“ေက်ာ္ေက်ာ္ကို ေမြးေန႔မွာ ပဲႀကီးေလွာ္နဲ႔ေရတိုက္မယ္ဆိုတဲ့ ေမြးေန႔ရွင္ေလး စိုးျပည့္”

ဒီေန႔စက္တင္ဘာလ(၂၂)ရက္ေလးကေတာ့ ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးတစ္ေယာက္ျဖစ္တဲ့ စိုးျပည့္ေလးရဲ႕ ေမြးေန႔ေလးပါေနာ္။ စိုးျပည့္သဇင္ကေတာ့ အႏုပညာေလာကမွာ ပရိသတ္အခိုင္အမာရရွိထားသူတစ္ေယာက္ျဖစ္ၿပီး ကေလးေလးတစ္ေယာက္လို ရိုးသားပြင့္လင္းစြာ ေနထိုင္တတ္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္ဝန္းရံမႈကိုခံေနရတာျဖစ္ပါတယ္။ သူမကေတာ့ သ႐ုပ္ေဆာင္ပိုင္းမွာ အခ်က္က်က်နဲ႔ ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္သူတစ္ေယာက္ျဖစ္တာေၾကာင့္ အကယ္ဒမီဆုကိုပိုင္ဆိုင္ရရွိထားသူတစ္ေယာက္ျဖစ္သလို အဆိုေတာ္တစ္ေယာက္အေနနဲ႔လည္း ပရိသတ္အခိုင္အမာရရွိထားသူပါ။

ဒီေန႔ေလးကေတာ့ စိုးျပည့္ေလးရဲ႕ ေမြးေန႔ေလးျဖစ္ၿပီး သူမရဲ႕ ေမြးေန႔ပြဲေလးကို ခ်စ္ရတဲ့ ပရိသတ္ေတြနဲ႔အတူ က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ထို႔ေနာက္ စိုးျပည့္ရဲ႕ အခ်စ္ေတာ္ပရိသတ္ေလးေတြက သူမအတြက္ ေမြးေန႔ဆုေတာင္ေပးခဲ့ပါတယ္။ ဒါ့အျပင္အႏုပညာရွင္အခ်ိဳ႕ကလည္း ေမြးေန႔ဆုေတာင္းေပးခဲ့တာျဖစ္ၿပီး လူးလူးစိန္ဇာတ္ကားမွာ အတူသ႐ုပ္ေဆာင္ထားၿပီး သူငယ္ခ်င္းျဖစ္သူ ေက်ာ္ေက်ာ္ကလည္း ေမြးေန႔ဆုေတာင္းေပးထားတာျဖစ္ပါတယ္။ “ဟက္ပီးဘတ္ေဒးပါ လူးလူးစိန္ေရ ဘာေကြၽးမွာလဲသာအရင္ေျပာ ဒီထပ္ပိုၿပီးေအာင္ျမင္ခ်မ္းသာေပ်ာ္႐ႊင္ပါေစ”လို႔ ေမြးေန႔ဆုေတာင္းေပးၿပီး ေမြးေန႔မွာ ဘာေကြၽးမွာလဲလို႔ စေနာက္ကာေမးလိုက္တာျဖစ္ပါတယ္။

ဒါကို ေမြးေန႔ရွင္ေလးျဖစ္တဲ့ စိုးျပည့္သဇင္ကလည္း “ပဲႀကီးေလွာ္နဲ႔ေရတိုက္ပါမယ္ေနာ္” လို႔ ခ်စ္စရာေကာင္းေအာင္ ျပန္လည္ၿပီး အတည္ေပါက္နဲ႔ေနာက္လိုက္တာျဖစ္ပါတယ္။ စိုးျပည့္ေလးကေတာ့ ပြင့္ပြင့္လင္းလင္းပဲေျပာတတ္တဲ့ သူေလးျဖစ္တာေၾကာင့္ အသဲေတြယားေအာင္အရမ္းေတြ ခ်စ္စရာေကာင္းေနပါၿပီ။ ဆယ္လီကမာၻပရိသတ္ႀကီးေရ ဒီေန႔မွာ က်ေရာက္တဲ့ ပရိသတ္အခ်စ္ေတာ္ေလး စိုးျပည့္သဇင္ရဲ႕ ေမြးေန႔အတြက္ ေမြးေန႔ဆုေတာင္းစကားေလးေတြ ေျပာေပးခဲ့ပါဦးေနာ္……။


