“ေနမေကာင္းျဖစ္ေနလို႔ ေဆး႐ုံတက္ေရာက္ေနရတဲ့ သဇင္ထူးျမင့္”

သဇင္ထူးျမင့္ကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယို သ႐ုပ္ေဆာင္ ဟာသလူ႐ႊင္ေတာ္ ဦးခင္လႈိင္ရဲ႕သမီးေခ်ာေလးတစ္ဦးပဲျဖစ္ပါတယ္။(၂၀၁၉)ခုႏွစ္ ႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲႀကီးမွာ အကယ္ဒမီေ႐ႊႀကိဳတစ္ဦးအေနနဲ႔လုပ္ကိုင္ၿပီး အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာတဲ့ မ်ိဳးဆက္သစ္အႏုပညာရွင္ တစ္ေယာက္ပဲျဖစ္ပါတယ္။အခုေနာက္ပိုင္းေတြမွာေတာ့ ေၾကာ္ျငာေတြ၊ သီခ်င္း MTV ေတြ၊Short Film ေလးေတြကို ပါဝင္ ႐ိုက္ကူးေနၿပီပဲျဖစ္ပါတယ္။

မၾကာေသးမီက သဇင္ထူးျမင့္ဟာ “ေ႐ႊေျခက်င္း”သီခ်င္း MTV ေလးကို လူၾကမ္းသ႐ုပ္ေဆာင္ ကိုကိုဦးရဲ႕သားျဖစ္သူ သီဟေအာင္နဲ႔ တြဲဖက္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။”ေ႐ႊေျခက်င္း” သီခ်င္း MTV ကို မႏၲေလးၿမိဳ႕မွာ သြားေရာက္႐ိုက္ကူးခဲ့တာပဲျဖစ္ၿပီး MTV ေလးဟာ ဇူလိုင္လ (၁၂)ရက္ေန႔ကထြက္ရွိခဲ့တာပဲျဖစ္ပါတယ္။ဒီ MTV ေလးထြက္ရွိလာခ်ိန္မွာလည္း ပရိသတ္ေတြက သူမရဲ႕ သ႐ုပ္ေဆာင္ပီျပင္မႈေတြေၾကာင့္ သ႐ုပ္ေဆာင္တစ္ေယာက္လုပ္ကိုင္ဖို႔အထိကို တစ္ခဲနက္ အားေပးဝန္းရံခဲ့ပါေသးတယ္။

လက္ရွိမွာလည္း သဇင္ထူးျမင့္ဟာ သူမအတြက္ ပထမဆုံး အႏုပညာေျခလွမ္းအျဖစ္ `ဆုံစည္းခြင့္´႐ုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္႐ိုက္ကူးေနတာပါ။လတ္တေလာမွာေတာ့ သဇင္ထူးျမင့္ဟာ ေနမေကာင္းျဖစ္ခဲ့တာေၾကာင့္ ေဆး႐ုံတက္ေရာက္ေဆးကုသမႈခံယူခဲ့ရပါတယ္။ညဘက္ခ်က္ခ်င္းႀကီးေဆး႐ုံကို သြားေရာက္ခဲ့ရတဲ့ အထိျဖစ္ခဲ့ၿပီး အခုေတာ့ သက္သာေနၿပီလို႔လည္း သိရပါတယ္။CeleGabar ပရိသတ္ႀကီးေရ သဇင္ထူးျမင့္တစ္ေယာက္ ျမန္ျမန္ေနျပန္ေကာင္းလာေအာင္ ဆုေတာင္းေပးခဲ့ၾကပါဦး။

Source – ThaZin Htoo Myint
Photo Credit From ThaZin Htoo Myint
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“နေမကောင်းဖြစ်နေလို့ ဆေးရုံတက်ရောက်နေရတဲ့ သဇင်ထူးမြင့်”

သဇင်ထူးမြင့်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဟာသလူရွှင်တော် ဦးခင်လှိုင်ရဲ့သမီးချောလေးတစ်ဦးပဲဖြစ်ပါတယ်။(၂၀၁၉)ခုနှစ် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကြီးမှာ အကယ်ဒမီရွှေကြိုတစ်ဦးအနေနဲ့လုပ်ကိုင်ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ မျိုးဆက်သစ်အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။အခုနောက်ပိုင်းတွေမှာတော့ ကြော်ငြာတွေ၊ သီချင်း MTV တွေ၊Short Film လေးတွေကို ပါဝင် ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။

မကြာသေးမီက သဇင်ထူးမြင့်ဟာ “ရွှေခြေကျင်း”သီချင်း MTV လေးကို လူကြမ်းသရုပ်ဆောင် ကိုကိုဦးရဲ့သားဖြစ်သူ သီဟအောင်နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ပါသေးတယ်။”ရွှေခြေကျင်း” သီချင်း MTV ကို မန္တလေးမြို့မှာ သွားရောက်ရိုက်ကူးခဲ့တာပဲဖြစ်ပြီး MTV လေးဟာ ဇူလိုင်လ (၁၂)ရက်နေ့ကထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ဒီ MTV လေးထွက်ရှိလာချိန်မှာလည်း ပရိသတ်တွေက သူမရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် သရုပ်ဆောင်တစ်ယောက်လုပ်ကိုင်ဖို့အထိကို တစ်ခဲနက် အားပေးဝန်းရံခဲ့ပါသေးတယ်။

လက်ရှိမှာလည်း သဇင်ထူးမြင့်ဟာ သူမအတွက် ပထမဆုံး အနုပညာခြေလှမ်းအဖြစ် `ဆုံစည်းခွင့်´ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးနေတာပါ။လတ်တလောမှာတော့ သဇင်ထူးမြင့်ဟာ နေမကောင်းဖြစ်ခဲ့တာကြောင့် ဆေးရုံတက်ရောက်ဆေးကုသမှုခံယူခဲ့ရပါတယ်။ညဘက်ချက်ချင်းကြီးဆေးရုံကို သွားရောက်ခဲ့ရတဲ့ အထိဖြစ်ခဲ့ပြီး အခုတော့ သက်သာနေပြီလို့လည်း သိရပါတယ်။CeleGabar ပရိသတ်ကြီးရေ သဇင်ထူးမြင့်တစ်ယောက် မြန်မြန်နေပြန်ကောင်းလာအောင် ဆုတောင်းပေးခဲ့ကြပါဦး။

Source – ThaZin Htoo Myint
Photo Credit From ThaZin Htoo Myint
Chilli – CeleGabar

error: Content is protected !!