” ေဖ့စ္ဘြတ္ခ္ မတြင္က်ယ္ခင္ အသုံးျပဳခဲ့တဲ့ Friendster အပလီေကးရွင္း ထဲက ငယ္ဘ၀အမွတ္တရ ေတြကိုျပန္လိုခ်င္ပါတယ္ဆိုတဲ့ စိုင္းစိုင္းခမ္းလိႈင္ “

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ ပ်ိဳပ်ိဳေမတို႔ရဲ႕ အခ်စ္ေတာ္ ႏိုင္ငံေက်ာ္အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္ ဟာဆိုရင္ ပရိသတ္ခ်စ္ခင္အားေပးမႈအမ်ားဆုံးရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ပါ။စိုင္းစိုင္းကေတာ့ လူႀကီးလူငယ္မေ႐ြးအားေပးျခင္းခံေနရၿပီး (၁၅)ႏွစ္တိုင္တိုင္ ေအာင္ျမင္မႈကိုထိန္းသိမ္းထားႏိုင္သူတစ္ေယာက္လည္းျဖစ္ပါတယ္။အမ်ိဳးသမီးပရိသတ္ေတြရဲ႕ အသည္းစြဲ အႏုပညာရွင္တစ္ေယာက္ျဖစ္တာေၾကာင့္ တခ်ိဳ႕ ေသာ အမ်ိဳးသားပရိသတ္ေတြရဲ႕ Troll ျခင္းကို ခံေနရတဲ့အႏုပညာရွင္ေတြထဲက တစ္ဦးအပါအဝင္ပဲျဖစ္ပါတယ္။

စိုင္းစိုင္းကေတာ့ အဆိုပိုင္းသာမက သ႐ုပ္ေဆာင္ပိုင္းမွာလည္း ပါရမီပါသူတစ္ေယာက္ျဖစ္ျပီး ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ေခါင္းေဆာင္မင္းသားအေနျဖင့္ ပါဝင္႐ိုက္ကူးႏိုင္တဲ့အထိ ေအာင္ျမင္မႈရရွိထားပါတယ္။စိုင္းစိုင္းဟာ စီပြားေရးအေနနဲ႔လည္း SAI Cosmetix တံဆိပ္ျဖင့္ အလွကုန္ပစၥည္းေလးေတြကို ထုတ္လုပ္ေရာင္းခ်ၿပီး ႏႈတ္ခမ္းနီမေလးေတြရဲ႕ အားေပးေထာက္ခံမႈကိုအေကာင္းဆုံးရရွိထားပါတယ္။ႏွစ္တိုင္း ဧၿပီ(၁၀) ရက္ေန႔ မွာက်င္းပေလ့ ရွိတဲ့စိုင္းစိုင္း Birthday Show ဟာလည္း ေၾကာက္ခမန္းလိလိ ပရိသတ္မ်ား ကြင္းလုံးျပည့္အားေပးၾကမ္းတဲ့ Show ပြဲႀကီးလည္းျဖစ္ပါတယ္။စိုင္းစိုင္းကေတာ့ စာေပဗဟုသုတပိုင္းမွာလည္း ပါရမီပါသူျဖစ္တာေၾကာင့္ ” စကၠဴငွက္၊ ကံကိုဆြဲ၍ မႈန္းသီျခယ္ မင္ရည္က်ဲ၏ မက်ဲ၏ ” စသည့္ ဝတၳဳ(၂)အုပ္ ထြက္ရွိခဲ့ၿပီး “စကၠဴငွက္” ဝတၳဳကိုေတာ့ ဒါ႐ိုက္တာမီးပြားမွ ႐ုပ္ရွင္ျပန္႐ိုက္ကူးခဲ့ပါေသးတယ္။

စိုင္းစိုင္းကေတာ့ ငယ္စဥ္အခါ ေဖ့စ္ဘြတ္ခ္ မတြင္က်ယ္ခင္ကတည္းက အသုံးျပဳခဲ့တဲ့ Friendster အပလီေကးရွင္းကို စြဲစြဲလမ္းလမ္းနဲ႔ အသံုးျပဳခဲ့ပါတယ္။ ဘယ္ေလာက္ေတာင္စြဲသုံးခဲ့လည္း ဆိုရင္ အဲဒီ အပလီေကးရွင္းကို သူ႕ဝတၳဳထဲမွာပါ ထည့္ေရးတဲ့ အထိပါပဲ။ ထိုအေၾကာင္းကို “Friendster ဘယ္လာက္သုံးခဲ့သလဲဆိုေတာ့ ကၽြန္ေတာ့္ဝတၳဳထဲမွာ ထည့္ေရးမိတဲ့အထိပါပဲ။အဲတုန္းက ဓာတ္ပုံေတြ ျပန္လိုခ်င္လိုက္တာ” လို႔ ငယ္ဘ၀ကို အမွတ္ရေနေၾကာင္း လူမႈကြန္ရက္ စာမ်က္နာမွ ေဖာ္ျပထားပါတယ္။CeleGabar ပရိသတ္ၾကီးထဲမွာေရာ စိုင္းစိုင္းလို အမွတ္ရစရာ ငယ္ဘ၀ကအမွတ္တရေလးေတြရိွၾကလား။

