“ေန႕စဥ္ဆြမ္းခံလိုက္တာ (၁၇)နွစ္ရွိျပီ ဆိုတဲ့ အေၾကာင္း ဖြင့္ဟလာခဲ့တဲ့ မေနာ”

ေတာအလွ ေတာသဘာဝေတြကို အႏွစ္သာရအျပည့္အဝနဲ႔ သီဆိုႏိုင္သူတစ္ေယာက္ျဖစ္တဲ့ မေနာကေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္ေနတဲ့ အဆိုေတာ္တစ္ေယာက္ပါ။ မေနာဟာ နယ္ႀကိဳက္သီခ်င္းေတြနဲ႔ ပရိသတ္အႀကိဳက္သီခ်င္းေတြကို သီဆိုႏိုင္သူတစ္ေယာက္ျဖစ္တာေၾကာင့္ လက္ရွိမွာ Shwe FM ရဲ႕ (၁၀)ႏွစ္ျပည့္ ဂီတဆုခ်ီးျမႇင့္ပြဲမွာ Winner ရရွိသူ(၇)ဦးထဲကတစ္ေယာက္အပါအဝင္ျဖစ္ခဲ့ပါတယ္။ အဲဒီ Shwe FM ရဲ႕ (၁၀)ႏွစ္ျပည့္ ဂီတဆုခ်ီးျမႇင့္ပြဲမွာေတာ့ မေနာက ပရိသတ္ ေတာင္းဆိုခံရဆုံး ျမန္မာသံ ေတးသံရွင္ဆုကို ( ခ်မ္းေျမ့ပါေစ အေမ) ဆိုတဲ့ သီခ်င္းေလးနဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာလည္း ေတးေရး – ကိုေအး (ပခုကၠဴ)ရဲ႕ သီခ်င္းအသစ္ေလးတစ္ပုဒ္ျဖစ္တဲ့ “မင္းကိုလည္း ခ်စ္တယ္ အိမ္က မိန္းမကိုလည္းေၾကာက္တယ္” ဆိုတဲ့ သီခ်င္းေလးနဲ႔ ပရိသတ္ေတြရင္ကို ထပ္မံသိမ္းပိုက္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။ အဆိုပါသီခ်င္းေလးကေတာ့ မေနာက ၾကင္သူဇနီးမယားကို ခြင့္ေတာင္းၿပီးမွ သီဆိုထားတဲ့ သီခ်င္းေလးလို႔လည္း သိရပါတယ္။ မေနာကေတာ့ စိတ္သေဘာထားျဖဴစင္ၿပီး ႐ိုသားပြင့္လင္းသူတစ္ေယာက္ျဖစ္သလို ဘာသာေရးဘက္မွာလည္း ကိုင္းရႈိင္းသူတစ္ေယာက္ပါ။ ႐ြာမွာလည္း သံဃာေတာ္ေတြနဲ႔ ဆြမ္းခံလိုက္တာ(၁၇)ႏွစ္တာရွိၿပီးျဖစ္ၿပီး ေနာင္သံသရာေကာင္းဖို႔အတြက္ ဆြမ္းခံလိုက္တာကို ေန႔စဥ္လုပ္တယ္လို႔ သိရပါတယ္။

မေနာဟာ ေန႔စဥ္ဘာသာေရးဆြမ္းခံလိုက္ၿပီးေတာ့ ကုသိုလ္ယူေန သူတစ္ေယာက္ပါ။ ယခုလိုဘာသာေရးေတြလုပ္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကိုလည္း “မ်က္ႏွာၾကည္မယ္၊ဦးေႏွာက္ေတြပြင့္ၿပီးေတာ့ ဉာဏ္ရည္ေတြၾကည့္မယ္ လုပ္ငန္းေတြ အမ်ားႀကီးလုပ္ႏိုင္မယ္။ သီခ်င္းလုပ္မယ္ဆိုရင္လည္း သီခ်င္းေတြအမ်ားႀကီးလုပ္လို႔ရတယ္။ ေအးခ်မ္းတာေပါ့ “လို႔ မေနာက ပရိသတ္ေတြကို ေနာင္သံသရာအတြက္ေရာ ယခုလက္ရွိအခ်ိန္မွာ ေအာင္ျမင္မႈေတြ ရရွိဖို႔အတြက္ေရာ ဘာသာေရးေတြလုပ္ဖို႔ တိုက္တြန္းေျပာၾကားထားတာျဖစ္ပါတယ္။ဆယ္လီကမာၻပရိသတ္ႀကီးေရ ဘာသာေရးကိုင္းရႈိင္းတဲ့ အက်ိဳးေက်းဇူးေတြေၾကာင့္ ေအာင္ျမင္မႈေတြရရွိေနတဲ့ မေနာအတြက္ မွတ္ခ်က္ေလး ေျပာျပခဲ့ပါဦး……။

