” တန္ဖိုးရွိလွတဲ့ ဆုေတာင္းစကားေတြနဲ႕ သမီးအႀကီးပီသေအာင္ ဖခင္ကို ေမြးေန႕ဆုေတာင္းေပးခဲ့တဲ့ သမီးလိမၼာေလး ခ်ီခ်ီ “

ေနျခည္ဦးကေတာ့ Beauty Blogger တစ္ေယာက္ျဖစ္ၿပီး သ႐ုပ္ေဆာင္ဘက္ကို ကူးေျပာင္းလာတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ Blogger တစ္ေယာက္ျဖစ္ေနစဥ္ကတည္းက အားေပးတဲ့ အမာခံပရိသတ္ေတြ အခိုင္အမာရရွိထားၿပီး သ႐ုပ္ေဆာင္ဘက္ကို ထပ္မံ အားစိုက္ေတာ့လည္း ပရိသတ္ေတြက ပိုမိုလက္ခံလာၿပီး သူမရဲ႕ ပထမဆုံး႐ုပ္ရွင္ကားျဖစ္တဲ့ ” ရန္သူ” ႐ုပ္ရွင္ကားကို ပရိသတ္ေတြ တခဲနက္အားေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။

ေနာက္ထပ္တစ္ကားျဖစ္တဲ့ “ဧည့္သည္” ႐ုပ္ရွင္ဇာတ္ကားမွာလည္း ပရိသတ္ေတြ အားေပးခ်ီးက်ဴးျခင္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္သစ္တစ္ေယာက္ျဖစ္ေပမယ့္ ဝါရင့္သဘာရင့္ သ႐ုပ္ေဆာင္ေတြနဲ႔ တြဲဖက္သ႐ုပ္ေဆာင္တာေတာင္ ပရိသတ္အျမင္မွာ သ႐ုပ္ေဆာင္သစ္တစ္ေယာက္လို ျဖစ္မေနတဲ့ ခ်ီခ်ီရဲ႕ အႏုပညာပါရမီကေတာ့ အံ့မခန္းပါပဲေနာ္။ရသသစ္တစ္မ်ိဳးျဖစ္တဲ့ “ပုရိသ” ႐ုပ္ရွင္ဇာတ္ကားႀကီးကို သူမရဲ႕ ပရိသတ္ေတြက အထူးအားေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။သူမရဲ႕အခ်စ္ေရးကေတာ့ ခ်စ္သူေကာင္ေလးနဲ႔ (၂)ႏွစ္ၾကာလက္တြဲၿပီးေနာက္ ႏွစ္ဦးသေဘာတူ လမ္းခြဲခဲ့တာ မၾကာေသးပါဘူးေနာ္။

Single အျဖစ္တစ္ကိုယ္တည္းေနရင္း အႏုပညာအလုပ္ေတြအေပၚမွာ ပဲ အားစိုက္ေနခဲ့တဲ့ ခ်ီခ်ီကေတာ့ ယေန႕မွာ က်ေရာက္လာတဲ့ စက္တင္ဘာလ(၂၂)ရက္ေန႕မွာ သူ႕ရဲ႕ ခ်စ္စရာ ေဖေဖအတြက္ ေမြးေန႕ဆုေတာင္းစကားေလးကို ” Happiest 53rd Birthday ပါ ေဖႀကီး။ သက္ဦးမို႔လို႔ အ႐ူးအမူးခ်စ္ခဲ့ေပမယ့္ ဆိုးခဲ့တဲ့ သမီးႀကီးကို လက္ညိဳးတစ္ေခ်ာင္းနဲ႕ေတာင္ မတို႔ခဲ့ဖူးဘူး။ဘဝမွာ အစစအရာရာ မ်က္ႏွာမငယ္ရေအာင္ မျပည့္မစံုဘဝထဲက ႐ုန္းကန္ေကြ်းေမြးခဲ့တဲ့ ေက်းဇူးေတြကို သမီး အခုအခ်ိန္ ျပန္ရွာေကြ်းႏိုင္တဲ့ အခ်ိန္မွာလဲ ေဖႀကီးလိုခ်င္တဲ့ အခ်စ္ေတြ ေမတၱာေတြ မိသားစုကို အခ်ိန္ေပးဖို႔ေတြ ပိုလုပ္ေပးမယ္လို ႔ ဒီေမြးေန႔မွာ လက္ေဆာင္အျဖစ္ေပးလိုက္မယ္ေနာ္။အပင္ေတြ အေကာင္ေတြ ေျမေတြ ဝယ္ၿပီး ပိုက္ဆံအၿမဲ လိုေနတဲ့ ေမႀကီးကိုလဲ သမီးပဲ အၿမဲဒီလိုေလး ရီေမာေနေအာင္ဂ႐ုစိုက္လိုက္ပါ့မယ္။ အငယ္ႏွစ္ေကာင္ေတာ့ ေဖႀကီး ေကြ်းရဦးမွာေပါ့။ခ်စ္တယ္ ေဖႀကီး ဒီဘဝမွာ ေဖႀကီး သမီး ျဖစ္ရတာ သမီး ဂုဏ္အယူဆံုးဘဲေနာက္ေမြးေန႔ေတြမွာလဲ ဒီမိန္းမ ဒီသား ဒီသမီးေတြနဲ႕ ေနာင္ႏွစ္ေပါင္း ၅၀ တူတူျဖတ္သန္းမယ္ေနာ္။ ” ဆိုၿပီး တန္ဖိုးရွိလွတဲ့ ေမြးေန႕ဆုေတာင္းေလးကို ျပဳလုပ္ကာ အမွတ္တရပံုရိပ္ေတြနဲ႕အတူ ဗီဒီယိုဖိုင္ေလးကိုလည္း ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ခ်ီခ်ီ ေဖေဖအတြက္ ေမြးေန႕ဆုေတာင္းေလးေပးခဲ့ပါဦးေနာ္။

