“တက္ညီလက္ညီနဲ႕ အလွဴအတန္းေတြျပဳေနတဲ့ မိုးယုစံတို႕ မိသားစုေလး”

ေပ်ာ္ရႊင္စရာမိသားစုေလးကို ခ်စ္စရာေကာင္းတဲ့သားေလးတစ္ေယာက္နဲ႕အတူပိုင္ဆိုင္ထားတဲ့ မိုးယုစံကေတာ့ ေအာင္ျမင္ေနတဲ့ သရုပ္ေဆာင္ေတြထဲကတစ္ေယာက္အပါအ၀င္ျဖစ္ပါတယ္။ မိသားစုအေပၚမွာ မိခင္ေကာင္းတစ္ေယာက္အေနနဲ႕ေရာ အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္အေနနဲ႕ပါ မိသားစုတာ၀န္ေတြကို ေက်ပြန္ေအာင္ေဆာင္ရြက္ေနသူတစ္ေယာက္ပါ။ ဒါေၾကာင့္ သားသားေလးေမြးျပီးေနာက္ပိုင္း အနုပညာအလုပ္ေတြကို ခဏတာရပ္နားထားခဲ့တယ္လို႕ သိရပါတယ္။ လက္ရွိမွာေတာ့ သားေလးက အသက္(၂)နွစ္ေက်ာ္သြားျပီမို႕ မိုးယုစံက အနုပညာအလုပ္ေတြကို စတင္ျပီး ျပန္လည္လုပ္ကိုင္ေနပါျပီ။

မိုးယုစံကေတာ့ သားတစ္ေယာက္မိခင္လို႕ မထင္ရေအာင္ အရင္ကထက္ပိုျပီးေတာ့ နုပ်ိဳလွပေနသူတစ္ေယာက္ပါ။မၾကာခင္မွာေတာ့ မိုးယုစံရဲ႕ အနုပညာလႈပ္ရွားမႈေတြကို ဆက္တိုက္ျပန္လည္ျမင္ေတြ႕ရေတာ့ မွာျဖစ္ျပီး ပရိသတ္ေတြရဲ႕ ဘ၀အေမာေတြကို ေျပေပ်ာက္ေစဖို႕ ဟာသေလးေတြကို တင္ဆက္သြားမယ့္ “နွင္းဆီေလွ”အျငိမ့္မွာလည္း မင္းသမီးတစ္လက္အေနနဲ႕ ပါ၀င္တင္ဆက္ကျပသြားမွာ ျဖစ္ပါတယ္။ မိုးယုစံတို႕ မိသားစုေလးက သားသားေလး အသက္တစ္လျပည့္ျပီးတိုင္း အမွတ္တရေလးေတြကို ျပဳလုပ္ေလ့ရွိျပီး အလွဴအတန္းေတြကိုလည္း မၾကာခဏျပဳလုပ္ေလ့ရွိပါတယ္။

လက္ရွိမွာလည္း မိသားစုလိုက္စံုညီစြာနဲ႕ သံဃာေတာ္ေတြကို သိမ္ဆင္းအလွဴ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ေတာင္ပုလုေက်ာင္းတိုက္ ကုတင္ (၁၆)လံုးဆံ့ တိုက္နယ္ေဆးရံု အတြက္အလွဴေငြ (၃)သိန္းကိုလည္း သြားေရာက္လွဴဒါန္းခဲ့ပါေသးတယ္။ မိုးယုစံတို႕မိသားစုေလးကေတာ့ ေပ်ာ္ရႊင္စရာေကာင္းေလာက္ေအာင္ တက္ညီလက္ညီနဲ႕ အလွဴအတန္းေတြျပဳလုပ္ေနၾကပါတယ္။ ဆယ္လီကမၻာပရိသတ္ႀကီးေရ မိသားစုလိုက္ အလွဴအတန္းေတြ ျပဳလုပ္ေနတဲ့ မိုးယုစံတို႕ မိသားစုေလးရဲ႕ အလွဴအတြက္ သာဓုေခၚခဲ့ၾကပါဦးေနာ္….။

Source: Moe Yu San
ခ်စ္သဲေမ @ CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“တက်ညီလက်ညီနဲ့ အလှူအတန်းတွေပြုနေတဲ့ မိုးယုစံတို့ မိသားစုလေး”

ပျော်ရွှင်စရာမိသားစုလေးကို ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်နဲ့အတူပိုင်ဆိုင်ထားတဲ့ မိုးယုစံကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ မိသားစုအပေါ်မှာ မိခင်ကောင်းတစ်ယောက်အနေနဲ့ရော အိမ်ထောင်ရှင်မကောင်းတစ်ယောက်အနေနဲ့ပါ မိသားစုတာဝန်တွေကို ကျေပွန်အောင်ဆောင်ရွက်နေသူတစ်ယောက်ပါ။ ဒါကြောင့် သားသားလေးမွေးပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ခဏတာရပ်နားထားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သားလေးက အသက်(၂)နှစ်ကျော်သွားပြီမို့ မိုးယုစံက အနုပညာအလုပ်တွေကို စတင်ပြီး ပြန်လည်လုပ်ကိုင်နေပါပြီ။

မိုးယုစံကတော့ သားတစ်ယောက်မိခင်လို့ မထင်ရအောင် အရင်ကထက်ပိုပြီးတော့ နုပျိုလှပနေသူတစ်ယောက်ပါ။မကြာခင်မှာတော့ မိုးယုစံရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ပြန်လည်မြင်တွေ့ရတော့ မှာဖြစ်ပြီး ပရိသတ်တွေရဲ့ ဘဝအမောတွေကို ပြေပျောက်စေဖို့ ဟာသလေးတွေကို တင်ဆက်သွားမယ့် “နှင်းဆီလှေ”အငြိမ့်မှာလည်း မင်းသမီးတစ်လက်အနေနဲ့ ပါဝင်တင်ဆက်ကပြသွားမှာ ဖြစ်ပါတယ်။ မိုးယုစံတို့ မိသားစုလေးက သားသားလေး အသက်တစ်လပြည့်ပြီးတိုင်း အမှတ်တရလေးတွေကို ပြုလုပ်လေ့ရှိပြီး အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပါတယ်။

လက်ရှိမှာလည်း မိသားစုလိုက်စုံညီစွာနဲ့ သံဃာတော်တွေကို သိမ်ဆင်းအလှူ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တောင်ပုလုကျောင်းတိုက် ကုတင် (၁၆)လုံးဆံ့ တိုက်နယ်ဆေးရုံ အတွက်အလှူငွေ (၃)သိန်းကိုလည်း သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ မိုးယုစံတို့မိသားစုလေးကတော့ ပျော်ရွှင်စရာကောင်းလောက်အောင် တက်ညီလက်ညီနဲ့ အလှူအတန်းတွေပြုလုပ်နေကြပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မိသားစုလိုက် အလှူအတန်းတွေ ပြုလုပ်နေတဲ့ မိုးယုစံတို့ မိသားစုလေးရဲ့ အလှူအတွက် သာဓုခေါ်ခဲ့ကြပါဦးနော်….။
Source: Moe Yu San
ချစ်သဲမေ @ CeleGabar

error: Content is protected !!