ကိုယ္တိုင္လာလႉမယ္လို႔ႀကိဳအသိမေပးပဲေရာက္သြားခ်ိန္မွာ တစ္႐ြာလုံးကေျပးဖက္ၿပီး ႏႈတ္ဆက္ခဲ့တဲ့ ခိုင္ႏွင္းေဝရဲ႕ ၾကည္ႏူးစရာအလႉေလး

ပရဟိတမင္းသမီးေလးခိုင္ႏွင္းေဝကေတာ့ အၿမဲလိုလို လိုအပ္တဲ့ေနရာတိုင္းကိုအေရာက္သြားၿပီး လႉတန္းတတ္သူေလးလည္းျဖစ္ပါ တယ္။ မိဘရဲ႕ကေလးေတြကိုလည္း ကိုယ္တိုင္ျပဳစုေစာင့္ေရွာက္ ေပးၿပီး ကိုယ့္သားသမီးအရင္းေလးလို ရင္နဲ႔ရင္းၿပီးခ်စ္ခင္သူ ကေလးတို ႔ေမေမလည္းျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္ ေက်ာက္စပ္ကုန္းေက်း႐ြာမွာ ေရတူးရင္ ေရမထြက္ပဲ ေသာက္သုံးေရရွားပါးၿပီး ဆည္ထဲကေရေတြကိုပဲႀကိဳေသာက္ေနရတာေၾကာင့္ သူမက အေရာက္သြားၿပီး ေသာက္ေရသန႔္ဗူး (၄၀၀) ေက်ာ္ လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္။

 

 

ေရလႉမယ္လို႔ပဲအသိေပးထားၿပီး သူမကိုယ္တိုင္လာလႉတာလည္းျမင္ေရာ ႐ြာမွာရွိတဲ့လူေတြက သူမကိုဝမ္းသာအားရနဲ႔ ေျပးဖက္ၾကတဲ့ အေၾကာင္းေလးကိုလည္း ၾကည္ၾကည္ႏူးႏူးေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။ လိုအပ္ေနတဲ့အခ်ိန္မွာ လိုအပ္မႈေတြကိုျဖည့္ဆည္းေပးလိုက္ရလို႔ တန္ျပန္ရလာတဲ့ ေမတၱာတရားေတြဟာလည္း ျပန္ေတြးလိုက္တိုင္းၾကည္ႏူးေနရေအာင္ ဘဝမွာအမွတ္တရျဖစ္ေစခဲ့ပါ တယ္။

 

 

သူမရဲ႕ေပ်ာ္စရာေကာင္းတဲ့အလႉေလးအေၾကာင္းကို ” ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္ ေက်ာက္စပ္ကုန္းေက်း႐ြာမွာေရတူးရင္ ေရမထြက္ ေသာက္သုံးေရရွားပါးၿပီး ဆည္ထဲကေရေတြကို ပဲႀကိဳေသာက္ေနရတယ္ဆိုလို႔ ဒီေန႔ ေသာက္ေရသန႔္ ဗူးေပါင္း၄၀၀ သြားေရာက္လႉဒန္းခဲ့ပါတယ္ ႐ြာကို က်မလာလႉမယ္လို႔ႀကိဳမေျပာထားပဲ ေရလာလႉမယ္ပဲသူတို႔ကိုေပးသိထားတာ ေရစလႉေတာ့ က်မကိုလည္းေတြ႕ေရာ အဲ့ဒီ႐ြာက အစ္မေတြ,အေဒၚေတြ,အဖြားေတြက ခိုင္ႏွင္းေဝေဟ့ ဆိုၿပီး ေအာ္ၿပီး ေပ်ာ္သြားၾကတာျမင္ေတာ့ က်မပါသူတို႔ရဲ႕အေပ်ာ္ေတြကူးစက္ရျပန္ေရာ ေရအက်ိဳး၁၀ပါး မေတာင္းပဲျပည့္တယ္တဲ့… က်မနဲ႔အတူ ဝိုင္းဝန္းလႉဒါန္းေပးတဲ့ ေမာင္ေလးဇင္ျမင့္ေအာင္နဲ႔ ညီမေလးဖူးဖူး တို႔ကိုလဲေက်းဇူးအထူးတင္ပါတယ္ ေရအက်ိဳး၁၀ပါးနဲ႔ျပည့္စုံၾကပါေစလို႔လည္း ဆုမြန္ေကာင္း ေတာင္းေပးပါတယ္ ေရလႉၿပီးအျပန္ ေနပူႀကီးထဲမွာ တေနကုန္ သန႔္ရွင္းေရးလုပ္, အပင္ေတြအလွဆင္လုပ္ေနၾကရတဲ့ လမ္းလုပ္သားေတြ ကိုလဲ ေရခဲမုန႔္မ်ား ဒါနျပဳခဲ့ပါေသးတယ္ရွင္ ဒီေန႔တေန႔လုံး အလႉေတြလုပ္ေနရလို႔ ပီတိေတြအျပည့္နဲ႔ေပ်ာ္႐ႊင္ရပါတယ္ ” ဆိုၿပီး ေဝမွ်လိုက္တာပဲ ျဖစ္ပါတယ္။

