” ေကာ္ရီးေတြရဲ႕ လွည့္ကြက္ေတြကိုမခံရဖို႕ အိမ္ေထာင္ရွင္မမေတြ ၾကည့္သင့္တဲ့ ကြီးတို ႔၏မာယာရုပ္ရွင္ဇာတ္ကားႀကီး “

ကြီးတို ႔၏မာယာရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ျမန္မာ့ရုပ္ရွင္ေလာကရဲ႕ ပရိသတ္ေတြအခိုင္အမာရရွိထားတဲ့ မင္းသားမင္းသမီးႀကီးေတြ ပါဝင္တဲ့ ရုပ္ရွင္ဇာတ္ကားႀကီးတစ္ကားပဲ ျဖစ္ပါတယ္။ပါဝင္တဲ့ သူေတြကေတာ့ ရဲေအာင္ ၊ ခန္႔စည္သူ ၊ ရာဇာေနဝင္း ၊ မို႔မုိ႔ျမင့္ေအာင္ ၊ ထြန္းအိျႏၵာဗိုလ္ ၊ ခိုင္သင္းၾကည္ ၊ ၾကည္လဲ့လဲ့ဦး တို႕ ပါဝင္ထားတဲ့အျပင္ မိန္းကေလးေတြ သည္းသည္းလႈပ္အားေပးရတဲ့ MRTV -(4) မင္းသားေလး ျဖစ္တဲ့ ေအာင္မင္းခန္႕ လည္းပါဝင္ၿပီး ခ်စ္စရာေကာင္းၿပီး အၿမဲ သြက္လက္လန္းဆန္းေနတတ္တဲ့ မင္းသမီးေလး သြန္းဆက္လည္း ပါဝင္တာပဲ ျဖစ္ပါတယ္။

ထို႕ျပင္ ဟာသပိုင္းမွာ ပိုင္ႏုိင္ကၽြမ္းက်င္လွတဲ့ ဟာသသရုပ္ေဆာင္ေတြ ျဖစ္တဲ့ ေဗလုဝ နဲ႕ ဒိန္းေဒါင္ တို႕အျပင္ အျခားေသာ သရုပ္ေဆာင္မ်ားစြာ ပါဝင္ထားတာေၾကာင့္ ပရိသတ္ေတြ ရယ္ေမာ ေပ်ာ္ရႊင္ရမွာ အမွန္ပါပဲေနာ္။ ဒါရုိက္တာ ရာဇဝင္ကို ရဲ႕ ဖန္တီးမႈ ျဖစ္တာေၾကာင့္လည္း ပရိသတ္ေတြအႀကိဳက္ေတြ႕ေစမွာ ပဲ ျဖစ္ပါတယ္။ အႏုပညာေလာကမွာ သိပ္မေတြ႕ျဖစ္ေတာ့တဲ့ ရာဇာေနဝင္းနဲ႕ ၾကည္လဲ့လဲ့ဦး တို႕ရဲ႕ သရုပ္ေဆာင္ ခ်က္ေတြကို ျပန္လည္ျမင္ေတြ့ႏုိင္မယ့္ ဇာတ္ကားတစ္ကားပါပဲေနာ္။

ဇာတ္လမ္းဇာတ္အိမ္က်က်သရုပ္ေဆာင္ခ်က္ေတြနဲ႕ ရယ္ေမာစရာ ဇာတ္ကားေကာင္းတစ္ကား အျဖစ္ျမင္ေတြ႕ရမယ့္အျပင္ ပရိသတ္ေတြရဲ႕ ဘဝအေမာေတြေျပေပ်ာက္ကာ တဝါးဝါးနဲ႕ ပြဲက်ေစမယ့္ ဇာတ္ကားတစ္ကား လို့ဆိုႏုိင္မွာပါ။အရယ္သန္ေတြ အတြက္ မ်က္ရည္ထြက္ေအာင္ ရယ္ရမယ့္ ဇာတ္ကားတစ္ကားျဖစ္ၿပီး အိမ္ေထာင္ရွင္ အမ်ိဳးသမီးေတြကို ပိပိရိရိ လိမ္တတ္တဲ့ အိမ္ေထာင္ရွင္အမ်ိဳးသားေတြက ဘယ္လို လွည့္ကြက္ေတြနဲ႕ မာယာေတြသံုးမလဲဆိုတာ စိတ္ဝင္စားစရာပါပဲေနာ္။ ကြီးတိို႕ရဲ႕ မာယာေတြလွည့္ကြက္ေတြကို အိမ္ေထာင္ရွင္မမေတြက ဘယ္လို ထိန္းခ်ဳပ္မလဲဆိုတာ အေျဖရွာဖို႕ အိမ္ေထာင္ရွင္မမေတြ ၾကည့္သင့္တဲ့ကားတစ္ကား ျဖစ္ၿပီး ခ်စ္သူရည္းစားေတြလည္း အိမ္ေထာင္ရွင္ျဖစ္လာရင္ ႀကံုေတြ့ရမယ့္ အေျခအေနေလးေတြကို ၾကည့္ရွဴၿပီး ပညာေတြယူလိုက္ၾကရေအာင္ေနာ္။CeleGabar ပရိသတ္ႀကီးလည္း စက္တင္ဘာ(၂၆)ရက္ေန႕မွာ ထြက္ရွိမယ့္ ကြီးတို ႔၏မာယာရုပ္ရွင္ဇာတ္ကားႀကီး ကိုအားေပးဖို႕ အဆင္သင့္ပဲ လားဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source:ကြီးတို ႔၏မာယာရုပ္ရွင္ဇာတ္ကားႀကီး
Shwe Poe – CeleGabar
Photo Credit From – ကြီးတို ႔၏မာယာရုပ္ရွင္ဇာတ္ကားႀကီး
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ကော်ရီးတွေရဲ့ လှည့်ကွက်တွေကိုမခံရဖို့ အိမ်ထောင်ရှင်မမတွေ ကြည့်သင့်တဲ့ ကွီးတို့၏မာယာရုပ်ရှင်ဇာတ်ကားကြီး ”

