
701



Source : Chue Chue
khin @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” နွေလယ်ညရဲ့လမင်းလေး ဇာတ်ကောင်အဖြစ် ရိုက်ကူးတော့မယ့် ခြူးလေး ”

ခြူးလေးကတော့ထာဝရမန္တလေး၊လူရည်ချွန် စတဲ့MRTV-4ရုပ်သံဇာတ်လမ်းတွဲများကတဆင့် အနုပညာလောကထဲထိုးဖေါက်လာသောချစ်စရာ အမူအရာနဲ့သရုပ်ဆောင်ကောင်းတဲ့ရခိုင်တိုင်းရင်းသူလေးပဲ ဖြစ်ပါတယ်။မာန်မာနကင်းပြီး ချစ်စဖွယ်မျက်နှာလေးနဲ့ချိုသာတဲ့စကားလေးတွေအပြင်အေးချမ်းတဲ့မျက်နှာလေးက ပရိသတ် ရင်ထဲကို စွဲနေစေခဲ့တာပဲဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်စိတ်ဓာတ်ကျ ပြီးအဆုံးစီရင် ဖို့ကြိုးစားခဲ့တာကြောင့်လည်း သူမရဲ့အမာခံပရိသတ်တွေအတွက် စိုးရိမ်စရာအခြေအနေဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ခြူ းလေးဟာ အားမာန်အပြည့်နဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီဖြစ်ပါတယ်။သူမရဲ့အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြလေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ ခြူးလေးဟာ ဇာတ်လမ်းတွဲအသစ်လေးကိုရိုက်ကူးတော့မှာဖြစ်ပါတယ်။ ကြော်ငြာတွေ ပွဲတွေနဲ့ အဘက်ဘက်က အရမ်းကြိုးစားလာတဲ့ သူလေးတစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာဇာတ်လမ်းတွဲအသစ်မှာ စိုးစန္ဒာဆိုတဲ့ကာရိုက်တာနေရာကပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။” ဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ ဝတ္ထု ကို
“ နွေလယ် ညရဲ့ လမင်း” ဇာတ်လမ်းတွဲ အဖြစ်ရိုက်ကူးတော့မယ့် ကန်တော့ပွဲ လေးပါ ။“ စိုးစန္ဒာ “ အဖြစ် အကောင်းဆုံး ကြိုးစားသွားပါ့မယ် ။ ” လို့ပြောပြထားတာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရော ခြူးလေးရဲ့ဇာတ်လမ်းတွဲအသစ်လေးထွက်လာရင်အားပေးကြမယ်မဟုတ်လား ။

Source : Chue Chue
khin @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်