” အခ်စ္ေၾကာင့္ ရူးသြပ္ျပီး စိတ္နွစ္ခြျဖစ္ေနတဲ့ ေကာင္ေလးအျဖစ္ ျမင္ေတြ႕ရဦးမည့္ ေနတိုး “

ေနတိုး ကေတာ့ ရခိုင္တိုင္းရင္းသားတစ္ဦးျဖစ္ၿပီး ဘက္စံုေတာ္တဲ့အႏုပညာရွင္တစ္ဦးျဖစ္တယ္လို့ ပရိသတ္ေတြေကာက္ခ်က္ခ်ခံထား ရတဲ့သူတစ္ဦး ျဖစ္ပါတယ္။ တည္ၾကည္ျပီးရိုးရိုးေအးေအးစြာ ေနတတ္တဲ့ ပံုစံက မိန္းကေလးေတြ လိုခ်င္တဲ့ စိတ္ကူးထဲက ဘ၀လက္တြဲေဖာ္ ပံုုစံမ်ိဳးပါ။တည္ၿငိမ္ေအးေဆးၿပီး ေယာက်ာ္းပီသတဲ့အျပံဳး ခန္႔ညားတဲ့သြင္ျပင္ေတြေၾကာင့္ အမ်ိဳးသမီးပရိသတ္ေတြရဲ့ အသည္းေက်ာ္ျဖစ္ေနရတာပဲ ျဖစ္ပါတယ္။


ေအးေအးေဆးေဆးပဲ ေနတတ္ သလို မိန္းကေလးပရိသတ္ေတြ ရင္ခုန္သြားေအာင္ အေျပာေလးေတြ၊အမူအရာေလးေတြ မလုပ္ေပမယ့္လည္း ေနတိုး ကို ႀကိိတ္ေၾကြေနတဲ့ မိန္းကေလးပရိသတ္ကေတာ့ အမ်ားႀကီးပါပဲေနာ္။အသံလည္းေကာင္းၿပီး အဆိုပိုင္းမွာလည္းပရိသတ္ေတြက သူဆိုတဲ့သီခ်င္းေတြကို လက္ခံအားေပးၾကတာပဲ ျဖစ္ပါတယ္။က်ရာဇာတ္ရုပ္ကိုပီျပင္ေအာင္သရုပ္ေဆာင္ခ်က္ေတြေၾကာင့္ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆု ကို (၃) ဆုရရွိထားတာ ျဖစ္ၿပီး ေအာင္ျမင္တဲ့ ထိပ္တန္းမင္းသားတစ္ဦးပဲ ျဖစ္ပါတယ္။


လက္ရိွမွာေတာ့ ေနတိုးဟာ ရိုက္ကူးျပီးတာၾကာေပမဲ့ အခုမွထုတ္လြင့္ျပမည့္ အခ်စ္ဒရမ္မာဇာတ္ကားကိုေတာ့ Sky Net Cinema ရုပ္သံလိုင္း မွ ထုတ္လြင့္ေတာ့မွာျဖစ္ျပီး ထိုဇာတ္ကားထဲမွာေတာ့ ေနတိုးက အခ်စ္ေၾကာင့္ ရူးသြပ္ျပီး စိတ္နွစ္ခြျဖစ္ေနတဲ့ ေကာင္ေလးေနရာမွာ သရုပ္ေဆာင္ထားတဲ့ “ေကာင္းကင္မွာ အရုပ္ေရးတဲ့ ၾကယ္” ဇာတ္ကားျပသေတာ့မည့္ အေၾကာင္းကို ” ၾကာျပီဆိုေပမဲ့လဲ ပရိသတ္အတြက္ေတာ့ သစ္လြင္ေတာက္ပေနဦးမွာပါ ” လို႔ သူရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွာ ေဖာ္ျပထားပါတယ္။CeleGabar ပရိသတ္ၾကီးေရ ေနတိုးကေတာ့ ကာရိုက္တာခပ္ၾကမ္းၾကမ္းနဲ႔ ျမင္ေတြ့ရေတာ့မွာေနာ္။

Source: Nay Toe
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” အချစ်ကြောင့် ရူးသွပ်ပြီး စိတ်နှစ်ခွဖြစ်နေတဲ့ ကောင်လေးအဖြစ် မြင်တွေ့ရဦးမည့် နေတိုး ”

နေတိုး ကတော့ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဘက်စုံတော်တဲ့အနုပညာရှင်တစ်ဦးဖြစ်တယ်လို့ ပရိသတ်တွေကောက်ချက်ချခံထား ရတဲ့သူတစ်ဦး ဖြစ်ပါတယ်။ တည်ကြည်ပြီးရိုးရိုးအေးအေးစွာ နေတတ်တဲ့ ပုံစံက မိန်းကလေးတွေ လိုချင်တဲ့ စိတ်ကူးထဲက ဘဝလက်တွဲဖော် ပုံစံမျိုးပါ။တည်ငြိမ်အေးဆေးပြီး ယောကျာ်းပီသတဲ့အပြုံး ခန့်ညားတဲ့သွင်ပြင်တွေကြောင့် အမျိုးသမီးပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်နေရတာပဲ ဖြစ်ပါတယ်။

အေးအေးဆေးဆေးပဲ နေတတ် သလို မိန်းကလေးပရိသတ်တွေ ရင်ခုန်သွားအောင် အပြောလေးတွေ၊အမူအရာလေးတွေ မလုပ်ပေမယ့်လည်း နေတိုး ကို ကြိတ်ကြွေနေတဲ့ မိန်းကလေးပရိသတ်ကတော့ အများကြီးပါပဲနော်။အသံလည်းကောင်းပြီး အဆိုပိုင်းမှာလည်းပရိသတ်တွေက သူဆိုတဲ့သီချင်းတွေကို လက်ခံအားပေးကြတာပဲ ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကို (၃) ဆုရရှိထားတာ ဖြစ်ပြီး အောင်မြင်တဲ့ ထိပ်တန်းမင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နေတိုးဟာ ရိုက်ကူးပြီးတာကြာပေမဲ့ အခုမှထုတ်လွင့်ပြမည့် အချစ်ဒရမ်မာဇာတ်ကားကိုတော့ Sky Net Cinema ရုပ်သံလိုင်း မှ ထုတ်လွင့်တော့မှာဖြစ်ပြီး ထိုဇာတ်ကားထဲမှာတော့ နေတိုးက အချစ်ကြောင့် ရူးသွပ်ပြီး စိတ်နှစ်ခွဖြစ်နေတဲ့ ကောင်လေးနေရာမှာ သရုပ်ဆောင်ထားတဲ့ “ကောင်းကင်မှာ အရုပ်ရေးတဲ့ ကြယ်” ဇာတ်ကားပြသတော့မည့် အကြောင်းကို ” ကြာပြီဆိုပေမဲ့လဲ ပရိသတ်အတွက်တော့ သစ်လွင်တောက်ပနေဦးမှာပါ ” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးရေ နေတိုးကတော့ ကာရိုက်တာခပ်ကြမ်းကြမ်းနဲ့ မြင်တွေ့ရတော့မှာနော်။

error: Content is protected !!