“ေမြးေန႕မွာအလွဴေတြဆက္တိုက္လုပ္ေနတဲ့ ခင္၀င့္၀ါ”

ပုရိသေတြရဲ႕ သဲသဲလႈပ္ဝန္းရံမႈကို လက္ခံရရွိေနတဲ့ ေခးေလး ခင္ဝင့္ဝါကေတာ့ ဒီေန႔ စက္တင္ဘာလ(၂၁)ရက္ေန႔မွာ (၂၅)ႏွစ္ျပည့္သြားခဲ့ပါၿပီ။ ခင္ဝင့္ဝါကေတာ့ အႏုပညာေလာကကို ေမာ္ဒယ္တစ္ေယာက္အေနနဲ႔ စတင္ဝင္ေရာက္ခဲ့သူတစ္ေယာက္ျဖစ္ၿပီး Miss MK Gem ၿပိဳင္ပြဲမွာ Queen of Beauty Award ဆု၊ ဘယ္လာ႐ုစ္ႏိုင္ငံ မင့္စ္ၿမိဳ႕မွာ က်င္းပတဲ့ Miss Supranational ၿပိဳင္ပြဲမွာ Miss Internet ဆုအပါအဝင္(၄)ဆုကို ပိုင္ဆိုင္ရရွိထားသူတစ္ေယာက္ပါ။ေနာက္ပိုင္းမွာေတာ့ သ႐ုပ္ေဆာင္အလုပ္ေတြကိုပါ လုပ္ကိုင္လာၿပီး ပရိသတ္အားေပးမႈကို တခဲနက္ပိုင္ဆိုင္ရရွိထားတာျဖစ္ပါတယ္။

ကေလးေလးတစ္ေယာက္လို ျဖဴစင္ၿပီး ခ်စ္စရာေကာင္းေနတဲ့ သူေလးတစ္ေယာက္ျဖစ္တာေၾကာင့္ ပုရိသေတြရဲ႕ တခဲနက္ ဝန္းရံမႈကို ခံေနရသူတစ္ေယာက္ပါ။ ဒီေန႔ကေတာ့ ေခးေလး အသက္တစ္ႏွစ္ထပ္ႀကီးသြားတဲ့ ေမြးေန႔ေလးျဖစ္ၿပီး (၂၅)ႏွစ္ျပည့္သြားၿပီေနာ္။ သူမရဲ႕ ေမြးေန႔မွာေတာ့ မိန္းကေလးပရိသတ္ေတြပါးစပ္ဖ်ားမွာ ေရပန္းစားေအာင္ျမင္ေနတဲ့ မင္းသားေခ်ာအဆိုေတာ္ေလးတစ္ေယာက္ျဖစ္တဲ့ ဟန္ေနတာက ေမြးေန႔ အႀကိဳ Surprise အေနနဲ႔ ေမြးေန႔ ကိတ္လွလွေလးနဲ႔အတူ ခင္ဝင့္ဝါရဲ႕ ပုံတူပန္းခ်ီကားေလးတစ္ခ်ပ္ကိုပါ လက္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း အႏုပညာရွင္ညီအစ္ကို ေမာင္ႏွမေတြနဲ႔ ပရိသတ္တခ်ိဳ႕ရဲ႕ ေဝဖန္တာကိုခံေနရသူတစ္ေယာက္ပါ။လက္ရွိမွာေတာ့ ခင္ဝင့္ဝါဟာ ေမြးေန႔မွာအလွဴအတန္းေတြျပဳလုပ္ေနတာျဖစ္ပါတယ္။ ပထမအလွဴတစ္ခုအေနနဲ႔ ေအာင္ဇမၺဴေတာရ ေက်ာင္းတိုက္တြင္ အာ႐ုဏ္ဆြမ္း ဆပ္ကပ္ လႉဒါန္းခဲ့တာျဖစ္ပါတယ္။ေနာက္ထပ္အလွဴတစ္ခုအေနနဲ႔လည္း ေျမာက္ဒဂုံ ၿမိဳနယ္ တိကၡာရာမ သီလရွင္စာသင္ ေက်ာင္းတိုက္မွာလည္း ေန႔ဆြမ္းဆပ္ကပ္လွဴဒါန္းခဲ့တယ္လို႕ သိရပါတယ္။ဆယ္လီကမၻာပရိသတ္ႀကီးေရ ဒီေန႕မွာက်ေရာက္တဲ့ ေခေလး ခင္၀င့္၀ါရဲ႕ ေမြးေန႕အတြက္ ေမြးေန႕ဆုေတာင္းျပီးေတာ့ ခင့္၀င့္၀ါရဲ႕ အလွဴေတြအတြက္ သာဓုေခၚခဲ့ပါဦးေနာ္….။