Source : Nay Chi Oo
Shwe Poe – CeleGabar
ယူနၤီကုဒ္ျဖင့္ဖတ္ရန္

” တန်ဖိုးရှိလှတဲ့ ဆုတောင်းစကားတွေနဲ့ သမီးအကြီးပီသအောင် ဖခင်ကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ သမီးလိမ္မာလေး ချီချီ ”

နေခြည်ဦးကတော့ Beauty Blogger တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ Blogger တစ်ယောက်ဖြစ်နေစဉ်ကတည်းက အားပေးတဲ့ အမာခံပရိသတ်တွေ အခိုင်အမာရရှိထားပြီး သရုပ်ဆောင်ဘက်ကို ထပ်မံ အားစိုက်တော့လည်း ပရိသတ်တွေက ပိုမိုလက်ခံလာပြီး သူမရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့ ” ရန်သူ” ရုပ်ရှင်ကားကို ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

နောက်ထပ်တစ်ကားဖြစ်တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားမှာလည်း ပရိသတ်တွေ အားပေးချီးကျူးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်သစ်တစ်ယောက်ဖြစ်ပေမယ့် ဝါရင့်သဘာရင့် သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်တာတောင် ပရိသတ်အမြင်မှာ သရုပ်ဆောင်သစ်တစ်ယောက်လို ဖြစ်မနေတဲ့ ချီချီရဲ့ အနုပညာပါရမီကတော့ အံ့မခန်းပါပဲနော်။ရသသစ်တစ်မျိုးဖြစ်တဲ့ “ပုရိသ” ရုပ်ရှင်ဇာတ်ကားကြီးကို သူမရဲ့ ပရိသတ်တွေက အထူးအားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။
သူမရဲ့အချစ်ရေးကတော့ ချစ်သူကောင်လေးနဲ့ (၂)နှစ်ကြာလက်တွဲပြီးနောက် နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာ မကြာသေးပါဘူးနော်။

Single အဖြစ်တစ်ကိုယ်တည်းနေရင်း အနုပညာအလုပ်တွေအပေါ်မှာ ပဲ အားစိုက်နေခဲ့တဲ့ ချီချီကတော့ ယနေ့မှာ ကျရောက်လာတဲ့ စက်တင်ဘာလ(၂၂)ရက်နေ့မှာ သူ့ရဲ့ ချစ်စရာ ဖေဖေအတွက် မွေးနေ့ဆုတောင်းစကားလေးကို ” Happiest 53rd Birthday ပါ ဖေကြီး။ သက်ဦးမို့လို့ အရူးအမူးချစ်ခဲ့ပေမယ့် ဆိုးခဲ့တဲ့ သမီးကြီးကို လက်ညိုးတစ်ချောင်းနဲ့တောင် မတို့ခဲ့ဖူးဘူး။ဘဝမှာ အစစအရာရာ မျက်နှာမငယ်ရအောင် မပြည့်မစုံဘဝထဲက ရုန်းကန်ကျွေးမွေးခဲ့တဲ့ ကျေးဇူးတွေကို သမီး အခုအချိန် ပြန်ရှာကျွေးနိုင်တဲ့ အချိန်မှာလဲ ဖေကြီးလိုချင်တဲ့ အချစ်တွေ မေတ္တာတွေ မိသားစုကို အချိန်ပေးဖို့တွေ ပိုလုပ်ပေးမယ်လို့ ဒီမွေးနေ့မှာ လက်ဆောင်အဖြစ်ပေးလိုက်မယ်နော်။အပင်တွေ အကောင်တွေ မြေတွေ ဝယ်ပြီး ပိုက်ဆံအမြဲ လိုနေတဲ့ မေကြီးကိုလဲ သမီးပဲ အမြဲဒီလိုလေး ရီမောနေအောင်ဂရုစိုက်လိုက်ပါ့မယ်။ အငယ်နှစ်ကောင်တော့ ဖေကြီး ကျွေးရဦးမှာပေါ့။ချစ်တယ် ဖေကြီး ဒီဘဝမှာ ဖေကြီး သမီး ဖြစ်ရတာ သမီး ဂုဏ်အယူဆုံးဘဲနောက်မွေးနေ့တွေမှာလဲ ဒီမိန်းမ ဒီသား ဒီသမီးတွေနဲ့ နောင်နှစ်ပေါင်း ၅၀ တူတူဖြတ်သန်းမယ်နော်။ ” ဆိုပြီး တန်ဖိုးရှိလှတဲ့ မွေးနေ့ဆုတောင်းလေးကို ပြုလုပ်ကာ အမှတ်တရပုံရိပ်တွေနဲ့အတူ ဗီဒီယိုဖိုင်လေးကိုလည်း ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ချီချီ ဖေဖေအတွက် မွေးနေ့ဆုတောင်းလေးပေးခဲ့ပါဦးနော်။

Source : Nay Chi Oo
Shwe Poe – CeleGabar

error: Content is protected !!