“သူမအေပၚရက္စက္ခဲ့တဲ့ အမ်ိဳးသားနဲ႔ ေယာကၡမေအၾကာင္းကို ရင္ဖြင့္ေျပာျပလာခဲ့တဲ့ မ်ိဳးစႏၵီေက်ာ္”

မ်ိဳးစႏၵီေက်ာ္ရဲ႕ အိမ္ေထာင္ေရးကြာရွင္းတဲ့ သတင္းေၾကာင့္ ၾကားထဲကေျမဇာပင္ တစ္ပင္လိုျဖစ္ခဲ့ရတဲ့ သမီးေလးအတြက္ ပရိသတ္ေတြက စိတ္မေကာင္းျဖစ္ေနရတာပါ။ မ်ိဳးစႏၵီေက်ာ္ကေတာ့ ခင္ပြန္းျဖစ္သူကို ကားတစ္စီးေပးကာ ရန္ကုန္တိုင္းေဒသႀကီးတရားလႊတ္ေတာ္မွာ ျပတ္ျပတ္ဆဲဆဲကြာရွင္းလက္မွတ္ထိုးခဲ့တယ္လို႔ သိရပါတယ္။ ယခုလို ကြာရွင္းတာကို သူငယ္ခ်င္းျဖစ္သူ ဂ်ဴလႈိင္မိုးက စိတ္မေကာင္းျဖစ္စြာနဲ႔ သူမရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာထက္ကေန မ်ိဳးစႏၵီေက်ာ္တို႔ ဇနီးေမာင္ႏွံရဲ႕ ခ်စ္စၾကင္စအခ်ိန္ေလးေတြကို ျပန္လည္ေျပာျပၿပီး တရား႐ုံးမွာ သူတို႔ကြာရွင္းေနတာကို ၾကည့္ၿပီး ၾကားထဲကေနစိတ္မေကာင္းျဖစ္ေနရတယ္လို႔ Post တစ္ခုေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။

အဆိုပါ Post ေအာက္မွာေတာ့ မ်ိဳးစႏၵီေက်ာ္တို႔ ဇနီးေမာင္ႏွံရဲ႔ ကြာရွင္းမႈနဲ႔ပတ္သက္ၿပီး ေဝဖန္အႀကဳံျပဳခ်က္ေတြျပဳလုပ္ထားတာျဖစ္ပါတယ္။ ဒါကို မ်ိဳးစႏၵီေက်ာ္က အဲဒီ Post ေအာက္မွာ သူတို႔ႏွစ္ေယာက္ကြာရွင္းရတာကို အေၾကာင္းစုံမသိေသးတဲ့သူေတြအတြက္ သိေအာင္နည္းနည္းေလးေျပာျပခဲ့တာျဖစ္ပါတယ္။ အဲဒါကေတာ့ “ငါ့စိတ္ထားျဖဴစင္တာ ႐ိုးသားတာ ငါနဲ႔အနီးကပ္ေပါင္းတဲ့သူတိုင္းသိတယ္ အလုပ္မရွိတဲ့ေယာက္က်ားနဲ႔သူ႕အေမ သူ႔အစ္မ သူ႔တူ သူ႔တူမေတြကို ငါ့ပိုက္ဆံနဲ႔ငွားထားတဲ့အိမ္မွာ ၄ႏွစ္ေက်ာ္ ငါရွာေကြၽးခဲ့ တယ္သူ႔အေမကိုလစဥ္ေဆးဖိုးေတြၾကည္ျဖဴစြာေပးခဲ့တယ္ ငါ့အေမလည္းေရာဂါသည္ပဲေလ ငါ့အေမကိုေဆးကုဖို႔ေပးဖို႔ေနေနသာသာ ဖုန္းေျပာရင္ေတာင္စပီကာဖြင့္ေျပာရတယ္ ငါ့အေမနဲ႔ျပန္အဆင္ေျပလို႔ ငါ့အိမ္ကိုသူမပါဘဲ သူ႔အစ္မမပါဘဲ မသြားရဘူး အဲ့ဒါေရာတရားသလား သူ႔တစ္အိမ္လုံးကိုေတာင္ငါၾကည္ျဖဴစြာနဲ႔ေကြၽးေမြးၿပီးငါ့အိမ္ေပၚေခၚတင္ထားခဲ့တာေလ”လို႔ ေျပာျပခဲ့ၿပီး