Source: Exclusive on CeleGabar
ခ်စ္သဲေမ @ CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“နေ့စဉ်ဆွမ်းခံလိုက်တာ (၁၇)နှစ်ရှိပြီ ဆိုတဲ့ အကြောင်း ဖွင့်ဟလာခဲ့တဲ့ မနော”

တောအလှ တောသဘာဝတွေကို အနှစ်သာရအပြည့်အဝနဲ့ သီဆိုနိုင်သူတစ်ယောက်ဖြစ်တဲ့ မနောကတော့ အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ပါ။ မနောဟာ နယ်ကြိုက်သီချင်းတွေနဲ့ ပရိသတ်အကြိုက်သီချင်းတွေကို သီဆိုနိုင်သူတစ်ယောက်ဖြစ်တာကြောင့် လက်ရှိမှာ Shwe FM ရဲ့ (၁၀)နှစ်ပြည့် ဂီတဆုချီးမြှင့်ပွဲမှာ Winner ရရှိသူ(၇)ဦးထဲကတစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။ အဲဒီ Shwe FM ရဲ့ (၁၀)နှစ်ပြည့် ဂီတဆုချီးမြှင့်ပွဲမှာတော့ မနောက ပရိသတ် တောင်းဆိုခံရဆုံး မြန်မာသံ တေးသံရှင်ဆုကို ( ချမ်းမြေ့ပါစေ အမေ) ဆိုတဲ့ သီချင်းလေးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာလည်း တေးရေး – ကိုအေး (ပခုက္ကူ)ရဲ့ သီချင်းအသစ်လေးတစ်ပုဒ်ဖြစ်တဲ့ “မင်းကိုလည်း ချစ်တယ် အိမ်က မိန်းမကိုလည်းကြောက်တယ်” ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေရင်ကို ထပ်မံသိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါသီချင်းလေးကတော့ မနောက ကြင်သူဇနီးမယားကို ခွင့်တောင်းပြီးမှ သီဆိုထားတဲ့ သီချင်းလေးလို့လည်း သိရပါတယ်။ မနောကတော့ စိတ်သဘောထားဖြူစင်ပြီး ရိုသားပွင့်လင်းသူတစ်ယောက်ဖြစ်သလို ဘာသာရေးဘက်မှာလည်း ကိုင်းရှိုင်းသူတစ်ယောက်ပါ။ ရွာမှာလည်း သံဃာတော်တွေနဲ့ ဆွမ်းခံလိုက်တာ(၁၇)နှစ်တာရှိပြီးဖြစ်ပြီး နောင်သံသရာကောင်းဖို့အတွက် ဆွမ်းခံလိုက်တာကို နေ့စဉ်လုပ်တယ်လို့ သိရပါတယ်။

မနောဟာ နေ့စဉ်ဘာသာရေးဆွမ်းခံလိုက်ပြီးတော့ ကုသိုလ်ယူနေ သူတစ်ယောက်ပါ။ ယခုလိုဘာသာရေးတွေလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုလည်း “မျက်နှာကြည်မယ်၊ဦးနှောက်တွေပွင့်ပြီးတော့ ဉာဏ်ရည်တွေကြည့်မယ် လုပ်ငန်းတွေ အများကြီးလုပ်နိုင်မယ်။ သီချင်းလုပ်မယ်ဆိုရင်လည်း သီချင်းတွေအများကြီးလုပ်လို့ရတယ်။ အေးချမ်းတာပေါ့ “လို့ မနောက ပရိသတ်တွေကို နောင်သံသရာအတွက်ရော ယခုလက်ရှိအချိန်မှာ အောင်မြင်မှုတွေ ရရှိဖို့အတွက်ရော ဘာသာရေးတွေလုပ်ဖို့ တိုက်တွန်းပြောကြားထားတာဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဘာသာရေးကိုင်းရှိုင်းတဲ့ အကျိုးကျေးဇူးတွေကြောင့် အောင်မြင်မှုတွေရရှိနေတဲ့ မနောအတွက် မှတ်ချက်လေး ပြောပြခဲ့ပါဦး……။
Source: Exclusive on CeleGabar
ချစ်သဲမေ @ CeleGabar

error: Content is protected !!