” ( ၂၅ )ႏွစ္ေျမာက္ ေမြးေန႕အလွဴအျဖစ္ စတုဒီသာ ေကၽြးမွာေၾကာင့္ မည္သူမဆိုလာေရာက္ဖို႕ ဖိတ္ေခၚလိုက္တဲ့ ေနရဲ “

ေနရဲကေတာ့ အထူးမိတ္ဆက္ေပးစရာမလိုေလာက္ေအာင္ ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသားသ႐ုပ္ေဆာင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ဝါရင့္ ဇာတ္ပို႔သ႐ုပ္ေဆာင္ ခင္လႈိင္ရဲ႕ သားတစ္ေယာက္ျဖစ္ၿပီး ခင္လႈိင္ရဲ႕ အႏုပညာအေမြကို ဆက္ခံေနတဲ့ အႏုပညာေလာကနဲ ႔ မစိမ္းတဲ့သူတစ္ေယာက္လို႔ ဆိုရမွာပါ။” ရတနာပုံ ” ဇာတ္လမ္းတြဲမွာ ပရိသတ္ေတြစတင္ သတိထားမိလာကာ ႐ုပ္ရွင္ကားႀကီးေတြပါ ႐ိုက္ကူးလာၿပီပဲ ျဖစ္ပါတယ္။ထို႕ျပင္ ညီမေခ်ာေခ်ာေလးျဖစ္တဲ့ သရုပ္ေဆာင္ မင္းသမီးေလး သဇင္ထူးျမင့္ေၾကာင့္လည္း ေယာက်ာ္းေလးပရိသတ္ေတြရဲ႕ ေယာက္ဖလို႕ ေခၚျခင္းကို ခံေနရတာပဲ ျဖစ္ပါတယ္။

လက္ရွိအႏုပညာလႈပ္ရွားမႈအေနနဲ႔ ” Oxygen ” ဆိုတဲ့ ႐ုပ္ရွင္ကားႀကီးကို ျမင့္ျမတ္ ၊မိုးေအာင္ရင္တို႔နဲ႔အတူ ႐ိုက္ကူးေနတာပဲ ျဖစ္ပါတယ္။ ” နဂါး ” ဆိုတဲ့ ကာ႐ိုက္တာနဲ႔ ပါဝင္မွာျဖစ္ၿပီး ခပ္ဆိုးဆိုးလူမိုက္တစ္ေယာက္ျဖစ္ၿပီး အေဖ့ရဲ႕ တပည့္တပန္းေတြနဲ႔ ဆိုးသြမ္းတဲ့ လူငယ္တစ္ေယာက္အျဖစ္ ပါဝင္မွာျဖစ္တယ္လို ႔ သိရပါတယ္။ ဇာတ္ကားထဲမွာျမင့္ျမတ္နဲ႔ ညီအစ္ကို သူငယ္ခ်င္းလို ျဖစ္ၿပီး တူတူဆိုးၾကတဲ့ ဆိုးေဖာ္ဆိုးဖက္အေနနဲ႔ ေတြ႕ျမင္ရမွာပဲ ျဖစ္ၿပီး အဝတ္အစားေတြနဲ ႔ ပတ္သက္ၿပီးလည္း ရပ္ကြက္ထဲက လူငယ္တစ္ေယာက္ျဖစ္လို႔ ထူးထူးျခားျခားျပင္ဆင္စရာမရွိတဲ့ ဇာတ္ေကာင္ေနရာကပဲ ျဖစ္ပါတယ္။ထို့ျပင္ ေအာက္တိုဘာလမွာ ရံုတင္ေတာ့မယ့္ ခင္လိႈင္ ပထမဆံုးဒါ႐ိုက္တာအေနနဲ ႔ စတင္ရုိက္ကူးထားတဲ့ ” ခ်ိဳးရုပ္ ” ရုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ဇာတ္ဝင္သီခ်င္း ေလးဆိုထားတယ္လို႕ သိရပါတယ္။

မနက္ျဖန္မွာ က်ေရာက္မယ့္ စက္တင္ဘာလ (၂၄)ရက္ေန႕ကေတာ့ သရုပ္ေဆာင္ မင္းသား ေနရဲ ရဲ႕ ( ၂၅ )ႏွစ္ေျမာက္ ေမြးေန႕ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ ( ၂၅ )ႏွစ္ေျမာက္ ေမြးေန႕အလွဴအျဖစ္ မနက္ျဖန္ ( ၂၄.၉.၂၀၁၉ )အဂၤါ ေန႔ ကြၽန္ေတာ့္ကိုေမြးတာ (၂၅) ႏွစ္ျ ပည့္တဲ့ေန႔ ပါ….။(၂၅)ႏွစ္ျပည့္ေမြးေန႔ မဂၤလာအျဖစ္ စတုဒီသာထမင္းနွင့္သီးစံုပဲကုလားဟင္း၊ငါးေျခာက္ေျကာ္၊ဘဲဥဟင္း၊ျကက္သားဟင္း တို႔နဲ႔ ေကြၽးေမြးမွာျဖစ္ပါတယ္ မနက္ျဖန္ ေန႔လည္ ၁၁နာရီမွစၿပီး မည္သူမဆို လာေရာက္သံုးေဆာင္ၾကဖို႔ဖိတ္ေခၚပါတယ္ခင္ဗ်ာ။ ” ဆိုၿပီး ဖိတ္ေခၚခဲ့တာပဲ ျဖစ္ပါတယ္။ CeleGabar ပရိတ္သတ္ႀကီးလည္း ေနရဲရဲ႕အလွဴေလးအတြက္ သာဓုေခၚခဲ့ပါဦးေနာ္။