ကေလး(၄၄)ရက္သားေလးနဲ႔ ပိုက္ဆံထြက္ရွာခဲ့ရတယ္ဆိုတာကိုလည္း ” အိမ္ေထာင္က် (၄)ႏွစ္ေက်ာ္ကေလးေမြးၿပီးမွအလုပ္လုပ္လို႔သူ႔သားရတဲ့လခ ငါ့ကိုအပ္ေတာ့ သူ႔အေမကငါ့ကိုမၾကည္ျဖဴေတာ့ဘူးေလ ကေလး (၄၄)ရက္သားမွာေတာင္ ကေလးၿမိဳ႕မွာငါသီခ်င္းသြားဆိုခဲ့ၿပီးပိုက္ဆံရွာခဲ့ရတဲ့မိန္းမပါ ငါ့လိုဘယ္သူ သည္းခံၾကည္ျဖဴႏိုင္သလဲ သူ႔အေမရဲ႕နင္တို႔မင္းသမီးေတြကဖာခံစားတဲ့ဖာသည္မေတြလို႔ေျပာခဲ့တဲ့စကားကိုခုထိငါ့နားထဲကမထြက္ဘူး ငါေျဖခဲ့တဲ့အင္တာဗ်ဴးေတြမွာ ဒီအေၾကာင္းေတြငါထည့္မေျဖေသးဘူးေနာ္ ေျဖခဲ့သမွ်လိမ္တာညာတာတခုမွမပါဘူး ေအး လိမ္ရဲတဲ့သူ ရွက္တတ္ပါေစ ေနာက္အင္တာဗ်ဴးေတြေတာ့ ငါအကုန္ထည့္ေျဖမိမလားမေျပာတတ္ဘူးJuly July “လို႔ ရင္ဖြင့္ေျပာျပလာခဲ့တာျဖစ္ပါတယ္။

Source: July Moe
ခ်စ္သဲေမ @ CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“သူမအပေါ်ရက်စက်ခဲ့တဲ့ အမျိုးသားနဲ့ ယောက္ခမအေကြာင်းကို ရင်ဖွင့်ပြောပြလာခဲ့တဲ့ မျိုးစန္ဒီကျော်”

မျိုးစန္ဒီကျော်ရဲ့ အိမ်ထောင်ရေးကွာရှင်းတဲ့ သတင်းကြောင့် ကြားထဲကမြေဇာပင် တစ်ပင်လိုဖြစ်ခဲ့ရတဲ့ သမီးလေးအတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေရတာပါ။ မျိုးစန္ဒီကျော်ကတော့ ခင်ပွန်းဖြစ်သူကို ကားတစ်စီးပေးကာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှာ ပြတ်ပြတ်ဆဲဆဲကွာရှင်းလက်မှတ်ထိုးခဲ့တယ်လို့ သိရပါတယ်။ ယခုလို ကွာရှင်းတာကို သူငယ်ချင်းဖြစ်သူ ဂျူလှိုင်မိုးက စိတ်မကောင်းဖြစ်စွာနဲ့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ မျိုးစန္ဒီကျော်တို့ ဇနီးမောင်နှံရဲ့ ချစ်စကြင်စအချိန်လေးတွေကို ပြန်လည်ပြောပြပြီး တရားရုံးမှာ သူတို့ကွာရှင်းနေတာကို ကြည့်ပြီး ကြားထဲကနေစိတ်မကောင်းဖြစ်နေရတယ်လို့ Post တစ်ခုရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