Source: 7th Sense Creation
ခ်စ္သဲေမ @CeleGabar
Photo credit from 7th Sense Creation ” s Facebook

ယူနီကုတ္ျဖင့္ဖတ္ရန္

“မွေးနေ့မှာအလှူတွေဆက်တိုက်လုပ်နေတဲ့ ခင်ဝင့်ဝါ”

ပုရိသတွေရဲ့ သဲသဲလှုပ်ဝန်းရံမှုကို လက်ခံရရှိနေတဲ့ ခေးလေး ခင်ဝင့်ဝါကတော့ ဒီနေ့ စက်တင်ဘာလ(၂၁)ရက်နေ့မှာ (၂၅)နှစ်ပြည့်သွားခဲ့ပါပြီ။ ခင်ဝင့်ဝါကတော့ အနုပညာလောကကို မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့သူတစ်ယောက်ဖြစ်ပြီး Miss MK Gem ပြိုင်ပွဲမှာ Queen of Beauty Award ဆု၊ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့မှာ ကျင်းပတဲ့ Miss Supranational ပြိုင်ပွဲမှာ Miss Internet ဆုအပါအဝင်(၄)ဆုကို ပိုင်ဆိုင်ရရှိထားသူတစ်ယောက်ပါ။နောက်ပိုင်းမှာတော့ သရုပ်ဆောင်အလုပ်တွေကိုပါ လုပ်ကိုင်လာပြီး ပရိသတ်အားပေးမှုကို တခဲနက်ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။

ကလေးလေးတစ်ယောက်လို ဖြူစင်ပြီး ချစ်စရာကောင်းနေတဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့် ပုရိသတွေရဲ့ တခဲနက် ဝန်းရံမှုကို ခံနေရသူတစ်ယောက်ပါ။ ဒီနေ့ကတော့ ခေးလေး အသက်တစ်နှစ်ထပ်ကြီးသွားတဲ့ မွေးနေ့လေးဖြစ်ပြီး (၂၅)နှစ်ပြည့်သွားပြီနော်။ သူမရဲ့ မွေးနေ့မှာတော့ မိန်းကလေးပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားအောင်မြင်နေတဲ့ မင်းသားချောအဆိုတော်လေးတစ်ယောက်ဖြစ်တဲ့ ဟန်နေတာက မွေးနေ့ အကြို Surprise အနေနဲ့ မွေးနေ့ ကိတ်လှလှလေးနဲ့အတူ ခင်ဝင့်ဝါရဲ့ ပုံတူပန်းချီကားလေးတစ်ချပ်ကိုပါ လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း အနုပညာရှင်ညီအစ်ကို မောင်နှမတွေနဲ့ ပရိသတ်တချို့ရဲ့ ဝေဖန်တာကိုခံနေရသူတစ်ယောက်ပါ။လက်ရှိမှာတော့ ခင်ဝင့်ဝါဟာ မွေးနေ့မှာအလှူအတန်းတွေပြုလုပ်နေတာဖြစ်ပါတယ်။ ပထမအလှူတစ်ခုအနေနဲ့ အောင်ဇမ္ဗူတောရ ကျောင်းတိုက်တွင် အာရုဏ်ဆွမ်း ဆပ်ကပ် လှူဒါန်းခဲ့တာဖြစ်ပါတယ်။နောက်ထပ်အလှူတစ်ခုအနေနဲ့လည်း မြောက်ဒဂုံ မြိုနယ် တိက္ခာရာမ သီလရှင်စာသင် ကျောင်းတိုက်မှာလည်း နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဒီနေ့မှာကျရောက်တဲ့ ခေလေး ခင်ဝင့်ဝါရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပြီးတော့ ခင့်ဝင့်ဝါရဲ့ အလှူတွေအတွက် သာဓုခေါ်ခဲ့ပါဦးနော်….။
Source: 7th Sense Creation
ချစ်သဲမေ @CeleGabar
Photo credit from 7th Sense Creation ” s Facebook

error: Content is protected !!