” ရခိုင်ပြည်နယ်မှာ သိန်း(၁၀၀၀)ကျော် လှူဒါန်းတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းလိုက်တဲ့ ဟိန်းဝေယံ “





Source: Heinn Wai Yan
Shwe Poe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” ရခိုင်ပြည်နယ်မှာ သိန်း(၁၀၀၀)ကျော် လှူဒါန်းတာနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းလိုက်တဲ့ ဟိန်းဝေယံ ”

ဟိန်းဝေယံကတော့ အထူးမိတ်ဆက်ပေးစရာမလိုအောင် ပရိသတ်တွေ သည်းသည်းလှုပ် ချစ်ခင်အားပေးခြင်းခံရတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။သူ့ရဲ့ဗီဒီယိုကားများစွာကို ကာရိုက်တာ မျိုးစုံ ၊ ဇာတ်ရုပ်မျိုးစုံနဲ့ ပီပြင်စွာ သရုပ်ဆောင်နိုင်မှုတွေကို ပရိသတ်တွေက ကြိုက်နှစ်သက်တာကြောင့် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်လို့ ဆိုနိုင်တာပဲ ဖစ်ပါတယ်။ ပရိသတ်တွေနဲ့ မိတ်ဆွေတွေကချစ်စနိုးနဲ့ ” သားငယ် ” လို့ ခေါ်လေ့ရှိတာပဲ ဖြစ်ပါတယ်။ထို့ပြင် ဟိန်းဝေယံကတော့ ချစ်စရာညီမချောချော လေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာကြောင့် ယောကျာ်းလေးပရိသတ်တွေရဲ့ ယောက်ဖလို့ခေါ်ဆိုခြင်းကိုခံနေရတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။

အလှူအတန်းများစွာကိုလည်း မကြာမကြာပြုလုပ်တတ်တဲ့ ဟိန်းဝေယံကတော့ သူ့ရဲ့ We Love တွေနဲ့ မွေးနေ့ရောက်တိုင်း အလှူအတန်းတွေပြုလုပ်တတ်သူပဲ ဖြစ်ပါတယ်။ အနုပညာခြေလှမ်းတွေကျဲနေတဲ့ ဟိန်းဝေယံကတော့ မကြာခင်မှာ ပဲ ” တစ်ဦးတည်းသော ဣတ္ထိယ ” ရုပ်ရှင်ဇာတ်ကားကြီး မှာ ပြည်သူအချစ်တော်မင်းသမီးလေး ရွှေကစ် နဲ့တွဲဖက်ရိုက်ကူးတော့မှာ ပဲ ဖြစ်ပါတယ်။သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုမျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဟိန်းဝေယံနဲ့ပတ်သက်ပြီး သတင်းအမှားတွေ ထုတ်လွှင့်နေတာကြောင့် ” ကျွန်တော် ဟိန်းဝေယံသည် ရခိုင်ပြည်နယ်ကို ကျွန်တော့်တူလေးနှင့်အတူ ကျပ်သိန်းတစ်ထောင်ကျော်လာရောက်လှူဒါန်းရန်ရှိသည်ဟု Page တစ်ခုတွင်ရေးသားဖော်ပြထားပါသည်။တစ်ခြားသော Page များတွင်လည်း ထိုသတင်းကို Copy လုပ်၍တင်ထားကြသည်ကိုလည်းတွေ့ရှိရပါသည်။ ထိုသတင်းသည် လုံးဝ(လုံးဝ) မဟုတ်ပါဘူးခင်ဗျာ…။ ကျွန်တော့်ကို ဘယ်သတင်းမီဒီယာမှ မမေးဖူးသလို ကျွန်တော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ မည်သည့်သတင်းမီဒီယာများကိုမျှ ပြောဆိုဖူးခြင်း ဖြေကြားထားခြင်းမရှိပါဘူးခင်ဗျာ..။ထို့ကြောင့် အများပြည်သူအထင်အမြင်လွဲနိုင်ပါသဖြင့် ထိုမဟုတ်မမှန်သောသတင်းကို မတင်ကြပါရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ..။ ” ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့တာ ပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ဟိန်းဝေယံ ကို အားပေးရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: Heinn Wai Yan
Shwe Poe – CeleGabar

error: Content is protected !!