“ေနာက္ထပ္႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ထပ္မံ႐ိုက္ကူးဖို႔ ကမ္းလွမ္းခံခဲ့ရတဲ့ မိတ္ကပ္လင္းလင္း”

မိတ္ကပ္လင္းလင္းကေတာ့ မိတ္ကပ္ေလာကမွာ နာမည္တစ္လုံးနဲ႔ ေအာင္ျမင္မႈေတြရရွိထားတဲ့ မိတ္ကပ္ပညာရွင္တစ္ေယာက္ပါ။အႏုပညာေလာကအတြက္အေရးပါလွတဲ့ မိတ္ကပ္လိမ္းျခယ္မႈအပိုင္းမွာ လင္းလင္းဟာမရွိမျဖစ္ လိုအပ္တဲ့ မိတ္ကပ္ပညာရွင္တစ္ေယာက္အေနနဲ႔ အပါအဝင္ပဲျဖစ္ပါတယ္။ အႏုပညာရွင္ေတြသာမက အျပင္လူေတြကပါ မိတ္ကပ္ပညာနဲ႔ပတ္သက္လာရင္ လင္းလင္းကို အားကိုးတႀကီးနဲ႔ အားကိုးရတဲ့ သူတစ္ေယာက္ျဖစ္ေနတာလည္းအမွန္ပါပဲေနာ္။

မိတ္ကပ္ပညာရွင္တစ္ေယာက္အေနနဲ႔ ဆယ္ဆုႏွစ္တစ္ခုေက်ာ္အထိရပ္ေနလာတဲ့ လင္းလင္းဟာ မၾကာေသးမီက “က်ားက်ားႀကိဳက္ႀကိဳက္”႐ုပ္ရွင္ဇာတ္ကားႀကီးကို “မႀကီးစန္း”လို႔ေခၚၾကတဲ့ “ခင္စန္းဝင္း”၊ပရိသတ္ေတြက “သုသု”လို႔ေခၚၾကတဲ့ “ညီညီေမာင္(စမ္းေခ်ာင္း)”၊ “ထက္ထက္”လို႔ ခ်စ္စႏိုးနဲ႔ေခၚၾကတဲ့ “မထက္ (Pop Soul)”တို႔နဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ဒီကားႀကီးကေတာ့ လင္းလင္းဟာ ပထမဆုံးအႀကိမ္သ႐ုပ္ေဆာင္အေနနဲ႔ စတင္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ေပမဲ့လည္း သ႐ုပ္ေဆာင္ၿပီျပင္လွတာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးဝန္းရံမႈကို အျပည့္အဝရရွိခဲ့တာပဲျဖစ္ပါတယ္။

လတ္တေလာမွာလည္း လင္လင္းဟာ ေနာက္ထပ္႐ုပ္ရွင္ဇာတ္ကားႀကီးေတြ႐ိုက္ကူးဖို႔အတြက္ကို ထပ္မံကမ္းလွမ္းခံခဲ့ရပါတယ္။ဒီလိုကမ္းလွမ္းခံခဲ့ရတာေၾကာင့္ လင္းလင္းတစ္ေယာက္က ေက်နပ္ပီတိျဖစ္ေနတဲ့အေၾကာင္းကို “ေနာက္႐ိုက္မယ့္႐ုပ္ရွင္ကားအတြက္ စရံလာေပးလို႔ေက်နပ္မိ”ဆိုၿပီး သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေတြေရာ လင္းလင္းရဲ႕ သ႐ုပ္ေဆာင္မႈေတြကို သေဘာက်ၾကလား။

Source ; Lin Linn
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးတွေ ထပ်မံရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရတဲ့ မိတ်ကပ်လင်းလင်း”

မိတ်ကပ်လင်းလင်းကတော့ မိတ်ကပ်လောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ပါ။အနုပညာလောကအတွက်အရေးပါလှတဲ့ မိတ်ကပ်လိမ်းခြယ်မှုအပိုင်းမှာ လင်းလင်းဟာမရှိမဖြစ် လိုအပ်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။ အနုပညာရှင်တွေသာမက အပြင်လူတွေကပါ မိတ်ကပ်ပညာနဲ့ပတ်သက်လာရင် လင်းလင်းကို အားကိုးတကြီးနဲ့ အားကိုးရတဲ့ သူတစ်ယောက်ဖြစ်နေတာလည်းအမှန်ပါပဲနော်။

မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့ ဆယ်ဆုနှစ်တစ်ခုကျော်အထိရပ်နေလာတဲ့ လင်းလင်းဟာ မကြာသေးမီက “ကျားကျားကြိုက်ကြိုက်”ရုပ်ရှင်ဇာတ်ကားကြီးကို “မကြီးစန်း”လို့ခေါ်ကြတဲ့ “ခင်စန်းဝင်း”၊ပရိသတ်တွေက “သုသု”လို့ခေါ်ကြတဲ့ “ညီညီမောင်(စမ်းချောင်း)”၊ “ထက်ထက်”လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ “မထက် (Pop Soul)”တို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပါသေးတယ်။ဒီကားကြီးကတော့ လင်းလင်းဟာ ပထမဆုံးအကြိမ်သရုပ်ဆောင်အနေနဲ့ စတင်သရုပ်ဆောင်ခဲ့တာဖြစ်ပေမဲ့လည်း သရုပ်ဆောင်ပြီပြင်လှတာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အပြည့်အဝရရှိခဲ့တာပဲဖြစ်ပါတယ်။

လတ်တလောမှာလည်း လင်လင်းဟာ နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးဖို့အတွက်ကို ထပ်မံကမ်းလှမ်းခံခဲ့ရပါတယ်။ဒီလိုကမ်းလှမ်းခံခဲ့ရတာကြောင့် လင်းလင်းတစ်ယောက်က ကျေနပ်ပီတိဖြစ်နေတဲ့အကြောင်းကို “နောက်ရိုက်မယ့်ရုပ်ရှင်ကားအတွက် စရံလာပေးလို့ကျေနပ်မိ”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးတွေရော လင်းလင်းရဲ့ သရုပ်ဆောင်မှုတွေကို သဘောကျကြလား။

Source ; Lin Linn
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

error: Content is protected !!