ပထမဆံုးေမြးေန႔အႀကိဳ Surprise လက္ေဆာင္အျဖစ္နဲ႔ ေနာက္ဆုံးေပၚ iPhone 11 pro Max ရခဲ့တဲ့ ေနေဒြး

မၾကာခင္မွာေရာက္ရွိလာေတာ့မယ့္ သ႐ုပ္ေဆာင္ေနေဒြးရဲ႕ေမြးေန႔အတြက္ ခ်စ္ခင္အားေပးတဲ့ ပရိသတ္တစ္ေယာက္က ေနာက္ဆုံးေပၚ iPhone 11 pro Max ကို လက္ေဆာင္ပို႔ေပးခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရွိကာလေပါက္ေဈးကေတာ့ သိန္းႏွစ္ဆယ္ေက်ာ္ေလာက္ရွိၿပီး ျမန္မာႏိုင္ငံမွာ တရားဝင္ေရာင္းခ်ျခင္းမရွိေပးပဲ ႏိုင္ငံျခားကေနမွာယူရတာပဲျဖစ္ပါတယ္။ အရမ္းကိုခ်စ္ခင္အားေပးတဲ့ ပရိသတ္ေၾကာင့္ ေနေဒြးကိုယ္တိုင္လည္း Surprise ျဖစ္ၿပီး ဝမ္းသာၾကည္ႏူးခဲ့ရပါတယ္။

အႏုပညာအလုပ္ေတြကိုလည္းႀကိဳးႀကိဳးစားစားလုပ္ၿပီး ေမေမ့ကိုခ်စ္တဲ့သားလိမၼာေလးကို ပရိသတ္ေတြကလည္းအရမ္းကိုခ်စ္ၾကပါ တယ္။ က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္တဲ့ စြယ္စုံရမင္းသားမို႔ ပရိသတ္ေတြရဲ႕အားေပးမႈေတြနဲ႔ အႏုပညာ လမ္းေၾကာင္းေပၚမွာ ေအာင္ေအာင္ျမင္ျမင္နဲ႔ ေလွ်ာက္လွမ္းႏိုင္ေနသူလည္းျဖစ္ပါတယ္။ ခင္မင္ရတဲ့သူငယ္ခ်င္းေတြကလည္း လက္ေဆာင္ေလးနဲ႔ပက္သက္ျပီး စေနာက္ခဲ့ၾကပါေသးတယ္။

လက္ေဆာင္ရတဲ့မွတ္တမ္းေလးကို ” ဆိုးးးးဆိုးးးးးးး အေမးဇင္းးးးးးး ဒီအခ်ိန္ႀကီးဘယ္ကမွန္းးးမသိ ေရာက္လာတဲ့ လက္ေဆာင္က ပထမဆုံးးအေစာဆုံးးးးးေမြးေန႔လက္ေဆာင္ႀကိဳရဖူးတာဘဲ” ဆိုၿပီးတင္ထားတာပဲျဖစ္ပါတယ္။ ေပ်ာ္ရႊင္စရာေကာင္းတဲ့ေမြးေန႔ေလးကို အေပ်ာ္ေလးေတြနဲ႔ စလိုက္ရေတာ့မဂၤလာရွိသြားတာေပါ့ေနာ္။ Happy Birthday ပါ ေနေဒြးေရ။

Photo – Nay Dway
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” ပထမဆုံးမွေးနေ့အကြို Surprise လက်ဆောင်အဖြစ်နဲ့ နောက်ဆုံးပေါ် iPhone 11 pro Max ရခဲ့တဲ့ နေဒွေး ”

မကြာခင်မှာရောက်ရှိလာတော့မယ့် သရုပ်ဆောင်နေဒွေးရဲ့မွေးနေ့အတွက် ချစ်ခင်အားပေးတဲ့ ပရိသတ်တစ်ယောက်က နောက်ဆုံးပေါ် iPhone 11 pro Max ကို လက်ဆောင်ပို့ပေးခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိကာလပေါက်ဈေးကတော့ သိန်းနှစ်ဆယ် ကျော်လောက်ရှိပြီး မြန်မာနိုင်ငံမှာ တရားဝင်ရောင်းချခြင်းမရှိပေးပဲ နိုင်ငံခြားကနေမှာယူရတာပဲဖြစ်ပါတယ်။ အရမ်းကိုချစ်ခင် အားပေးတဲ့ ပရိသတ်ကြောင့် နေဒွေးကိုယ်တိုင်လည်း Surprise ဖြစ်ပြီး ဝမ်းသာကြည်နူးခဲ့ရပါတယ်။

အနုပညာအလုပ်တွေကိုလည်းကြိုးကြိုးစားစားလုပ်ပြီး မေမေ့ကိုချစ်တဲ့သားလိမ္မာလေးကို ပရိသတ်တွေကလည်းအရမ်းကိုချစ်ကြပါ တယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ စွယ်စုံရမင်းသားမို့ ပရိသတ်တွေရဲ့အားပေးမှုတွေနဲ့ အနုပညာ လမ်းကြောင်းပေါ်မှာ အောင်အောင်မြင်မြင်နဲ့ လျှောက်လှမ်းနိုင်နေသူလည်းဖြစ်ပါတယ်။ ခင်မင်ရတဲ့သူငယ်ချင်းတွေကလည်း လက်ဆောင်လေးနဲ့ပက်သက်ပြီး စနောက်ခဲ့ကြပါသေးတယ်။

လက်ဆောင်ရတဲ့မှတ်တမ်းလေးကို ” ဆိုးးးးဆိုးးးးးးး အမေးဇင်းးးးးးး ဒီအချိန်ကြီးဘယ်ကမှန်းးးမသိ ရောက်လာတဲ့ လက်ဆောင်က ပထမဆုံးးအစောဆုံးးးးးမွေးနေ့လက်ဆောင်ကြိုရဖူးတာဘဲ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့လေးကို အပျော်လေးတွေနဲ့ စလိုက်ရတော့မင်္ဂလာရှိသွားတာပေါ့နော်။ Happy Birthday ပါ နေဒွေးရေ။

Photo – Nay Dway
Happy – Cele Gabar

error: Content is protected !!