“ပရိသတ္ေတြအတြက္ အႏွစ္သာရအျပည့္အ၀ေပးနိုင္မယ့္ ရုပ္ရွင္ဇာတ္ကားၾကီးမွာ အေကာင္းဆံုး ၾကိဳစားသြားမည့္ ေအာင္ေလး”

ေအာင္ေလးကေတာ့ ေမာ္ဒယ္တစ္ဦးအေနျဖင့္ အနုပညာေလာကထဲကို၀င္ေရာက္လာသူတစ္ေယာက္ ျဖစ္ျပီးလက္ရိွမွာေတာ့ သရုပ္ေဆာင္တစ္ဦးအေနနဲ႕ပါ ပါ၀င္သရုပ္ေဆာင္ေနတာျဖစ္ပါတယ္။ သူကေတာ့ ေယာက်္ားပီသတဲ့ ခႏၶာကိုယ္ကိုပိုင္ဆိုင္ထားျဖစ္ျပီး နႈတ္ခမ္းနီမေလးေတြရဲ႕ သည္းသည္းလႈပ္အားေပးျခင္းကို ခံထားရပါတယ္။ ပရိသတ္္္ေတြအေပၚမွာလည္း အျမဲတမ္း ပြင္းလင္းေဖာ္ေရြစြာဆက္ဆံတတ္ျပီး ဘာသာတရားကိုင္းရႈိင္းတဲ့အနုပညာရွင္ေတြထဲက တစ္ဦးျဖစ္ပါတယ္။

” သတိ အႏၱရာယ္ရိွသည္ ” ရုပ္ရွင္ဇာတ္ကားၾကီး မွာပါ၀င္သရုပ္ေဆာင္ထားျပီး သူရဲ႕ ပီပီျပင္ျပင္သရုပ္ေဆာင္မႈေတြေၾကာင့္ ထိုဇာတ္ကားမွာလည္း ပရိ္သတ္ရဲ႕ ခ်စ္ခင္အားေပးမႈရရိွထားပါတယ္။လတ္တေလာမွာေတာ့ ဒါရိုက္တာယုန္ေလး စိတ္ကူးပံုေဖာ္ရိုက္ကူးတဲ့ “MAFIA CITY” ရုပ္ရွင္ဇာတ္ကားၾကီး မွာလည္း နိုင္ငံေက်ာ္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ အကယ္ဒမီျမင့္ျမတ္၊မင္းသမီးေခ်ာေလးရတနာဗိုလ္ တို႔နဲ႔အတူ ပါ၀င္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။

လက္ရိွမွာလည္း ဒါရိုက္တာ ကိုေပါက္တာ၀န္ယူရိုက္ကူးပံုေဖာ္မယ့္ ” လူထဲကလူ ” ရုပ္ရွင္ဇာတ္ကားၾကီးထဲမွာ အကယ္ဒမီ ျမင့္ျမတ္၊အကယ္ဒမီ စိုးျမတ္သူဇာ၊ ပတ္ထရစ္ရွာတို႔နဲ႔အတူ ပါ၀င္သရုပ္ေဆာင္ေတာ့မွာျဖစ္ျပီး ထိုရုပ္ရွင္ဇာတ္ကားၾကီးကိုေတာ့ ေအာက္တိုဘာလ(၁၂)ရက္ေန႔မွာ စတင္ရိုက္ကူးမွာလည္းျဖစ္ပါတယ္။ေအာင္ေလးကေတာ့ “လူထဲကလူ” ရုပ္ရွင္ဇာတ္ကားၾကီးဟာ အႏွစ္သာရရိွတဲ့ ဇာတ္ကားမို႔အေကာင္းဆံုးၾကိဳးစားသြားမယ္ ဆိုတဲ့ အေၾကာင္းကို သူရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွာ ေရးသားေဖာ္ျပထားပါတယ္။CeleGabar ပရိသတ္ၾကီးေရ ေအာင္ေလးေျပာတဲ့ အႏွစ္သာရရိွျပီးသား ရုပ္ရွင္ကားၾကီးက ဘယ္လိုရသေတြေပးစြမ္းနိုင္မွာလဲဆိုတာ ရင္ခုန္ေနျပီလား။

Source: Aung Lay
Photo Credit From Aung Lay’s Facebook
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

“ပရိသတ်တွေအတွက် အနှစ်သာရအပြည့်အဝပေးနိုင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး ကြိုစားသွားမည့် အောင်လေး”

အောင်လေးကတော့ မော်ဒယ်တစ်ဦးအနေဖြင့် အနုပညာလောကထဲကိုဝင်ရောက်လာသူတစ်ယောက် ဖြစ်ပြီးလက်ရှိမှာတော့ သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ သူကတော့ ယောကျ်ားပီသတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ခံထားရပါတယ်။ ပရိသတ်တွေအပေါ်မှာလည်း အမြဲတမ်း ပွင်းလင်းဖော်ရွေစွာဆက်ဆံတတ်ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့အနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။

” သတိ အန္တရာယ်ရှိသည် ” ရုပ်ရှင်ဇာတ်ကားကြီး မှာပါဝင်သရုပ်ဆောင်ထားပြီး သူရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်မှုတွေကြောင့် ထိုဇာတ်ကားမှာလည်း ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုရရှိထားပါတယ်။လတ်တလောမှာတော့ ဒါရိုက်တာယုန်လေး စိတ်ကူးပုံဖော်ရိုက်ကူးတဲ့ “MAFIA CITY” ရုပ်ရှင်ဇာတ်ကားကြီး မှာလည်း နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမြင့်မြတ်၊မင်းသမီးချောလေးရတနာဗိုလ် တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

လက်ရှိမှာလည်း ဒါရိုက်တာ ကိုပေါက်တာဝန်ယူရိုက်ကူးပုံဖော်မယ့် ” လူထဲကလူ ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီ မြင့်မြတ်၊အကယ်ဒမီ စိုးမြတ်သူဇာ၊ ပတ်ထရစ်ရှာတို့နဲ့အတူ ပါဝင်သရုပ်ဆောင်တော့မှာဖြစ်ပြီး ထိုရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောက်တိုဘာလ(၁၂)ရက်နေ့မှာ စတင်ရိုက်ကူးမှာလည်းဖြစ်ပါတယ်။အောင်လေးကတော့ “လူထဲကလူ” ရုပ်ရှင်ဇာတ်ကားကြီးဟာ အနှစ်သာရရှိတဲ့ ဇာတ်ကားမို့အကောင်းဆုံးကြိုးစားသွားမယ် ဆိုတဲ့ အကြောင်းကို သူရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ရေးသားဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးရေ အောင်လေးပြောတဲ့ အနှစ်သာရရှိပြီးသား ရုပ်ရှင်ကားကြီးက ဘယ်လိုရသတွေပေးစွမ်းနိုင်မှာလဲဆိုတာ ရင်ခုန်နေပြီလား။

 

error: Content is protected !!