Source: Kyaw Naing Oo
ခ်စ္သဲေမ @ CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“ကျော်ကျော်ကို မွေးနေ့မှာ ပဲကြီးလှော်နဲ့ရေတိုက်မယ်ဆိုတဲ့ မွေးနေ့ရှင်လေး စိုးပြည့်”

ဒီနေ့စက်တင်ဘာလ(၂၂)ရက်လေးကတော့ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်တဲ့ စိုးပြည့်လေးရဲ့ မွေးနေ့လေးပါနော်။ စိုးပြည့်သဇင်ကတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်ပြီး ကလေးလေးတစ်ယောက်လို ရိုးသားပွင့်လင်းစွာ နေထိုင်တတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံမှုကိုခံနေရတာဖြစ်ပါတယ်။ သူမကတော့ သရုပ်ဆောင်ပိုင်းမှာ အချက်ကျကျနဲ့ ပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့် အကယ်ဒမီဆုကိုပိုင်ဆိုင်ရရှိထားသူတစ်ယောက်ဖြစ်သလို အဆိုတော်တစ်ယောက်အနေနဲ့လည်း ပရိသတ်အခိုင်အမာရရှိထားသူပါ။

ဒီနေ့လေးကတော့ စိုးပြည့်လေးရဲ့ မွေးနေ့လေးဖြစ်ပြီး သူမရဲ့ မွေးနေ့ပွဲလေးကို ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထို့နောက် စိုးပြည့်ရဲ့ အချစ်တော်ပရိသတ်လေးတွေက သူမအတွက် မွေးနေ့ဆုတောင်ပေးခဲ့ပါတယ်။ ဒါ့အပြင်အနုပညာရှင်အချို့ကလည်း မွေးနေ့ဆုတောင်းပေးခဲ့တာဖြစ်ပြီး လူးလူးစိန်ဇာတ်ကားမှာ အတူသရုပ်ဆောင်ထားပြီး သူငယ်ချင်းဖြစ်သူ ကျော်ကျော်ကလည်း မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်။ “ဟက်ပီးဘတ်ဒေးပါ လူးလူးစိန်ရေ ဘာကျွေးမှာလဲသာအရင်ပြော ဒီထပ်ပိုပြီးအောင်မြင်ချမ်းသာပျော်ရွှင်ပါစေ”လို့ မွေးနေ့ဆုတောင်းပေးပြီး မွေးနေ့မှာ ဘာကျွေးမှာလဲလို့ စနောက်ကာမေးလိုက်တာဖြစ်ပါတယ်။

ဒါကို မွေးနေ့ရှင်လေးဖြစ်တဲ့ စိုးပြည့်သဇင်ကလည်း “ပဲကြီးလှော်နဲ့ရေတိုက်ပါမယ်နော်” လို့ ချစ်စရာကောင်းအောင် ပြန်လည်ပြီး အတည်ပေါက်နဲ့နောက်လိုက်တာဖြစ်ပါတယ်။ စိုးပြည့်လေးကတော့ ပွင့်ပွင့်လင်းလင်းပဲပြောတတ်တဲ့ သူလေးဖြစ်တာကြောင့် အသဲတွေယားအောင်အရမ်းတွေ ချစ်စရာကောင်းနေပါပြီ။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဒီနေ့မှာ ကျရောက်တဲ့ ပရိသတ်အချစ်တော်လေး စိုးပြည့်သဇင်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါဦးနော်……။
Source: Kyaw Naing Oo
ချစ်သဲမေ @ CeleGabar

error: Content is protected !!