ဒုတိယအၾကိမ္ Paris Fashion Week တက္ေရာက္ဖို႔ဖိတ္ၾကားခံရျပန္တဲ့ ေနျခည္ဦး

ခ်ီခ်ီလို႔ခ်စ္စႏိုးေခၚၾကတဲ့ သြက္သြက္လက္လက္ပြင့္ပြင့္လင္းလင္းစကားေျပာတတ္တဲ့ ေနျခည္ဦးကိုေတာ့ မသိသူမရွိေလာက္ပါဘူးေနာ္။သြက္လက္ထက္ျမက္တဲ့ သူမဟာ Beauty Blogger တစ္ေယာက္အေနနဲ႔ေအာင္ျမင္သလို အခုဆိုရင္သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔ပရိသတ္ေတြရဲ႕ လက္ခံအားေပးမွုကိုရရွိလာသူပါ။


အခုရက္ပိုင္းအတြင္းမွာဆိုရင္လည္း ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းမင္းသားတစ္လက္ျဖစ္တဲ့ေနတိုးနဲ႔အတူ တြဲဖက္သရုပ္ေဆာင္ထားတဲ့ “အခမ္းနားဆံုးေမတၱာ” ဆိုတဲ့ဇာတ္ကားၾကီးကိုျပသေတာ့မွာပါ။ ဒီဇာတ္ကားၾကီးဟာေနျခည္ရဲ႕(၃)ကားေျမာက္ရုပ္ရွင္ဇာတ္ကားၾကီးပါ။ေနျခည္ဟာအေရွ႕မွာထြက္ရွိခဲ့တဲ့ “ရန္သူ” “ပုရိသ” စတဲ့ဇာတ္ကားေတြမွာလည္း အသစ္တစ္ေယာက္အေနနဲ႔ေကာင္းမြန္တယ္လို႔ ပရိသတ္အားေပးမွုရရွိထားတာပါ။

သရုပ္ေဆာင္တစ္ေယာက္ျဖစ္သလို အလွကုန္အမွတ္တံဆိပ္ေတြနဲ႔တြဲျပီး အလုပ္လုပ္ေနရတဲ့ ေနျခည္ကေတာ့ L’Oreal က က်င္းပတဲ့ Paris Fashion Week ကိုတက္ေရာက္ခြင့္ရဦးမွာပါ။ဒီပြဲကိုေတာ့ Make Me Beautiful Winner ျဖစ္တဲ့ ဘုန္းျငိမ္းခ်မ္းနဲ႔ အတူတက္ေရာက္မွာပါ။


ဒီတစ္ႏွစ္မွာေတာ့ ေနျခည့္အတြက္ဒုတိယေျမာက္ဖိတ္ၾကားခံရတာျဖစ္ျပီး မႏွစ္ကလည္း Paris Fashion Week ကို နာမည္ၾကီးမင္းသမီး၀တ္မွုန္ေရႊရည္၊မိတ္ကပ္ပညာရွင္ We Wee တို႔နဲ႔အတူတက္ေရာက္ခဲ့ပါေသးတယ္။ မႏွစ္ကဆိုရင္ေနျခည္ဦးတစ္ေယာက္ Paris Fashion Week မွာအမိုက္စားဖက္ရွင္ေတြနဲ႔တက္ေရာက္ခဲ့တာကိုလည္း ပရိသတ္ေတြမွတ္မိမွာပါ။ အခုလိုမ်ိဳးဖိတ္ၾကားခံရတဲ့အတြက္ ေနျခည္ရဲ႕ပရိသတ္ေတြကေတာ့ ေပ်ာ္ရႊင္ေနတာပဲဲျဖစ္ပါတယ္။
Source:NayChiOo
Sweet – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒုတိယအကြိမ် Paris Fashion Week တက်ရောက်ဖို့ဖိတ်ကြားခံရပြန်တဲ့ နေခြည်ဦး
ချီချီလို့ချစ်စနိုးခေါ်ကြတဲ့ သွက်သွက်လက်လက်ပွင့်ပွင့်လင်းလင်းစကားပြောတတ်တဲ့ နေခြည်ဦးကိုတော့ မသိသူမရှိလောက်ပါဘူးနော်။သွက်လက်ထက်မြက်တဲ့ သူမဟာ Beauty Blogger တစ်ယောက်အနေနဲ့အောင်မြင်သလို အခုဆိုရင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကိုရရှိလာသူပါ။


အခုရက်ပိုင်းအတွင်းမှာဆိုရင်လည်း မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့နေတိုးနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ “အခမ်းနားဆုံးမေတ္တာ” ဆိုတဲ့ဇာတ်ကားကြီးကိုပြသတော့မှာပါ။ ဒီဇာတ်ကားကြီးဟာနေခြည်ရဲ့(၃)ကားမြောက်ရုပ်ရှင်ဇာတ်ကားကြီးပါ။နေခြည်ဟာအရှေ့မှာထွက်ရှိခဲ့တဲ့ “ရန်သူ” “ပုရိသ” စတဲ့ဇာတ်ကားတွေမှာလည်း အသစ်တစ်ယောက်အနေနဲ့ကောင်းမွန်တယ်လို့ ပရိသတ်အားပေးမှုရရှိထားတာပါ။

သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အလှကုန်အမှတ်တံဆိပ်တွေနဲ့တွဲပြီး အလုပ်လုပ်နေရတဲ့ နေခြည်ကတော့ L’Oreal က ကျင်းပတဲ့ Paris Fashion Week ကိုတက်ရောက်ခွင့်ရဦးမှာပါ။ဒီပွဲကိုတော့ Make Me Beautiful Winner ဖြစ်တဲ့ ဘုန်းငြိမ်းချမ်းနဲ့ အတူတက်ရောက်မှာပါ။


ဒီတစ်နှစ်မှာတော့ နေခြည့်အတွက်ဒုတိယမြောက်ဖိတ်ကြားခံရတာဖြစ်ပြီး မနှစ်ကလည်း Paris Fashion Week ကို နာမည်ကြီးမင်းသမီးဝတ်မှုန်ရွှေရည်၊မိတ်ကပ်ပညာရှင် We Wee တို့နဲ့အတူတက်ရောက်ခဲ့ပါသေးတယ်။ မနှစ်ကဆိုရင်နေခြည်ဦးတစ်ယောက် Paris Fashion Week မှာအမိုက်စားဖက်ရှင်တွေနဲ့တက်ရောက်ခဲ့တာကိုလည်း ပရိသတ်တွေမှတ်မိမှာပါ။ အခုလိုမျိုးဖိတ်ကြားခံရတဲ့အတွက် နေခြည်ရဲ့ပရိသတ်တွေကတော့ ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။

error: Content is protected !!