Source :Nay Ye
Shwe Poe – Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ( ၂၅ )နှစ်မြောက် မွေးနေ့အလှူအဖြစ် စတုဒီသာ ကျွေးမှာကြောင့် မည်သူမဆိုလာရောက်ဖို့ ဖိတ်ခေါ်လိုက်တဲ့ နေရဲ ”

နေရဲကတော့ အထူးမိတ်ဆက်ပေးစရာမလိုလောက်အောင် ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားသရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ဝါရင့် ဇာတ်ပို့သရုပ်ဆောင် ခင်လှိုင်ရဲ့ သားတစ်ယောက်ဖြစ်ပြီး ခင်လှိုင်ရဲ့ အနုပညာအမွေကို ဆက်ခံနေတဲ့ အနုပညာလောကနဲ့ မစိမ်းတဲ့သူတစ်ယောက်လို့ ဆိုရမှာပါ။” ရတနာပုံ ” ဇာတ်လမ်းတွဲမှာ ပရိသတ်တွေစတင် သတိထားမိလာကာ ရုပ်ရှင်ကားကြီးတွေပါ ရိုက်ကူးလာပြီပဲ ဖြစ်ပါတယ်။ထို့ပြင် ညီမချောချောလေးဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးလေး သဇင်ထူးမြင့်ကြောင့်လည်း ယောကျာ်းလေးပရိသတ်တွေရဲ့ ယောက်ဖလို့ ခေါ်ခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ” Oxygen ” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို မြင့်မြတ် ၊မိုးအောင်ရင်တို့နဲ့အတူ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ” နဂါး ” ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်မှာဖြစ်ပြီး ခပ်ဆိုးဆိုးလူမိုက်တစ်ယောက်ဖြစ်ပြီး အဖေ့ရဲ့ တပည့်တပန်းတွေနဲ့ ဆိုးသွမ်းတဲ့ လူငယ်တစ်ယောက်အဖြစ် ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဇာတ်ကားထဲမှာမြင့်မြတ်နဲ့ ညီအစ်ကို သူငယ်ချင်းလို ဖြစ်ပြီး တူတူဆိုးကြတဲ့ ဆိုးဖော်ဆိုးဖက်အနေနဲ့ တွေ့မြင်ရမှာပဲ ဖြစ်ပြီး အဝတ်အစားတွေနဲ့ ပတ်သက်ပြီးလည်း ရပ်ကွက်ထဲက လူငယ်တစ်ယောက်ဖြစ်လို့ ထူးထူးခြားခြားပြင်ဆင်စရာမရှိတဲ့ ဇာတ်ကောင်နေရာကပဲ ဖြစ်ပါတယ်။ထို့ပြင် အောက်တိုဘာလမှာ ရုံတင်တော့မယ့် ခင်လှိုင် ပထမဆုံးဒါရိုက်တာအနေနဲ့ စတင်ရိုက်ကူးထားတဲ့ ” ချိုးရုပ် ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဇာတ်ဝင်သီချင်း လေးဆိုထားတယ်လို့ သိရပါတယ်။

မနက်ဖြန်မှာ ကျရောက်မယ့် စက်တင်ဘာလ (၂၄)ရက်နေ့ကတော့ သရုပ်ဆောင် မင်းသား နေရဲ ရဲ့ ( ၂၅ )နှစ်မြောက် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ( ၂၅ )နှစ်မြောက် မွေးနေ့အလှူအဖြစ် မနက်ဖြန် ( ၂၄.၉.၂၀၁၉ )အင်္ဂါ နေ့ ကျွန်တော့်ကိုမွေးတာ (၂၅) နှစ်ြ ပည့်တဲ့နေ့ ပါ….။(၂၅)နှစ်ပြည့်မွေးနေ့ မင်္ဂလာအဖြစ် စတုဒီသာထမင်းနှင့်သီးစုံပဲကုလားဟင်း၊ငါးခြောက်ကြော်၊ဘဲဥဟင်း၊ကြက်သားဟင်း တို့နဲ့ ကျွေးမွေးမှာဖြစ်ပါတယ် မနက်ဖြန် နေ့လည် ၁၁နာရီမှစပြီး မည်သူမဆို လာရောက်သုံးဆောင်ကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ” ဆိုပြီး ဖိတ်ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ CeleGabar ပရိတ်သတ်ကြီးလည်း နေရဲရဲ့အလှူလေးအတွက် သာဓုခေါ်ခဲ့ပါဦးနော်။

Source :Nay Ye
Shwe Poe – Cele Gabar

error: Content is protected !!