အဆိုပါ Post အောက်မှာတော့ မျိုးစန္ဒီကျော်တို့ ဇနီးမောင်နှံရဲ့ ကွာရှင်းမှုနဲ့ပတ်သက်ပြီး ဝေဖန်အကြုံပြုချက်တွေပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါကို မျိုးစန္ဒီကျော်က အဲဒီ Post အောက်မှာ သူတို့နှစ်ယောက်ကွာရှင်းရတာကို အကြောင်းစုံမသိသေးတဲ့သူတွေအတွက် သိအောင်နည်းနည်းလေးပြောပြခဲ့တာဖြစ်ပါတယ်။ အဲဒါကတော့ “ငါ့စိတ်ထားဖြူစင်တာ ရိုးသားတာ ငါနဲ့အနီးကပ်ပေါင်းတဲ့သူတိုင်းသိတယ် အလုပ်မရှိတဲ့ယောက်ကျားနဲ့သူ့အမေ သူ့အစ်မ သူ့တူ သူ့တူမတွေကို ငါ့ပိုက်ဆံနဲ့ငှားထားတဲ့အိမ်မှာ ၄နှစ်ကျော် ငါရှာကျွေးခဲ့ တယ်သူ့အမေကိုလစဉ်ဆေးဖိုးတွေကြည်ဖြူစွာပေးခဲ့တယ် ငါ့အမေလည်းရောဂါသည်ပဲလေ ငါ့အမေကိုဆေးကုဖို့ပေးဖို့နေနေသာသာ ဖုန်းပြောရင်တောင်စပီကာဖွင့်ပြောရတယ် ငါ့အမေနဲ့ပြန်အဆင်ပြေလို့ ငါ့အိမ်ကိုသူမပါဘဲ သူ့အစ်မမပါဘဲ မသွားရဘူး အဲ့ဒါရောတရားသလား သူ့တစ်အိမ်လုံးကိုတောင်ငါကြည်ဖြူစွာနဲ့ကျွေးမွေးပြီးငါ့အိမ်ပေါ်ခေါ်တင်ထားခဲ့တာလေ”လို့ ပြောပြခဲ့ပြီး

ကလေး(၄၄)ရက်သားလေးနဲ့ ပိုက်ဆံထွက်ရှာခဲ့ရတယ်ဆိုတာကိုလည်း ” အိမ်ထောင်ကျ (၄)နှစ်ကျော်ကလေးမွေးပြီးမှအလုပ်လုပ်လို့သူ့သားရတဲ့လခ ငါ့ကိုအပ်တော့ သူ့အမေကငါ့ကိုမကြည်ဖြူတော့ဘူးလေ ကလေး (၄၄)ရက်သားမှာတောင် ကလေးမြို့မှာငါသီချင်းသွားဆိုခဲ့ပြီးပိုက်ဆံရှာခဲ့ရတဲ့မိန်းမပါ ငါ့လိုဘယ်သူ သည်းခံကြည်ဖြူနိုင်သလဲ သူ့အမေရဲ့နင်တို့မင်းသမီးတွေကဖာခံစားတဲ့ဖာသည်မတွေလို့ပြောခဲ့တဲ့စကားကိုခုထိငါ့နားထဲကမထွက်ဘူး ငါဖြေခဲ့တဲ့အင်တာဗျူးတွေမှာ ဒီအကြောင်းတွေငါထည့်မဖြေသေးဘူးနော် ဖြေခဲ့သမျှလိမ်တာညာတာတခုမှမပါဘူး အေး လိမ်ရဲတဲ့သူ ရှက်တတ်ပါစေ နောက်အင်တာဗျူးတွေတော့ ငါအကုန်ထည့်ဖြေမိမလားမပြောတတ်ဘူးJuly July “လို့ ရင်ဖွင့်ပြောပြလာခဲ့တာဖြစ်ပါတယ်။
Source: July Moe
ချစ်သဲမေ @ CeleGabar

error: Content is protected !!