




Source:May Brani Thaw
Sweet – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

ပထမဆုံးအနေနဲ့“အခမ်းနားဆုံးမေတ္တာ”ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရခဲ့တဲ့ မေဘရဏီသော်
မေဘရဏီသော်ကတော့ နိုင်ငံဂုဏ်ဆောင်အလှမယ်တစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးအလှမယ် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Miss Universe ပြိုင်ပွဲကြီးမှာမြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ပါဝင်ခဲ့သူတစ်ဦးပါ။ အမိုက်စားခန္ဓာကိုယ်နဲ့အတူ ယုံကြည်မှုအပြည့်နဲ့လှပတဲ့ သူမဟာမော်ဒယ်တစ်ယောက်ဖြစ်သလို အခုဆိုရင် သရုပ်ဆာင်အနေနဲ့ကြိုးစားလာတာကိုလည်းတွေ့ရမှာပါ။


အခုဆိုရင် မေဘရဏီသော်ဟာ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရတဲ့အထိ ပရိသတ်အသိအမှတ်ပြုခံလာရပါပြီ။နာမည်ကြီးမင်းသားဖြစ်တဲ့နေတိုး၊မင်းသမီးချောနေခြည်ဦးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါပြီ။ဇာတ်ကားနာမည်ကတော့“အခမ်းနားဆုံးမေတ္တာ” ဖြစ်ပြီး အောက်တိုဘာ(၁၇)ရက်နေ့မှာပြသမှာပါ။


သူမဟာ MRTV ကထုတ်လွှင့်ပြသခဲ့တဲ့ “ဇနီးချောများကွန်ရက်” ဇာတ်လမ်းတွဲနဲ့ Skynet က ထုတ်လွှင့်ခဲ့တဲ့ “ပန်းနှစ်ပွင့်စီးချင်း” စတဲ့ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ မေဘရဏီသော်ကိုမော်ဒယ်တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း အနုပညာအရည်အချင်းအပြည့်အဝရှိတဲ့သူတစ်ယောက်ဆိုတာ ပရိသတ်တွေလက်ခံထားတာပါ။ရုပ်ရှင်ဇာတ်ကားကြီးမှာပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့ပြီဖြစ်တာကြောင့် သူမကိုချစ်တဲ့ပရိသတ်တွေအတွက်တော့ ရင်ခုန်စရာပါပဲ။

error: Content is protected !!