ကွီးတို့၏မာယာရုပ်ရှင်ဇာတ်ကားကြီးကတော့ မြန်မာ့ရုပ်ရှင်လောကရဲ့ ပရိသတ်တွေအခိုင်အမာရရှိထားတဲ့ မင်းသားမင်းသမီးကြီးတွေ ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားပဲ ဖြစ်ပါတယ်။ပါဝင်တဲ့ သူတွေကတော့ ရဲအောင် ၊ ခန့်စည်သူ ၊ ရာဇာနေဝင်း ၊ မို့မို့မြင့်အောင် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ခိုင်သင်းကြည် ၊ ကြည်လဲ့လဲ့ဦး တို့ ပါဝင်ထားတဲ့အပြင် မိန်းကလေးတွေ သည်းသည်းလှုပ်အားပေးရတဲ့ MRTV -(4) မင်းသားလေး ဖြစ်တဲ့ အောင်မင်းခန့် လည်းပါဝင်ပြီး ချစ်စရာကောင်းပြီး အမြဲ သွက်လက်လန်းဆန်းနေတတ်တဲ့ မင်းသမီးလေး သွန်းဆက်လည်း ပါဝင်တာပဲ ဖြစ်ပါတယ်။

ထို့ပြင် ဟာသပိုင်းမှာ ပိုင်နိုင်ကျွမ်းကျင်လှတဲ့ ဟာသသရုပ်ဆောင်တွေ ဖြစ်တဲ့ ဗေလုဝ နဲ့ ဒိန်းဒေါင် တို့အပြင် အခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားတာကြောင့် ပရိသတ်တွေ ရယ်မော ပျော်ရွှင်ရမှာ အမှန်ပါပဲနော်။ ဒါရိုက်တာ ရာဇဝင်ကို ရဲ့ ဖန်တီးမှု ဖြစ်တာကြောင့်လည်း ပရိသတ်တွေအကြိုက်တွေ့စေမှာ ပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ သိပ်မတွေ့ဖြစ်တော့တဲ့ ရာဇာနေဝင်းနဲ့ ကြည်လဲ့လဲ့ဦး တို့ရဲ့ သရုပ်ဆောင် ချက်တွေကို ပြန်လည်မြင်တွေ့နိုင်မယ့် ဇာတ်ကားတစ်ကားပါပဲနော်။

ဇာတ်လမ်းဇာတ်အိမ်ကျကျသရုပ်ဆောင်ချက်တွေနဲ့ ရယ်မောစရာ ဇာတ်ကားကောင်းတစ်ကား အဖြစ်မြင်တွေ့ရမယ့်အပြင် ပရိသတ်တွေရဲ့ ဘဝအမောတွေပြေပျောက်ကာ တဝါးဝါးနဲ့ ပွဲကျစေမယ့် ဇာတ်ကားတစ်ကား လို့ဆိုနိုင်မှာပါ။အရယ်သန်တွေ အတွက် မျက်ရည်ထွက်အောင် ရယ်ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပြီး အိမ်ထောင်ရှင် အမျိုးသမီးတွေကို ပိပိရိရိ လိမ်တတ်တဲ့ အိမ်ထောင်ရှင်အမျိုးသားတွေက ဘယ်လို လှည့်ကွက်တွေနဲ့ မာယာတွေသုံးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။ ကွီးတို့ရဲ့ မာယာတွေလှည့်ကွက်တွေကို အိမ်ထောင်ရှင်မမတွေက ဘယ်လို ထိန်းချုပ်မလဲဆိုတာ အဖြေရှာဖို့ အိမ်ထောင်ရှင်မမတွေ ကြည့်သင့်တဲ့ကားတစ်ကား ဖြစ်ပြီး ချစ်သူရည်းစားတွေလည်း အိမ်ထောင်ရှင်ဖြစ်လာရင် ကြုံတွေ့ရမယ့် အခြေအနေလေးတွေကို ကြည့်ရှူပြီး ပညာတွေယူလိုက်ကြရအောင်နော်။CeleGabar ပရိသတ်ကြီးလည်း စက်တင်ဘာ(၂၆)ရက်နေ့မှာ ထွက်ရှိမယ့် ကွီးတို့၏မာယာရုပ်ရှင်ဇာတ်ကားကြီး ကိုအားပေးဖို့ အဆင်သင့်ပဲ လားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source:ကွီးတို့၏မာယာရုပ်ရှင်ဇာတ်ကားကြီး
Shwe Poe – CeleGabar
Photo Credit From – ကွီးတို့၏မာယာရုပ်ရှင်ဇာတ်ကားကြီး

error: Content is protected !!