾကီးနဲ႔ ငပိတို႕စရာ
“သခင္ၾကီးနဲ႔ ငပိတို႕စရာ” ဇာတ္ကားၾကီးကေတာ့ ၾကက္သီးထေလာက္ေအာင္ အၾကမ္းအရမ္း ဖိုက္တင္အခန္းေတြကို ေတြ႔ျမင္ရမယ့္ အက္ရွင္ရုပ္ရွင္ဇာတ္ကားၾကီး တစ္ကားပဲျဖစ္ပါတယ္။ ဒီဇာတ္ကားၾကီးမွာေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ မင္းသမီးေခ်ာေလး သက္မြန္ျမင့္ကို ျမင္ေနက် ဇာတ္ရုပ္ေတြနဲ႔ မတူညီဘဲ အမိုက္စား သရုပ္ေဆာင္ကြက္ေတြကို ေတြ႕ျမင္ရမွာမို႕ လက္မလႊတ္သင့္တဲ့ ဇာတ္ကားတစ္ကားလည္းျဖစ္ပါတယ္။ဒီဇာတ္ကားၾကီးကို ေအာက္တိုဘာလ (၃၁)ရက္ေန႕မွာရံုတင္ျပသသြားမွာပါ။

(၅) ထာဝရေႏွာင္ၾကိဳး
ဒီဇာတ္ကားၾကီးကေတာ့ ပရိသတ္ေတြကို ေျပာျပစရာမလိုေလာက္တဲ့အထိကို Offical Teaserေလးထြက္ရွိလာကတည္းက ပရိသတ္စိတ္ဝင္စားမႈ အျပည္႕အဝရရွိထားတဲ့ဇာတ္ကားတစ္ကားပဲျဖစ္ပါတယ္။ဒါရိုက္တာ ခရစၥတီးနားခီရဲ႕ တတိယေျမာက္ လက္စြမ္းျပထားတဲ့ ရုပ္ရွင္ဇာတ္ကားျဖစ္ျပီး မင္းသားေခ်ာ ဇဏ္ခီနဲ႔ မင္းသမီးေခ်ာေလး ပိုင္ျဖိဳးသုတို႕ အတြဲညီညီသရုပ္ေဆာင္ထားတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးတစ္ကားျဖစ္တာမို႕ ပရိသတ္ေတြက ရံုတင္ရက္ကို ေစာင့္ေမွ်ာ္ေနၾကရတဲ့ ဇာတ္ကားတစ္ကားလည္း ျဖစ္ပါတယ္။ဒီဇာတ္ကားၾကီးကိုေတာ့ ေအာက္တိုဘာလ (၃၁)ရက္ေန႕မွာ ရံုတင္ျပသမွာျဖစ္ပါတယ္။

ကဲ…CeleGabarပရိသတ္ၾကီးေတြကေရာ ဘယ္ဇာတ္ကားၾကီးကို သြားေရာက္ၾကည့္ရွဳၾကမွာလဲ…

Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

 

“မကြာခင်ရုံတင်တော့မယ့် လူစိတ်ဝင်စားမှုအများဆုံး ရုပ်ရှင်ကားများ”

ရုပ်ရှင်ချစ်ပရိသတ်တွေကြည့်ရှုလို့ရအောင် မကြာခင်ရုံတင်ပြသမယ့် ရုပ်ရှင်ဇာတ်ကားကောင်းကြီးတွေထဲက တချို့သောရုပ်ရှင်ဇာတ်ကားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စပွန်ဆာ
ပထမဆုံးအနေနဲ့ ဖော်ပြပေးခြင်တာကတော့ “စပွန်ဆာ”ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ကာ နယူဖိုးဝရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ထိပ်တန်း ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ရဲလေး၊ ကျော်ကျော်၊ပိုင်ဖြိုးသု၊ မြတ်ကေသီအောင် တို့နဲ့အတူအခြားသော အနုပညာရှင်တွေပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောက်တိုဘာလ (၃)ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

(၂) ချိုးရုပ်
ချိုးရုပ်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောက်တိုဘာလ (၁၇)ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး ဒီဇာတ်ကားကြီးကတော့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဟာသလူရွှင်တော် ခင်လှိုင်က ဒါရိုက်တာ တစ်ယောက်အနေနဲ့ပထမဆုံးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ မြင့်မြတ်၊ တိုင်ရွန်၊ အိချောပို တို့အပြင် ဂျိုကာ၊ ကြက်ဖနဲ့ အခြားသော အနုပညာရှင်တို့လည်းပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

(၃)သုံးယောက်ပေါင်းလောင်းကျော်
ဒီရုပ်ရှင်ဇာတ်ကားကြီးမှာတော့ မြန်မာနိုင်ငံရဲ့ ဝါရင့်သဘာရင့် ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့ မို့မို့မြင့်အောင်၊မေသန်းနု၊ခိုင်သင်းကြည် တို့ ပါဝင်ရိုက်ကူးထားတာဖြစ်ပြီးမင်းသားချော မိုးအောင်ရင် မင်းသမီးချော စံရတီမိုးမြင့်တို့လည်း အတွဲညီညီပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ထိပ်တန်းမင်းသမီးကြီး(၃)ယောက်လုံးရဲ့ သရုပ်ဆောင်မှုတွေကိုတွေ့ရမယ့် ဒီဇာတ်ကားကြီးကိုတော့ အောက်တိုဘာလ (၂၄)ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

(၄)သခင်ကြီးနဲ့ ငပိတို့စရာ
“သခင်ကြီးနဲ့ ငပိတို့စရာ” ဇာတ်ကားကြီးကတော့ ကြက်သီးထလောက်အောင် အကြမ်းအရမ်း ဖိုက်တင်အခန်းတွေကို တွေ့မြင်ရမယ့် အက်ရှင်ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး သက်မွန်မြင့်ကို မြင်နေကျ ဇာတ်ရုပ်တွေနဲ့ မတူညီဘဲ အမိုက်စား သရုပ်ဆောင်ကွက်တွေကို တွေ့မြင်ရမှာမို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဒီဇာတ်ကားကြီးကို အောက်တိုဘာလ (၃၁)ရက်နေ့မှာရုံတင်ပြသသွားမှာပါ။

(၅) ထာဝရနှောင်ကြိုး
ဒီဇာတ်ကားကြီးကတော့ ပရိသတ်တွေကို ပြောပြစရာမလိုလောက်တဲ့အထိကို Offical Teaserလေးထွက်ရှိလာကတည်းက ပရိသတ်စိတ်ဝင်စားမှု အပြည့်အဝရရှိထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ တတိယမြောက် လက်စွမ်းပြထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး မင်းသားချော ဇဏ်ခီနဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုတို့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်တာမို့ ပရိသတ်တွေက ရုံတင်ရက်ကို စောင့်မျှော်နေကြရတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဒီဇာတ်ကားကြီးကိုတော့ အောက်တိုဘာလ (၃၁)ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

ကဲ…CeleGabarပရိသတ်ကြီးတွေကရော ဘယ်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုကြမှာလဲ…

Chilli – CeleGabar

error: Content is protected !!