“ဆက္တိုက္ဆိုသလို အလွဴအတန္းေတြကို မေမာႏိုင္မပန္းႏိုင္ျပဳလုပ္ေနတဲ့ ခိုင္ႏွင္းေဝ”

ခိုင္ႏွင္းေဝကေတာ့ တစ္ေခတ္တစ္ခါက နာမည္ႀကီး လူႀကိဳက္မ်ားခဲ့တဲ့ သ႐ုပ္ေဆာင္မင္းသမီတစ္ေယာက္ျဖစ္ခဲ့တဲ့အျပင္ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းအႏုပညာရွင္စာရင္းေတြထဲကို ပါဝင္ခဲ့တဲ့အထိ ေအာင္ျမင္မႈေတြရရွိသိမ္းပိုက္ႏိုင္ခဲ့တဲ့ မင္းသမီးတစ္လက္ပဲျဖစ္ပါတယ္။လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြကို ရပ္နားထားၿပီး ျမန္မာႏိုင္ငံအႏွံအျပားသို႔သြားေရာက္ကာ ျပည္သူလူထုအက်ိဳးျပဳ ပရဟိတလုပ္ငန္းေတြကို အားႀကိဳးမာန္တက္လုပ္ေဆာင္ေနတာပါ။လက္ရွိမွာလည္း ခိုကိုးရာမဲ့ေနတဲ့ မိဘမဲ့ကေလးေတြအတြက္ ေဂဟာေလးတစ္ခုကို ဖြင့္လွစ္ထားၿပီး ကေလးေတြကို သူမရဲ႕ သားသမီး အရင္းေတြလို ကိုယ္တိုင္ ေစာင့္ေရွာက္မႈေတြေပးအပ္ေနတာေၾကာင့္ ပရဟိတမိခင္ႀကီးလို႔လည္းဆိုႏိုင္ပါတယ္။

ပရဟိတလုပ္ငန္းေတြအျပင္ အလွဴအတန္းေတြကိုလည္း ခိုင္ႏွင္းေဝကကိုယ္တိုင္ဦးေဆာင္ကာ မၾကာခဏဆိုသလိုျပဳလုပ္ေလ့ရွိပါေသးတယ္။လတ္တေလာမွာလည္း ခိုင္ႏွင္းေဝဟာ သုဇနကာရီနယ္စပ္ေဒသဖြံ႕ၿဖိဳးေရးပရဟိတေက်ာင္းမွာရွိတဲ့ ကေလးေလးေတြအတြက္ ဆန္၊ဆီ၊ၾကက္သြန္နီ နဲ႔လိုအပ္တဲ့ ကေလးအသုံးအေဆာင္ပစၥည္းမ်ား၊ကစားစရာမ်ားကိုသြားေရာက္လႉဒါန္းခဲ့ပါတယ္။ဒါ့အျပင္ လက္လုပ္ေတာင္ေစတီေတာ္ျမတ္ႀကီးမွာ အပတ္စဥ္ျပဳလုပ္ေနၾကျဖစ္တဲ့ ခင္ပြန္းႀကီးဆယ္ပါးကန္ေတာ့ျခင္းႏွင့္စုေပါင္းတရားထိုင္ပြဲႀကီးမွာ ခင္ပြန္းႀကီးဆယ္ပါးကန္ေတာ့ခန္းစာအုပ္(၅၀၀)ကို လာေရာက္႐ြတ္ဖတ္ပူေဇာ္ၾကတဲ့ ေယာဂီေတြအတြက္ လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္။

ဒီေန႔ စက္တင္ဘာလ (၂၃)ရက္ေန႔မွာေတာ့ ခိုင္းႏွင္းေဝဟာ ပ်ဥ္းမနားၿမိဳ႕ရွိ ဘိုးဘြားရိပ္သာမွ အဖိုးအဖြားေတြအတြက္ အလွဴသြားေရာက္ျပဳလုပ္ခဲ့အေၾကာင္းကို “ပ်ဥ္းမနားၿမိဳ႕ရွိ ဘိုးဘြားရိပ္သာမွ အဖိုးအဖြားမ်ားအတြက္ ေန႔လည္စာနဲ႔အတူ အဘိုးအဖြားတဦးလွ်င္ ၅,၀၀၀က်ပ္၊မုန႔္၁ထုပ္၊ေရသန႔္ႏွင့္ေရခဲမုန႔္မ်ားကိုလွဴဒါန္းေကြၽးေမြးခဲ့ပါတယ္။”လို႔ သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရ ခိုင္းႏွင္းေဝရဲ႕ အလွဴေလးေတြအတြက္ သာဓုေခၚသြားေပးပါဦးေနာ္။

