Source : ထိပ်ထားသခင်
Shwe Poe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
” ဝရင်လဲဝပါစေ Diet လည်းမလုပ်နိုင်တော့ဘူးဆိုတဲ့ ထိပ်ထားလေးရဲ့ ဗီဒီယိုဖိုင် ”
ပြည်သူ့အချစ်တော် ထိပ်ထားသခင် လေးဟာ သူမရဲ့လူမှုကွန်ရက်ကဗီဒီယိုလေးတွေနဲ့ လူသိများလာခဲ့ပြီး အနုပညာလောကထဲကို အသက်(၃)နှစ်အရွယ်မှာ အငယ်ဆုံး ကြော်ငြာမင်းသမီးလေးအဖြစ်စတင်ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ထိပ်ထားလေးဟာ သူရဲ့ပင်ကိုယ်ဗီဇကိုက သရုပ်ဆောင်သာမက သီချင်းဆိုရာမှာလည်း ဝါသနာကြီးသူလေး ဖြစ်ပြီး မြန်မာတစ်ပြည်လုံးရဲ့သဲသဲလှုပ်ချစ်ရတဲ့ ဖွေးစိန်လေးကလည်းသူရဲ့စံပြအနုပညာရှင်ပါလို့သိရပါတယ်။
ဖွေးစိန်လေးရဲ့ ငယ်ဘဝပုံစံလေး နဲ့ ခပ်ခပ်ဆင်ဆင်ဖြစ်တဲ့ ထိပ်ထားလေးကို ဖွေးစိန်လေးကိုယ်တိုင်ကလည်း ထိပ်ထားလေးကိုသွားရောက်တွေ့ဆုံခဲ့ပါသေးတယ်တဲ့နော်။စိတ်ဆိုးပြီးသူ့မေမေကိုပြောတဲ့စကားလေးတွေဟာ Tik Tok မှာ အရမ်းဟော့ခဲ့တဲ့အပြင် မုန်းစွဲ ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ ဇွဲဝေယံထူးတို့ အမွှာညီအစ်ကိုနှစ်ယောက် နဲ့အတူ အမေးဖြေလေးတွေ ရိုက်ကူးခဲ့ပါသေးတယ်။ TikTok မှာလည်း ထိပ်ထားလေးရဲ့ စကားလေးတွေက ပရိသတ်တွေကြားမှာ ရေပန်းစားလေ့ရှိတာပဲ ဖြစ်ပါတယ်။မကြာသေးမီကလည်း ထိပ်ထားလေးဟာ ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေလေးတွေပါဝင်ဖို့ကောက်ခံခဲ့ကာ သူ့ရဲ့မွေးနေ့မှာ သွားရောက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိမှာလည်း သူမရဲ့မေမေကို ထိပ်ထားလေးက သူဝိတ်လျှော့တာ မလုပ်နိုင်တော့ဘူးဆိုကာ နေ့စဉ်ကျောင်းမှာလည်း ဆော့ကစားခဲ့တာ ဖြစ်ပြီး အိမ်မှာလည်း ဆော့ကစားလေ့ရှိတဲ့ သူမဟာ ဝိတ်လျှော့ဖို့ မဖြစ်နိုင်ဘူးလို့ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ” မာမီသမီးညစာလျှော့မစားနိုင်တော့ဘူး ။ ဝရင်လဲဝပါစေ ” Diet ” လည်းမလုပ်နိုင်တော့ဘူး။ ကျောင်းမှာလည်းဆော့ ၊အိမ်မှာလည်း ဆော့ သမီးဒီလောက်ပင်ပန်းတဲ့ဟာကို မာမီရယ် ” ဆိုပြီး ပြောထားတာကြောင့် ပရိသတ်တွေအသည်းယားနေတာပဲ ဖြစ်ပါတယ်။အနုပညာရှင်တွေလည်း ထိုပိုစ့်အောက်မှာ မှတ်ချက်တွေပေးထားတာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း ထိပ်ထားလေးရဲ့ဗီဒီယိုဖိုင်လေးကို ကြည့်ပြီးမှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source : ထိပ်ထားသခင်
Shwe Poe – CeleGabar
error: Content is protected !!