ျမန္မာႏိုင္ငံသို႔ထိုင္းခရီးသြားေစ်းကြက္ျမွင့္တင္ေရးအတြက္ ခရီးသြားသံတမန္ခန္႔အပ္ခံလိုက္ရတဲ့ ပိုင္တံခြန္

ပိုင္တံခြန္ဟာျမန္မာႏိုင္ငံရဲ႕နာမည္ၾကီး ေမာ္ဒယ္လ္၊သရုပ္ေဆာင္တစ္ဦးပါ။အမိုက္စားေဘာ္ဒီေတြနဲ႔ ဆြဲေဆာင္မွဳအျပည့္ရွိတဲ့အမ်ိဳးသားတစ္ေယာက္ျဖစ္တာေၾကာင့္ ႏွုတ္ခမ္းနီမေလးေတြကိုဖမ္းစားထားႏိုင္သူပါ။ အခုဆိုရင္ ပိုင္တံခြန္ကိုအာရွႏိုင္ငံအခ်ိဳ႕ကမိန္းကေလးေတြကသေဘာက်ေနတာျဖစ္ျပီး အထူးသျဖင့္ ထိုင္းႏိုင္ငံကမိန္းကေလးေတြကေတာ့ သည္းသည္းလွုပ္အားေပး၀န္းရံေနၾကတာပါ။


ပိုင္တံခြန္ကို ခရီးသြားလာေရး၀န္ၾကီးဌာနက ထိုင္းႏိုင္ငံဆိုင္ရာ ခရီးသြားေစ်းကြက္ကို တိုးခ်ဲ႕ျမွင့္တင္ဖို႔အတြက္ ခရီးသြားသံတမန္အျဖစ္နဲ႔ခန္႔အပ္လုိက္တာပါ။ ခရီးသြားသံတမန္ခန္႔အပ္တဲ့အခမ္းအနားကို စက္တင္ဘာလ(၂၁)ရက္ေန႔က Wyndham Grand Yangon Hotelမွာက်င္းပခဲ့တာပါ။ ဒီလိုတာ၀န္မ်ိဳးေပးအပ္ခံရတဲ့အတြက္လည္းပိုင္တံခြန္ကေနျပီး ျမန္မာျပည္ကိုခ်စ္တဲ့သူတစ္ဦးအေနနဲ႔ဂုဏ္ယူစြာျဖင့္၀မ္းေျမာက္၀မ္းသာလက္ခံခဲ့တာပါ။


ျမန္မာႏိုင္ငံကိုအမ်ားဆံုး၀င္ေရာက္လည္ပတ္တဲ့ ႏိုင္ငံျခားသားဧည့္သည္ေတြထဲမွာ ထိုင္းလူမ်ိဳးေတြပါ၀င္ေနျပီးႏွစ္စဥ္ သိန္းဂဏန္းအထိ လာေရာက္လည္ပတ္ေလ့ရွိတာပါ။ ပိုင္တံခြန္အေနနဲ႔လည္းခရီးသြားလုပ္ငန္းနဲ႔အတူျမန္မာႏိုင္ငံရဲ႕စိတ္၀င္စားစရာေကာင္းတဲ့ ခရီးသြားေဒသေတြကိုေဖာ္ထုတ္ခြင္ရတာကို ဂုဏ္ယူေၾကာင္းေျပာခဲ့ပါတယ္။ ထိုင္းႏိုင္ငံမွာပရိသတ္အားေပးမွုမ်ားစြာရွိေနတဲ့ ပိုင္တံခြန္ဟာဒီလိုတာ၀န္အတြက္ သင့္ေလ်ာ္တဲ့လူတစ္ေယာက္ပါပဲေနာ္။ Congradulations ပါ ပိုင္တံခြန္ေရ…။
Source:Paing Takon
Sweet – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

မြန်မာနိုင်ငံသို့ထိုင်းခရီးသွားဈေးကွက်မြှင့်တင်ရေးအတွက် ခရီးသွားသံတမန်ခန့်အပ်ခံလိုက်ရတဲ့ ပိုင်တံခွန်
ပိုင်တံခွန်ဟာမြန်မာနိုင်ငံရဲ့နာမည်ကြီး မော်ဒယ်လ်၊သရုပ်ဆောင်တစ်ဦးပါ။အမိုက်စားဘော်ဒီတွေနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့အမျိုးသားတစ်ယောက်ဖြစ်တာကြောင့် နှုတ်ခမ်းနီမလေးတွေကိုဖမ်းစားထားနိုင်သူပါ။ အခုဆိုရင် ပိုင်တံခွန်ကိုအာရှနိုင်ငံအချို့ကမိန်းကလေးတွေကသဘောကျနေတာဖြစ်ပြီး အထူးသဖြင့် ထိုင်းနိုင်ငံကမိန်းကလေးတွေကတော့ သည်းသည်းလှုပ်အားပေးဝန်းရံနေကြတာပါ။


ပိုင်တံခွန်ကို ခရီးသွားလာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံဆိုင်ရာ ခရီးသွားဈေးကွက်ကို တိုးချဲ့မြှင့်တင်ဖို့အတွက် ခရီးသွားသံတမန်အဖြစ်နဲ့ခန့်အပ်လိုက်တာပါ။ ခရီးသွားသံတမန်ခန့်အပ်တဲ့အခမ်းအနားကို စက်တင်ဘာလ(၂၁)ရက်နေ့က Wyndham Grand Yangon Hotelမှာကျင်းပခဲ့တာပါ။ ဒီလိုတာဝန်မျိုးပေးအပ်ခံရတဲ့အတွက်လည်းပိုင်တံခွန်ကနေပြီး မြန်မာပြည်ကိုချစ်တဲ့သူတစ်ဦးအနေနဲ့ဂုဏ်ယူစွာဖြင့်ဝမ်းမြောက်ဝမ်းသာလက်ခံခဲ့တာပါ။


မြန်မာနိုင်ငံကိုအများဆုံးဝင်ရောက်လည်ပတ်တဲ့ နိုင်ငံခြားသားဧည့်သည်တွေထဲမှာ ထိုင်းလူမျိုးတွေပါဝင်နေပြီးနှစ်စဉ် သိန်းဂဏန်းအထိ လာရောက်လည်ပတ်လေ့ရှိတာပါ။ ပိုင်တံခွန်အနေနဲ့လည်းခရီးသွားလုပ်ငန်းနဲ့အတူမြန်မာနိုင်ငံရဲ့စိတ်ဝင်စားစရာကောင်းတဲ့ ခရီးသွားဒေသတွေကိုဖော်ထုတ်ခွင်ရတာကို ဂုဏ်ယူကြောင်းပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာပရိသတ်အားပေးမှုများစွာရှိနေတဲ့ ပိုင်တံခွန်ဟာဒီလိုတာဝန်အတွက် သင့်လျော်တဲ့လူတစ်ယောက်ပါပဲနော်။ Congradulations ပါ ပိုင်တံခွန်ရေ…။

error: Content is protected !!