Source ; Khine Hnin Wai
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“ဆက်တိုက်ဆိုသလို အလှူအတန်းတွေကို မမောနိုင်မပန်းနိုင်ပြုလုပ်နေတဲ့ ခိုင်နှင်းဝေ”

ခိုင်နှင်းဝေကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီး လူကြိုက်များခဲ့တဲ့ သရုပ်ဆောင်မင်းသမီတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်စာရင်းတွေထဲကို ပါဝင်ခဲ့တဲ့အထိ အောင်မြင်မှုတွေရရှိသိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး မြန်မာနိုင်ငံအနှံအပြားသို့သွားရောက်ကာ ပြည်သူလူထုအကျိုးပြု ပရဟိတလုပ်ငန်းတွေကို အားကြိုးမာန်တက်လုပ်ဆောင်နေတာပါ။လက်ရှိမှာလည်း ခိုကိုးရာမဲ့နေတဲ့ မိဘမဲ့ကလေးတွေအတွက် ဂေဟာလေးတစ်ခုကို ဖွင့်လှစ်ထားပြီး ကလေးတွေကို သူမရဲ့ သားသမီး အရင်းတွေလို ကိုယ်တိုင် စောင့်ရှောက်မှုတွေပေးအပ်နေတာကြောင့် ပရဟိတမိခင်ကြီးလို့လည်းဆိုနိုင်ပါတယ်။

ပရဟိတလုပ်ငန်းတွေအပြင် အလှူအတန်းတွေကိုလည်း ခိုင်နှင်းဝေကကိုယ်တိုင်ဦးဆောင်ကာ မကြာခဏဆိုသလိုပြုလုပ်လေ့ရှိပါသေးတယ်။လတ်တလောမှာလည်း ခိုင်နှင်းဝေဟာ သုဇနကာရီနယ်စပ်ဒေသဖွံ့ဖြိုးရေးပရဟိတကျောင်းမှာရှိတဲ့ ကလေးလေးတွေအတွက် ဆန်၊ဆီ၊ကြက်သွန်နီ နဲ့လိုအပ်တဲ့ ကလေးအသုံးအဆောင်ပစ္စည်းများ၊ကစားစရာများကိုသွားရောက်လှူဒါန်းခဲ့ပါတယ်။ဒါ့အပြင် လက်လုပ်တောင်စေတီတော်မြတ်ကြီးမှာ အပတ်စဉ်ပြုလုပ်နေကြဖြစ်တဲ့ ခင်ပွန်းကြီးဆယ်ပါးကန်တော့ခြင်းနှင့်စုပေါင်းတရားထိုင်ပွဲကြီးမှာ ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်းစာအုပ်(၅၀၀)ကို လာရောက်ရွတ်ဖတ်ပူဇော်ကြတဲ့ ယောဂီတွေအတွက် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့ စက်တင်ဘာလ (၂၃)ရက်နေ့မှာတော့ ခိုင်းနှင်းဝေဟာ ပျဉ်းမနားမြို့ရှိ ဘိုးဘွားရိပ်သာမှ အဖိုးအဖွားတွေအတွက် အလှူသွားရောက်ပြုလုပ်ခဲ့အကြောင်းကို “ပျဉ်းမနားမြို့ရှိ ဘိုးဘွားရိပ်သာမှ အဖိုးအဖွားများအတွက် နေ့လည်စာနဲ့အတူ အဘိုးအဖွားတဦးလျှင် ၅,၀၀၀ကျပ်၊မုန့်၁ထုပ်၊ရေသန့်နှင့်ရေခဲမုန့်များကိုလှူဒါန်းကျွေးမွေးခဲ့ပါတယ်။”လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ခိုင်းနှင်းဝေရဲ့ အလှူလေးတွေအတွက် သာဓုခေါ်သွားပေးပါဦးနော်။

Source ; Khine Hnin Wai
Chilli – CeleGabar

error: Content is protected !!