Source: Sai Sai Kham Leng
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ဖေ့စ်ဘွတ်ခ် မတွင်ကျယ်ခင် အသုံးပြုခဲ့တဲ့ Firendster အပလီကေးရှင်း ထဲက ငယ်ဘဝအမှတ်တရ တွေကိုပြန်လိုချင်ပါတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် ”

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ပျိုပျိုမေတို့ရဲ့ အချစ်တော် နိုင်ငံကျော်အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဟာဆိုရင် ပရိသတ်ချစ်ခင်အားပေးမှုအများဆုံးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။စိုင်းစိုင်းကတော့ လူကြီးလူငယ်မရွေးအားပေးခြင်းခံနေရပြီး (၁၅)နှစ်တိုင်တိုင် အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် တချို့ သော အမျိုးသားပရိသတ်တွေရဲ့ Troll ခြင်းကို ခံနေရတဲ့အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင်ပဲဖြစ်ပါတယ်။

စိုင်းစိုင်းကတော့ အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပါရမီပါသူတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသားအနေဖြင့် ပါဝင်ရိုက်ကူးနိုင်တဲ့အထိ အောင်မြင်မှုရရှိထားပါတယ်။စိုင်းစိုင်းဟာ စီပွားရေးအနေနဲ့လည်း SAI Cosmetix တံဆိပ်ဖြင့် အလှကုန်ပစ္စည်းလေးတွေကို ထုတ်လုပ်ရောင်းချပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးထောက်ခံမှုကိုအကောင်းဆုံးရရှိထားပါတယ်။နှစ်တိုင်း ဧပြီ(၁၀) ရက်နေ့ မှာကျင်းပလေ့ ရှိတဲ့စိုင်းစိုင်း Birthday Show ဟာလည်း ကြောက်ခမန်းလိလိ ပရိသတ်များ ကွင်းလုံးပြည့်အားပေးကြမ်းတဲ့ Show ပွဲကြီးလည်းဖြစ်ပါတယ်။စိုင်းစိုင်းကတော့ စာပေဗဟုသုတပိုင်းမှာလည်း ပါရမီပါသူဖြစ်တာကြောင့် ” စက္ကူငှက်၊ ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ ” စသည့် ဝတ္ထု(၂)အုပ် ထွက်ရှိခဲ့ပြီး “စက္ကူငှက်” ဝတ္ထုကိုတော့ ဒါရိုက်တာမီးပွားမှ ရုပ်ရှင်ပြန်ရိုက်ကူးခဲ့ပါသေးတယ်။

စိုင်းစိုင်းကတော့ ငယ်စဉ်အခါ ဖေ့စ်ဘွတ်ခ် မတွင်ကျယ်ခင်ကတည်းက အသုံးပြုခဲ့တဲ့ Firendster အပလီကေးရှင်းကို စွဲစွဲလမ်းလမ်းနဲ့ အသုံးပြုခဲ့ပါတယ်။ ဘယ်လောက်တောင်စွဲသုံးခဲ့လည်း ဆိုရင် အဲဒီ အပလီကေးရှင်းကို သူ့ဝတ္ထုထဲမှာပါ ထည့်ရေးတဲ့ အထိပါပဲ။ ထိုအကြောင်းကို “Friendster ဘယ်လာက်သုံးခဲ့သလဲဆိုတော့ ကျွန်တော့်ဝတ္ထုထဲမှာ ထည့်ရေးမိတဲ့အထိပါပဲ။အဲတုန်းက ဓာတ်ပုံတွေ ပြန်လိုချင်လိုက်တာ” လို့ ငယ်ဘဝကို အမှတ်ရနေကြောင်း လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးထဲမှာရော စိုင်းစိုင်းလို အမှတ်ရစရာ ငယ်ဘဝကအမှတ်တရလေးတွေရှိကြလား။

error: Content is protected !!