” Shan United ေဘာလုံးအသင္းပြဲမွာ Frenzo အဖြဲ႔နဲ႕အတူ သြားေရာက္ေဖ်ာ္ေျဖမည့္ စိုင္းစိုင္း “

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ ပ်ိဳပ်ိဳေမေမတို႔ရဲ႕ အခ်စ္ေတာ္ ႏိုင္ငံေက်ာ္အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္ ဟာဆိုရင္ ပရိသတ္ခ်စ္ခင္အားေပးမႈအမ်ားဆုံးရရွိထားတဲ့ အႏုပညာရွင္လည္းျဖစ္ပါတယ္။လူႀကီးလူငယ္မေ႐ြးအားေပးျခင္းခံေနရၿပီး သူကေတာ့ (၁၅)ႏွစ္တိုင္တိုင္ ေအာင္ျမင္မႈကိုထိန္းသိမ္းထားႏိုင္သူတစ္ေယာက္ျဖစ္ပါတယ္။အမ်ိဳးသမီးပရိသတ္ေတြရဲ႕ အသည္းစြဲ အႏုပညာရွင္ျဖစ္တာေၾကာင့္ တခ်ိဳ႕ ေသာ အမ်ိဳးသားပရိသတ္ေတြရဲ႕ Troll ျခင္းခံရတဲ့အႏုပညာရွင္ေတြက တစ္ဦးအပါအဝင္ျဖစ္ပါတယ္။

စိုင္းစိုင္းတစ္ေယာက္ကေတာ့ အဆိုပိုင္းသာမက သ႐ုပ္ေဆာင္ပိုင္မွာ ပါရမီပါသူပီပီ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ေခါင္းေဆာင္မင္းသားအေနျဖင့္ ပါဝင္႐ိုက္ကူးႏိုင္သည္အထိ ေအာင္ျမင္မႈရရွိထားပါတယ္။စိုင္းစိုင္းကေတာ့ စီပြားေရးအေနျဖင့္လည္း SAI Cosmetix တံဆိပ္ျဖင့္ အလွကုန္ပစၥည္းေလးေတြကို ထုတ္လုပ္ေရာင္းခ်ၿပီး ႏႈတ္ခမ္းနီမေလးေတြရဲ႕ အားေပးေထာက္ခံမႈကိုအေကာင္းဆုံးရရွိထားပါတယ္။ႏွစ္တိုင္း ဧၿပီ၁၀ ရက္ေန႔ မွာက်င္းပေလ့ ရွိတဲ့စိုင္းစိုင္း Birthday Show ဟာလည္း ေၾကာက္ခမန္းလိလိ ပရိသတ္မ်ား ကြင္းလုံးျပည့္အားေပးၾကမ္းတဲ့ Show ပြဲႀကီးလည္းျဖစ္ပါတယ္။


စက္တင္ဘာလ(၂၅)ရက္ေန႔ ၊ေတာင္ႀကီးေက်ာက္တိုင္ကြင္းမွာ က်င္ပမည့္ Shan United ေဘာလုံးအသင္းပြဲႀကီးမွာ Frenzo Production မွ အဆိုေတာ္ေတြနဲ႔အတူသြားေရာက္ေဖ်ာ္ေျဖမည့္အေၾကာင္းကို “(၂၅) ရက္ေန႔၊ ေတာင္ႀကီးေက်ာက္တိုင္ကြင္းမွာ က်င္းပမယ့္ Shan United ေဘာလုံးအသင္းပြဲမွာ က်ေနာ္တို႔ Frenzo Artists ေတြ အားလုံး လာေရာက္ ေဖ်ာ္ေျဖမယ္ ဆိုတာ သတင္းေကာင္းပါးအပ္ပါတယ္။အမွတ္တရပါ ေတာင္ႀကီးၿမိဳ႕” လို႔ စိုင္းစိုင္းရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွ ေဖာ္ျပထားတာမို႔ CeleGabar ပရိသတ္ၾကီးထဲမွာ ေတာင္ၾကီးက ပရိသတ္ေတြအတြက္ သတင္းေကာင္းပါးလိုက္ပါတယ္ေနာ္။


Source: Sai Sai Kham Leng
Photo Credit From Sai Sai kham Leng
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” Shan United ဘောလုံးအသင်းပွဲမှာ Frenzo အဖွဲ့နဲ့အတူ သွားရောက်ဖျော်ဖြေမည့် စိုင်းစိုင်း ”

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ပျိုပျိုမေမေတို့ရဲ့ အချစ်တော် နိုင်ငံကျော်အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဟာဆိုရင် ပရိသတ်ချစ်ခင်အားပေးမှုအများဆုံးရရှိထားတဲ့ အနုပညာရှင်လည်းဖြစ်ပါတယ်။လူကြီးလူငယ်မရွေးအားပေးခြင်းခံနေရပြီး သူကတော့ (၁၅)နှစ်တိုင်တိုင် အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲ အနုပညာရှင်ဖြစ်တာကြောင့် တချို့ သော အမျိုးသားပရိသတ်တွေရဲ့ Troll ခြင်းခံရတဲ့အနုပညာရှင်တွေက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

စိုင်းစိုင်းတစ်ယောက်ကတော့ အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်မှာ ပါရမီပါသူပီပီ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ခေါင်းဆောင်မင်းသားအနေဖြင့် ပါဝင်ရိုက်ကူးနိုင်သည်အထိ အောင်မြင်မှုရရှိထားပါတယ်။စိုင်းစိုင်းကတော့ စီပွားရေးအနေဖြင့်လည်း SAI Cosmetix တံဆိပ်ဖြင့် အလှကုန်ပစ္စည်းလေးတွေကို ထုတ်လုပ်ရောင်းချပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးထောက်ခံမှုကိုအကောင်းဆုံးရရှိထားပါတယ်။နှစ်တိုင်း ဧပြီ၁၀ ရက်နေ့ မှာကျင်းပလေ့ ရှိတဲ့စိုင်းစိုင်း Birthday Show ဟာလည်း ကြောက်ခမန်းလိလိ ပရိသတ်များ ကွင်းလုံးပြည့်အားပေးကြမ်းတဲ့ Show ပွဲကြီးလည်းဖြစ်ပါတယ်။

စက်တင်ဘာလ(၂၅)ရက်နေ့ ၊တောင်ကြီးကျောက်တိုင်ကွင်းမှာ ကျင်ပမည့် Shan United ဘောလုံးအသင်းပွဲကြီးမှာ Frenzo Production မှ အဆိုတော်တွေနဲ့အတူသွားရောက်ဖျော်ဖြေမည့်အကြောင်းကို “(၂၅) ရက်နေ့၊ တောင်ကြီးကျောက်တိုင်ကွင်းမှာ ကျင်းပမယ့် Shan United ဘောလုံးအသင်းပွဲမှာ ကျနော်တို့ Frenzo Artists တွေ အားလုံး လာရောက် ဖျော်ဖြေမယ် ဆိုတာ သတင်းကောင်းပါးအပ်ပါတယ်။အမှတ်တရပါ တောင်ကြီးမြို့” လို့ စိုင်းစိုင်းရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားတာမို့ CeleGabar ပရိသတ်ကြီးထဲမှာ တောင်ကြီးက ပရိသတ်တွေအတွက် သတင်းကောင်းပါးလိုက်ပါတယ်နော်။

error: Content is protected !!