“ေအးေသာင္းနဲ့အတူ ရုပ္ရွင္ကားႀကီးရုိက္ေနၿပီ ျဖစ္တဲ့ ျဖိဳးရာဇာႏုိ္င္”

296

ျဖိဳးရာဇာႏုိ္င္ကေတာ့ ေမာင္ျမင့္အျဖစ္ ” မ်က္လံုးမွာအလြမ္းႏႈတ္ခမ္းမွာမာန ” ဇာတ္လမ္းတြဲထဲမွာေမာင္ျမင့္ ဇာတ္ေကာင္အေနနဲ့ ပရိတ္သတ္အႀကိဳက္ေတြ႕ခဲ့တဲ့ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။ ေခ်ာေမာတဲ့ ရုပ္သြင္ကိုပိုင္ဆိုင္ထားၿပီး ေယာက်ာ္းပီသတဲ့ သြင္ျပင္ေၾကာင့္ ပရိသတ္ေတြသတိထားမိလာသူလည္းျဖစ္ပါတယ္။ သူရဲ့သရုပ္ေဆာင္ခ်က္ေတြက အႏုပညာေက်ာင္းဆင္းတစ္ေယာက္ျဖစ္တာနဲ့အတူ သရုပ္ေဆာင္ခ်က္ေတြက ေရာက္တဲ့ေနရာမွာ က်ရာဇာတ္ရုပ္ကို ပီျပင္ေအာင္သရုပ္ေဆာင္ႏုိင္ၿပီးအလားအလာရွိသူတစ္ဦးလည္းျဖစ္ပါတယ္။သူ့ရဲ့အႏုပညာလႈပ္ရွားမႈနဲ့ ေန့စဥ္လႈပ္ရွားမႈေတြကို သူ့ရဲ့လူမႈကြန္ရက္စာမ်က္ႏွာမွာ အျမဲ ေဝမွ်ေလ့ရွိပါတယ္။

ေၾကာ္ျငာ ေတြစတင္ရုိက္ကူးခဲ့ၿပီး ဇာတ္လမ္းတြဲေတြပါရုိက္ကူးေနၿပီျဖစ္တာမို႔ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚစတင္ေလွ်ာက္လွမ္းေနၿပီလို့ ေျပာရမွာပဲ ျဖစ္ပါတယ္။ တက္သစ္စ ျဖစ္ေပမယ့္ ဇာတ္လမ္းတြဲမွာ ေခာင္းေဆာင္မင္းသားေနရာေတာင္ မဟုတ္ေသးဘဲ ပရိသတ္ေတြအားေပးဝန္းရံခံ ေနရသူပဲျဖစ္ပါတယ္။ “မ်က္လံုးမွာအလြမ္း ႏႈတ္ခမ္း မွာမာန” ဇာတ္လမ္းတြဲမွာေတာ့ ဒရို္င္ဘာ ေမာင္ျမင့္အျဖစ္ သရုပ္ေဆာင္ခဲ့တာပါ။အပိုအလိုမရွိပဲ က်ရာ ဇာတ္ရုပ္မွာ အေကာင္း ဆံုး သရုပ္ေဆာင္ႏိုင္ခဲ့လုိ႔ ပရိသတ္ခ်စ္ခင္အားေပးမႈကိုရရွိခဲ့တာပဲ ျဖစ္ပါတယ္။ လတ္တေလာမွာလည္း ဇာတ္လမ္းတြဲတင္မဟုတ္ဘဲ ရုပ္ရွင္ကားႀကီးကိုရုိက္ကူးေနၿပီလည္း သိရပါတယ္။ ရုိက္ကူးေနတဲ့မင္းသမီးကေတာ့ ပုရိသေတြသည္းသည္းလႈပ္ေၾကြရတဲ့ မေအးေသာင္းနဲ့ျဖစ္ၿပီး ျပင္ဦးလြင္မွာရုိက္ကူးေနပံုကို ” မေအးေသာင္း နဲ႔ ရံုႀကီးကားတစ္ကားရဲ႕ Shooting တစ္ခုမွာဗ်ာ ” လို့ ရႈတင္ေနာက္ကြယ္က ရုိက္ကူးေနတဲ့ ပံုေလးေတြကို သူ့ရဲ့လႈမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးထဲမွာေရာ ေမာင္ျမင့္ရဲ့ ပရိသတ္ေတြရွိလားဆိုတာမွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source : Phyoyarzar Naing
[email protected] Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