 

 

Photo – khine Hnin Wai
Happy – Cele Gabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” ကိုယ်တိုင်လာလှူမယ်လို့ကြိုအသိမပေးပဲရောက်သွားချိန်မှာ တစ်ရွာလုံးကပြေးဖက်ပြီး နှုတ်ဆက်ခဲ့တဲ့ ခိုင်နှင်းဝေရဲ့ ကြည်နူးစရာအလှူလေး ”

ပရဟိတမင်းသမီးလေးခိုင်နှင်းဝေကတော့ အမြဲလိုလို လိုအပ်တဲ့နေရာတိုင်းကိုအရောက်သွားပြီး လှူတန်းတတ်သူလေးလည်း ဖြစ်ပါတယ်။ မိဘရဲ့ကလေးတွေကိုလည်း ကိုယ်တိုင်ပြုစုစောင့်ရှောက် ပေးပြီး ကိုယ့်သားသမီးအရင်းလေးလို ရင်နဲ့ရင်းပြီးချစ်ခင်သူ ကလေးတို့မေမေလည်းဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း နေပြည်တော် ဇေယျာသီရိမြို့နယ် ကျောက်စပ်ကုန်းကျေးရွာမှာ ရေတူးရင် ရေမထွက်ပဲ သောက်သုံးရေရှားပါးပြီး ဆည်ထဲကရေတွေကိုပဲကြိုသောက်နေရတာကြောင့် သူမက အရောက်သွားပြီး သောက်ရေသန့်ဗူး (၄၀၀) ကျော် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ရေလှူမယ်လို့ပဲအသိပေးထားပြီး သူမကိုယ်တိုင်လာလှူတာလည်းမြင်ရော ရွာမှာရှိတဲ့လူတွေက သူမကိုဝမ်းသာအားရနဲ့ ပြေးဖက် ကြတဲ့အကြောင်းလေးကိုလည်း ကြည်ကြည်နူးနူးပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ လိုအပ်နေတဲ့အချိန်မှာ လိုအပ်မှုတွေကိုဖြည့်ဆည်းပေး လိုက်ရလို့ တန်ပြန်ရလာတဲ့ မေတ္တာတရားတွေဟာလည်း ပြန်တွေးလိုက်တိုင်းကြည်နူးနေရအောင် ဘဝမှာအမှတ်တရဖြစ်စေခဲ့ပါ တယ်။

သူမရဲ့ပျော်စရာကောင်းတဲ့အလှူလေးအကြောင်းကို ” နေပြည်တော် ဇေယျာသီရိမြို့နယ် ကျောက်စပ်ကုန်းကျေးရွာမှာရေတူးရင် ရေမထွက် သောက်သုံးရေရှားပါးပြီး ဆည်ထဲကရေတွေကို ပဲကြိုသောက်နေရတယ်ဆိုလို့ ဒီနေ့ သောက်ရေသန့် ဗူးပေါင်း၄၀၀ သွားရောက်လှူဒန်းခဲ့ပါတယ် ရွာကို ကျမလာလှူမယ်လို့ကြိုမပြောထားပဲ ရေလာလှူမယ်ပဲသူတို့ကိုပေးသိထားတာ ရေစလှူတော့ ကျမကိုလည်းတွေ့ရော အဲ့ဒီရွာက အစ်မတွေ,အဒေါ်တွေ,အဖွားတွေက ခိုင်နှင်းဝေဟေ့ ဆိုပြီး အော်ပြီး ပျော်သွားကြတာမြင်တော့ ကျမပါသူတို့ရဲ့အပျော်တွေကူးစက်ရပြန်ရော ရေအကျိုး၁၀ပါး မတောင်းပဲပြည့်တယ်တဲ့… ကျမနဲ့အတူ ဝိုင်းဝန်းလှူဒါန်းပေးတဲ့ မောင်လေးဇင်မြင့်အောင်နဲ့ ညီမလေးဖူးဖူး တို့ကိုလဲကျေးဇူးအထူးတင်ပါတယ် ရေအကျိုး၁၀ပါးနဲ့ပြည့်စုံကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးပါတယ် ရေလှူပြီးအပြန် နေပူကြီးထဲမှာ တနေကုန် သန့်ရှင်းရေးလုပ်, အပင်တွေအလှဆင်လုပ်နေကြ ရတဲ့ လမ်းလုပ်သားတွေကိုလဲ ရေခဲမုန့်များ ဒါနပြုခဲ့ပါသေးတယ်ရှင် ဒီနေ့တနေ့လုံး အလှူတွေလုပ်နေရလို့ ပီတိတွေအပြည့်နဲ့ ပျော်ရွှင်ရပါတယ် ” ဆိုပြီး ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။

Photo – khine Hnin Wai
Happy – Cele Gabar

error: Content is protected !!