



Source: Wai Minn Maung
ချစ်သဲမေ @ CeleGabar

ယူနီကုတ်ဖြင့်ဖတ်ရန်

“နိုင်ငံပေါင်း (၄)နိုင်ငံပူးပေါင်းရိုက်ကူးသွားမယ့် ” ကောင်းကင်မရှိတဲ့ ကြယ်”ရုပ်ရှင်ဇာတ်ကားကြီး”

မကြာခင်မှာတော့ ပရိသတ်တွေရင်ထဲကို ခံစားချက်အပြည့်အဝပေးနိုင်မယ့် ရုပ်ရှင်ဇာတ်ကားတစ်ကားကတော့ ထွက်ရှိလာတော့မှာပါ။ အဆိုပါဇာတ်ကားကြီးကတော့” ကောင်းကင်မရှိတဲ့ ကြယ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မြန်မာ၊ထိုင်း၊မလေးရှား၊ ဂျပန်နိုင်ငံတွေကဖြစ်တဲ့ နိုင်ငံတကာမှ အတတ်ပညာရှင် (၄) ဦးနဲ့အတူ ဒါရိုက်တာ သြရသ တို့က အကောင်းဆုံးပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ (၂၀၁၉)နိုဝင်ဘာတွင် စတင်ပုံဖော် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

” ကောင်းကင်မရှိတဲ့ ကြယ်”ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ မြန်မာနိုင်ငံရဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဘက်စုံထူးချွန်သူတစ်ယောက်ဖြစ်တဲ့ (၃)ထပ်ကွမ်းအကယ်ဒမီဆုရှင် နေတိုး၊ အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီထွန်းထွန်းတို့နဲ့အတူ ထိုင်းနိုင်ငံက အနုပညာရှင်တွေဖြစ်တဲ့ မင်းသားချောလေး Ken Phuphoom Pongpanu နဲ့ Korn Kang တို့ကပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပုရိသတွေရဲ့ အသည်းကို လှုပ်ခတ်နိုင်စေတဲ့ မင်းသမီးချောလေးတွေဖြစ်တဲ့ အေးမြတ်သူ၊မိုးစက်ဝိုင်၊ နွယ်ဒါလီထွန်း တို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ထိုင်းနိုင်ငံက မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ Smile တို့က ပါဝင်ပြီး အကောင်းဆုံး ပုံဖော်ရိုက်ကူးမှာဖြစ်ပါတယ်။ (၄)နိုင်ငံပူးပေါင်းပြီး ပရိသတ်တွေအတွက် အကောင်းဆုံးပုံဖော် ရိုက်ကူးတော့မယ့် ” ကောင်းကင်မရှိတဲ့ ကြယ်”ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ (၂၀၁၉)နိုဝင်ဘာမှာ စတင်အကောင်အထည်ဖော်တော့မယ်နော်……။
Source: Wai Minn Maung
ချစ်သဲမေ @ CeleGabar

error: Content is protected !!