“အေးသောင်းနဲ့အတူ ရုပ်ရှင်ကားကြီးရိုက်နေပြီ ဖြစ်တဲ့ ဖြိုးရာဇာနိုင်”

ဖြိုးရာဇာနိုင်ကတော့ မောင်မြင့်အဖြစ် ” မျက်လုံးမှာအလွမ်းနှုတ်ခမ်းမှာမာန ” ဇာတ်လမ်းတွဲထဲမှာမောင်မြင့် ဇာတ်ကောင်အနေနဲ့ ပရိတ်သတ်အကြိုက်တွေ့ခဲ့တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ချောမောတဲ့ ရုပ်သွင်ကိုပိုင်ဆိုင်ထားပြီး ယောကျာ်းပီသတဲ့ သွင်ပြင်ကြောင့် ပရိသတ်တွေသတိထားမိလာသူလည်းဖြစ်ပါတယ်။ သူရဲ့သရုပ်ဆောင်ချက်တွေက အနုပညာကျောင်းဆင်းတစ်ယောက်ဖြစ်တာနဲ့အတူ သရုပ်ဆောင်ချက်တွေက ရောက်တဲ့နေရာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီးအလားအလာရှိသူတစ်ဦးလည်းဖြစ်ပါတယ်။သူ့ရဲ့အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အမြဲ ဝေမျှလေ့ရှိပါတယ်။

ကြော်ငြာ တွေစတင်ရိုက်ကူးခဲ့ပြီး ဇာတ်လမ်းတွဲတွေပါရိုက်ကူးနေပြီဖြစ်တာမို့ အောင်မြင်မှုလမ်းကြောင်းပေါ်စတင်လျှောက်လှမ်းနေပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ တက်သစ်စ ဖြစ်ပေမယ့် ဇာတ်လမ်းတွဲမှာ ခောင်းဆောင်မင်းသားနေရာတောင် မဟုတ်သေးဘဲ ပရိသတ်တွေအားပေးဝန်းရံခံ နေရသူပဲဖြစ်ပါတယ်။ “မျက်လုံးမှာအလွမ်း နှုတ်ခမ်း မှာမာန” ဇာတ်လမ်းတွဲမှာတော့ ဒရိုင်ဘာ မောင်မြင့်အဖြစ် သရုပ်ဆောင်ခဲ့တာပါ။အပိုအလိုမရှိပဲ ကျရာ ဇာတ်ရုပ်မှာ အကောင်း ဆုံး သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်ချစ်ခင်အားပေးမှုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ဇာတ်လမ်းတွဲတင်မဟုတ်ဘဲ ရုပ်ရှင်ကားကြီးကိုရိုက်ကူးနေပြီလည်း သိရပါတယ်။ ရိုက်ကူးနေတဲ့မင်းသမီးကတော့ ပုရိသတွေသည်းသည်းလှုပ်ကြွေရတဲ့ မအေးသောင်းနဲ့ဖြစ်ပြီး ပြင်ဦးလွင်မှာရိုက်ကူးနေပုံကို ” မအေးသောင်း နဲ့ ရုံကြီးကားတစ်ကားရဲ့ Shooting တစ်ခုမှာဗျာ ” လို့ ရှုတင်နောက်ကွယ်က ရိုက်ကူးနေတဲ့ ပုံလေးတွေကို သူ့ရဲ့လှုမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးထဲမှာရော မောင်မြင့်ရဲ့ ပရိသတ်တွေရှိလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Phyoyarzar Naing
[email protected] Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်