



Video / Photo – G-Fatt
Happy – Cele Gabar

(ယူနီကုဒ်ဖြင့်ဖတ်ရန်)

” ဖျော်ဖြေနေရင်းနဲ့ နှုတ်ဆက်သီချင်းကိုရောက်တော့ စင်ပေါ်ကိုတက်ပြီး ဝိုင်းဖက်နှုတ်ဆက်ခံလိုက်ရတဲ့ G Fatt ”

အဆိုတော် G-Fatt တစ်ယောက် နေပြည်တော်က ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ ဖျော်ဖြေပွဲသွားလုပ်ခဲ့စဉ်က အမှတ်တရအဖြစ်အပျက်လေးကို Video လေးနဲ့ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ သီဆိုဖျော်ဖြေနေရင်း နောက်ဆုံးနှုတ်ဆက် သီချင်းကိုရောက်တော့ ကျောင်းသားကျောင်းသူတွေက စင်ပေါ်ကိုတက်ပြီးဝိုင်းဖက်နှုတ်ဆက်ခဲ့ကြတာပဲဖြစ်ပါတယ်။ ကြည်နူးစရာ ကောင်းတဲ့အခိုက်အတန့်လေးဟာ တကယ့်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

အောင်မြင်တဲ့အဆိုတော်အဖြစ်နဲ့ ဂီတလမ်းကြောင်းပေါ်မှာလျှောက်လှမ်းလာခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိနေခဲ့သူလည်းဖြစ်ပါတယ်။ ချစ်သူလေးနဲ့ အဆင်ပြေဖို့ညှိနှိုင်းနေဆဲ ကာလဖြစ်ပြီး ပြန်အဆင်ပြေဖို့ကိုလည်း ပရိသတ်တွေက ဝိုင်းဝန်းတိုက်တွန်းနေကြတာပဲဖြစ်ပါတယ်။ ဖျော်ဖြေပွဲတွေဆက်တိုက်လုပ်နေပြီး ချစ်သူရဲ့မွေးနေ့ပွဲကိုတောင် မတက်ရောက်နိုင်ခဲ့ ပါဘူး။

ကြည်နူးစရာ Video လေးကို ” နေပြည်တော်က မဟာပညာကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဒီနေ့သွားဆိုတယ် နောက်ဆုံးအပုဒ် နဲ့လဲနှုတ်ဆက်ရော အားလုံးပြေးဖက်ကြပါလေရော အရမ်းပျော်ခဲ့ရတယ် အခုလိုချစ်ရတဲ့ကလေးတွေနဲ့ ဆုံခွင့်ပေးတဲ့ဆရာဆရာမ တွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ Video လေးကို ပြန်လည်တင်ဆက် ပေးလိုက်ပြီနော်။

Video / Photo – G-Fatt
Happy – Cele Gabar

error: Content is protected !!