“ေရႊနွစ္ေရႊဘက္ကေန အျပည့္အဝေထာက္ခံေပးလိုက္တဲ့ မယ္လိုဒီ”

အနုပညာရွင္အခ်င္းခ်င္းလက္တြဲထားျပီး တစ္ဦးကိုတစ္ဦးအရမ္းခ်စ္ၾကတဲ့ စံုတြဲေတြထဲမွာတစ္တြဲအေနနဲ႔အပါအဝင္ျဖစ္တဲ့ ေရႊထူးနဲ႔ ေရႊမႈံရတီတို႕ စံုတြဲေလးဟာ တခ်ိဳ႕ေသာအေၾကာင္းအရာေလးေတြေၾကာင့္ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြကို ခံေနရတဲ့အနုပညာရွင္ စံုတြဲေလးတစ္တြဲပဲျဖစ္ပါတယ္။ ေရႊထူးနဲ႔ ေရႊမႈံရတီတို႕ စံုတြဲေလးဟာဆိုရင္လည္း အနုပညာေလာကမွာ ေအာင္ျမင္မႈကိုယ္စီရရွိ္ေနတာျဖစ္ျပီး (၂၀၁၈)ခုနွစ္ နို၀င္ဘာလ (၁၁)ရက္ေန႔က လက္ထပ္မဂၤလာပြဲေလးကိုက်င္းပခဲ႔တာပဲျဖစ္ပါတယ္။

လက္ရွိမွာေတာ့ တစ္ဦးကိုတစ္ဦးမ်က္စိေအာက္ကအေပ်ာက္မခံနိုင္ေလာက္တဲ့အထိ ခ်စ္ၾကတဲ့ သူတို႕ဇနီးေမာင္နွံဟာ ေဝဖန္တိုက္ခိုက္မႈေတြကို အံတုရင္းနဲ႔ပဲ အိမ္ေထာင္သည္ဘဝကိုျဖတ္သန္းလာတာဟာ (၁)နွစ္နီးပါးျပည့္ေျမာက္ခါနီးျပီလည္းျဖစ္ပါတယ္။ျပီးခဲ့တဲ့ စက္တင္ဘာလ (၁၉)ရက္ေန႔ကေတာ့ ေရႊထူးရဲ႕ အသက္ (၂၇)နွစ္ျပည့္ေျမာက္တဲ့ေနေလးပဲျဖစ္ပါတယ္။ ဒီေမြးေန႕ေလးမွာေတာ့ ခ်စ္ဇနီးေလးျဖစ္တဲ့ ေရႊမႈံရတီဟာ ေယာက္်ားျဖစ္သူအတြက္ ကားတစ္စီးနဲ႔အတူ အျခားေသာ ေမြးေန႕လက္ေဆာင္ေလးေတြကိုလည္း Supriseလုပ္ျပီး ေပးခဲ့ပါေသးတယ္။

မိန္းမျဖစ္သူရဲ႕ အလိုက္သိမႈေတြေၾကာင့္ ေရႊထူးတစ္ေယာက္ အေပ်ာ္ၾကီးေပ်ာ္ေနခဲ့ရတာျဖစ္ျပီး ဒီလိုေမြးေန႕လက္ေဆာင္ေပးခဲ့တဲ့အေပၚမွာလည္း တခ်ိဳ႕သူေတြရဲ႕ ေဝဖန္တိုက္ခိုက္မႈေတြရွိေနခဲ့ျပန္ပါတယ္။သို႕ေသာ္လည္း ရုပ္ရွင္သရုပ္ေဆာင္ မင္းသမီးတစ္ဦးျဖစ္တဲ့ မယ္လိုဒီကေတာ့ ဒီလိုေဝဖန္ခံေနရတဲ့အေပၚ “တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္တယ္။တစ္ေယာက္ရဲ႕ဂ႐ုစိုက္ၾကင္နာမႈကိုတစ္ေယာက္ကခံစားသိရွိတယ္။စစ္မွန္တဲ့ခ်စ္ျခင္း ႐ူးသြပ္ဖို႔ထိုက္တန္ပါတယ္။ပိုက္ဆံေတြရွိလည္း ဆႏၵေတြ စနစ္တက် ထိရွေနမွ အေမဇင္းျဖစ္တာပါေနာ္”ဆိုျပီး သူမရဲ႕လူမႈကြန္ရက္စာမ်က္နွာကေန ေရႊထူးတို႕ဇနီးေမာင္နွံရဲ႕ ပံုေလးနဲ႕အတူ သူတို႕စံုတြဲေလးဘက္ကေန အျပည္႔အဝေထာက္ခံေပးလိုက္တာပဲျဖစ္ပါတယ္။CeleGabar ပရိသတ္ၾကီးေတြေရာ မယ္လိုဒီရဲ႕အျမင္ေလး အေပၚမွတ္ခ်က္ေလးေတြေပးသြားပါဦး။

