“Rap က်ားၾကီး၊ Mcကယားေလးတို႕နဲ႕ အတူတူ ေရႊတိဂံုဘုရားကို သြားေရာက္ဖူးေျမွာ္ခဲ့တဲ့ ယုန္ေလး”

ယုန္ေလးကေတာ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ ေအာင္ျမင္မႈေတြရရွိထားတဲ့ အနုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ေနာက္ပိုင္းမွာေတာ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ သာမက သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔လည္း ရုပ္ရွင္ဇာတ္ကားၾကီးေတြကို ပါဝင္ရိုက္ကူးေနျပီး ဒါရိုက္တာတစ္ေယာက္အေနနဲ႕လည္း အက္ရွင္ ရုပ္ရွင္ဇာတ္ကားေကာင္းၾကီးမ်ားစြာကို ရိုက္ကူးေနပါေသးတယ္။ယုန္ေလးတစ္ေယာက္ ဒါရိုက္တာ အေနနဲ႕ ရိုက္ကူးခဲ့တဲ့ “ေအာ္ရီဂ်င္နယ္ ဂိုဏ္းစတား”၊ “အထူးတပ္ဖြဲ႕ဝင္ (၉)ေယာက္”၊ “သတိ အႏၱရာယ္ရွိသည္”စတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြကလည္း ရံုျပည့္ ရံုလွ်ံအားေပးတဲ့ အထိေအာင္ျမင္မႈရရွိခဲ့တဲ့ ဇာတ္ကားၾကီးေတြပဲျဖစ္ပါတယ္။

ယုန္ေလးဟာ ကိုယ္တိုင္ကလည္း အနုပညာအလုပ္ေတြကို ဝါသနာၾကီးသလို အနုပညာမွာ ဝါသနာပါတဲ့ လူငယ္ေတြကိုလည္း လက္တြဲေခၚေပးေနတဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။မၾကာေသးမီက ပရိသတ္ေတြၾကားထဲမွာ အရမ္းကို ေရပန္းစားခဲ့တဲ့ “မိုးရာသီအလြမ္း”သီခ်င္းရဲ႕ MTV ေလးကို ပရိသတ္ေတြအားလံုးလည္း ၾကည္႕ရွဳလိုက္ရမယ္ ထင္ပါတယ္။ဒီသီခ်င္းေလးရဲ႕ စာသားေတြဟာ ပရိသတ္ေတြပါးစပ္ဖ်ားမွာ စြဲေနတဲ့ အထိကို ေရပန္းစားခဲ့ေပမဲ့လည္း MTV ရိုက္ကူးမႈေတြမွာ အလြဲေလးေတြရွိခဲ့တာပဲျဖစ္ပါတယ္။

လူငယ္ေတြကို လက္တြဲေခၚေနတဲ့ ယုန္ေလးကေတာ့ ဒီလိုလြဲမွားမႈေလးေတြကို ျပန္လည္ျပင္ဆင္ေပးျပီး သီခ်င္းေလးအသစ္ျပန္လည္ရိုက္ကူးေပးဖို႕အတြက္ အစစအရာရာတာဝန္ယူေပးမွာျဖစ္တာေၾကာင့္ ရန္ကုန္ကို လာဖို႕Rap က်ားၾကီး၊ Mcကယားေလးကို ဖိတ္ေခၚခဲ့တာျဖစ္ပါတယ္။လက္ရွိမွာေတာ့ Rap က်ားၾကီး၊ Mcကယားေလးတို႕နွစ္ေယာက္ဟာရန္ကုန္ျမိဳ႕ကိုေရာက္ရွိေနျပီး အဆိုေတာ္ သရုပ္ေဆာင္ ဒါရိုက္တာ ယုန္ေလးနဲ႔အတူတူ ေရႊတိဂံုေစတီေတာ္ျမတ္ၾကီးကို သြားေရာက္ဖူးေမွ်ာ္ခဲ့တဲ့ အေၾကာင္းကို ယုန္ေလးက သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။ ဒီသတင္းေလးကို CeleGabar ပရိသတ္ၾကီးအတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source ; Yone Lay
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“Rap ကျားကြီး၊ Mcကယားလေးတို့နဲ့ အတူတူ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြှော်ခဲ့တဲ့ ယုန်လေး”

ယုန်လေးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ အဆိုတော်တစ်ယောက်အနေနဲ့ သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးနေပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း အက်ရှင် ရုပ်ရှင်ဇာတ်ကားကောင်းကြီးများစွာကို ရိုက်ကူးနေပါသေးတယ်။ယုန်လေးတစ်ယောက် ဒါရိုက်တာ အနေနဲ့ ရိုက်ကူးခဲ့တဲ့ “အော်ရီဂျင်နယ် ဂိုဏ်းစတား”၊ “အထူးတပ်ဖွဲ့ဝင် (၉)ယောက်”၊ “သတိ အန္တရာယ်ရှိသည်”စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ရုံပြည့် ရုံလျှံအားပေးတဲ့ အထိအောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားကြီးတွေပဲဖြစ်ပါတယ်။

ယုန်လေးဟာ ကိုယ်တိုင်ကလည်း အနုပညာအလုပ်တွေကို ဝါသနာကြီးသလို အနုပညာမှာ ဝါသနာပါတဲ့ လူငယ်တွေကိုလည်း လက်တွဲခေါ်ပေးနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။မကြာသေးမီက ပရိသတ်တွေကြားထဲမှာ အရမ်းကို ရေပန်းစားခဲ့တဲ့ “မိုးရာသီအလွမ်း”သီချင်းရဲ့ MTV လေးကို ပရိသတ်တွေအားလုံးလည်း ကြည့်ရှုလိုက်ရမယ် ထင်ပါတယ်။ဒီသီချင်းလေးရဲ့ စာသားတွေဟာ ပရိသတ်တွေပါးစပ်ဖျားမှာ စွဲနေတဲ့ အထိကို ရေပန်းစားခဲ့ပေမဲ့လည်း MTV ရိုက်ကူးမှုတွေမှာ အလွဲလေးတွေရှိခဲ့တာပဲဖြစ်ပါတယ်။

လူငယ်တွေကို လက်တွဲခေါ်နေတဲ့ ယုန်လေးကတော့ ဒီလိုလွဲမှားမှုလေးတွေကို ပြန်လည်ပြင်ဆင်ပေးပြီး သီချင်းလေးအသစ်ပြန်လည်ရိုက်ကူးပေးဖို့အတွက် အစစအရာရာတာဝန်ယူပေးမှာဖြစ်တာကြောင့် ရန်ကုန်ကို လာဖို့Rap ကျားကြီး၊ Mcကယားလေးကို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ Rap ကျားကြီး၊ Mcကယားလေးတို့နှစ်ယောက်ဟာရန်ကုန်မြို့ကိုရောက်ရှိနေပြီး အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးနဲ့အတူတူ ရွှေတိဂုံစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမျှော်ခဲ့တဲ့ အကြောင်းကို ယုန်လေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။ ဒီသတင်းလေးကို CeleGabar ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source ; Yone Lay
Chilli – CeleGabar

error: Content is protected !!