Source – Melody Myo
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“ရွှေနှစ်ရွှေဘက်ကနေ အပြည့်အဝထောက်ခံပေးလိုက်တဲ့ မယ်လိုဒီ”

အနုပညာရှင်အချင်းချင်းလက်တွဲထားပြီး တစ်ဦးကိုတစ်ဦးအရမ်းချစ်ကြတဲ့ စုံတွဲတွေထဲမှာတစ်တွဲအနေနဲ့အပါအဝင်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ စုံတွဲလေးဟာ တချို့သောအကြောင်းအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရတဲ့အနုပညာရှင် စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ စုံတွဲလေးဟာဆိုရင်လည်း အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီရရှိနေတာဖြစ်ပြီး (၂၀၁၈)ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့က လက်ထပ်မင်္ဂလာပွဲလေးကိုကျင်းပခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ တစ်ဦးကိုတစ်ဦးမျက်စိအောက်ကအပျောက်မခံနိုင်လောက်တဲ့အထိ ချစ်ကြတဲ့ သူတို့ဇနီးမောင်နှံဟာ ဝေဖန်တိုက်ခိုက်မှုတွေကို အံတုရင်းနဲ့ပဲ အိမ်ထောင်သည်ဘဝကိုဖြတ်သန်းလာတာဟာ (၁)နှစ်နီးပါးပြည့်မြောက်ခါနီးပြီလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၉)ရက်နေ့ကတော့ ရွှေထူးရဲ့ အသက် (၂၇)နှစ်ပြည့်မြောက်တဲ့နေလေးပဲဖြစ်ပါတယ်။ ဒီမွေးနေ့လေးမှာတော့ ချစ်ဇနီးလေးဖြစ်တဲ့ ရွှေမှုံရတီဟာ ယောက်ျားဖြစ်သူအတွက် ကားတစ်စီးနဲ့အတူ အခြားသော မွေးနေ့လက်ဆောင်လေးတွေကိုလည်း Supriseလုပ်ပြီး ပေးခဲ့ပါသေးတယ်။

မိန်းမဖြစ်သူရဲ့ အလိုက်သိမှုတွေကြောင့် ရွှေထူးတစ်ယောက် အပျော်ကြီးပျော်နေခဲ့ရတာဖြစ်ပြီး ဒီလိုမွေးနေ့လက်ဆောင်ပေးခဲ့တဲ့အပေါ်မှာလည်း တချို့သူတွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေရှိနေခဲ့ပြန်ပါတယ်။သို့သော်လည်း ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတစ်ဦးဖြစ်တဲ့ မယ်လိုဒီကတော့ ဒီလိုဝေဖန်ခံနေရတဲ့အပေါ် “တစ်ယောက်နဲ့တစ်ယောက်ချစ်တယ်။တစ်ယောက်ရဲ့ဂရုစိုက်ကြင်နာမှုကိုတစ်ယောက်ကခံစားသိရှိတယ်။စစ်မှန်တဲ့ချစ်ခြင်း ရူးသွပ်ဖို့ထိုက်တန်ပါတယ်။ပိုက်ဆံတွေရှိလည်း ဆန္ဒတွေ စနစ်တကျ ထိရှနေမှ အမေဇင်းဖြစ်တာပါနော်”ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရွှေထူးတို့ဇနီးမောင်နှံရဲ့ ပုံလေးနဲ့အတူ သူတို့စုံတွဲလေးဘက်ကနေ အပြည့်အဝထောက်ခံပေးလိုက်တာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးတွေရော မယ်လိုဒီရဲ့အမြင်လေး အပေါ်မှတ်ချက်လေးတွေပေးသွားပါဦး။

Source – Melody Myo
Chilli – CeleGabar

error: Content is protected !!