“ေက်ာင္းသားေခါင္းေဆာင္ ကိုဗဟိန္းအျဖစ္ ျမင္ေတြ႕ရဦးမယ့္ ညိဳမင္းလြင္”

ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ အကယ္ဒမီလူမင္းကိုယ္တိုင္ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ ႐ိုက္ကူးမယ့္” ေအာင္ဆန္း”႐ုပ္ရွင္ဇာတ္ကားမွာ ညိဳမင္းလြင္ဟာ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္သြားမွာျဖစ္တဲ့အေၾကာင္း သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ေျပာဆိုလိုက္ပါတယ္။ “ေအာင္ဆန္း” ႐ုပ္ရွင္ဇာတ္ကားႀကီးကို ႐ိုက္ကူးဖို႔အတြက္ ဒါ႐ိုက္တာအကယ္ဒမီလူမင္းကိုယ္တိုင္ ဂ်ပန္ႏိုင္ငံကိုသြားေရာက္ၿပီး ဂ်ပန္ျမန္မာခ်စ္ၾကည္ေရး အထိမ္းအမွတ္ေက်ာက္စာတိုင္နဲ႔ “ေအာင္ဆန္း” ႐ုပ္ရွင္အတြက္တန္ဖိုးရွိလွေသာ သမိုင္းအခ်က္အလက္၊အေထာက္အထားေတြကို သြားေရာက္ေလ့လာခဲ့တာပါ။

(၁၃၀၀) ျပည့္ႏွစ္ ေရနံေျမအလုပ္သမား သပိတ္မွာ” ျမင္းခြာတခ်က္ေပါက္ရင္ မီးဟုန္းဟုန္းေတာက္ေစရမယ္”လို႔ အဂၤလိပ္အစိုးရကို ႀကိမ္းေမာင္းလိုက္တဲ့ စကားသံနဲ႔အတူ ျမန္မာ့လြတ္လပ္ေရးႀကိဳးပမ္းမႈကာလ ေက်ာင္းသားေခါင္းေဆာင္ ကိုဗဟိန္း (ေခၚ) သခင္ဗဟိန္းကလည္း ျမန္မာ့သမိုင္းမွာထင္ရွားခဲ့တဲ့ ေခါင္းေဆာင္တစ္ဦးပဲျဖစ္ပါတယ္။ ” ေအာင္ဆန္း”႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္မယ့္ အဆိုပါ ေက်ာင္းသားေခါင္းေဆာင္ ကိုဗဟိန္းေနရာကေန သ႐ုပ္ေဆာင္၊ဒါ႐ိုက္တာတစ္ေယာက္ျဖစ္တဲ့ ညိဳမင္းလြင္က ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

“ေအာင္ဆန္း” ႐ုပ္ရွင္ဇာတ္ကားကို စက္တင္ဘာလ(၂၆)ရက္ေန႔ကေန ေအာက္တိုဘာလ (၁၅)ရက္အတြင္း ရန္ကုန္ၿမိဳ႕ အမ်ိဴးသားျပတိုက္က သီဟာသနပလႅင္ အပါအဝင္ မႏၲေလးျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္၊ အင္းဝဆင္က်ဳံးခံတပ္၊ဗားဂရာေက်ာင္း၊ မယ္ႏုအုတ္ေက်ာင္း၊ နတ္ေမာက္ၿမိဳ႕က ဗိုလ္ခ်ဳပ္ေနအိမ္ေတြမွာ စတင္႐ိုက္ကူးဖို႔ ျပင္ဆင္ေနတယ္လို႔လည္း သိရပါေသးတယ္။ ျပည္သူေတြခ်စ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအေၾကာင္း၊ ျမန္မာ့သမိုင္းဝင္ေနရာ၊ အခ်က္အလက္ေတြကို ေလ့လာေတြ႕ရွိရမယ့္ ႐ုပ္ရွင္ဇာတ္ကားတစ္ကားျဖစ္တာေၾကာင့္ ဆယ္လီကမာၻပရိသတ္ႀကီး ေစာင့္ေမွ်ာ္အားေပးၾကမယ္မဟုတ္လား……။

Source: Nyo Min Lwin
ခ်စ္သဲေမ @ CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းအဖြစ် မြင်တွေ့ရဦးမယ့် ညိုမင်းလွင်”

နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီလူမင်းကိုယ်တိုင်ဒါရိုက်တာတစ်ယောက်အနေနဲ့ ရိုက်ကူးမယ့်” အောင်ဆန်း”ရုပ်ရှင်ဇာတ်ကားမှာ ညိုမင်းလွင်ဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုလိုက်ပါတယ်။”အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့အတွက် ဒါရိုက်တာအကယ်ဒမီလူမင်းကိုယ်တိုင် ဂျပန်နိုင်ငံကိုသွားရောက်ပြီး ဂျပန်မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်ကျောက်စာတိုင်နဲ့ “အောင်ဆန်း” ရုပ်ရှင်အတွက်တန်ဖိုးရှိလှသော သမိုင်းအချက်အလက်၊အထောက်အထားတွေကို သွားရောက်လေ့လာခဲ့တာပါ။

(၁၃၀၀) ပြည့်နှစ် ရေနံမြေအလုပ်သမား သပိတ်မှာ” မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်”လို့ အင်္ဂလိပ်အစိုးရကို ကြိမ်းမောင်းလိုက်တဲ့ စကားသံနဲ့အတူ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း (ခေါ်) သခင်ဗဟိန်းကလည်း မြန်မာ့သမိုင်းမှာထင်ရှားခဲ့တဲ့ ခေါင်းဆောင်တစ်ဦးပဲဖြစ်ပါတယ်။ ” အောင်ဆန်း”ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မယ့် အဆိုပါ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းနေရာကနေ သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ညိုမင်းလွင်က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလ(၂၆)ရက်နေ့ကနေ အောက်တိုဘာလ (၁၅)ရက်အတွင်း ရန်ကုန်မြို့ အမျိူးသားပြတိုက်က သီဟာသနပလ္လင် အပါအဝင် မန္တလေးမြနန်းစံကျော်ရွှေနန်းတော်၊ အင်းဝဆင်ကျုံးခံတပ်၊ဗားဂရာကျောင်း၊ မယ်နုအုတ်ကျောင်း၊ နတ်မောက်မြို့က ဗိုလ်ချုပ်နေအိမ်တွေမှာ စတင်ရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါသေးတယ်။ ပြည်သူတွေချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ မြန်မာ့သမိုင်းဝင်နေရာ၊ အချက်အလက်တွေကို လေ့လာတွေ့ရှိရမယ့် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ဆယ်လီကမ္ဘာပရိသတ်ကြီး စောင့်မျှော်အားပေးကြမယ်မဟုတ်လား……။
Source: Nyo Min Lwin
ချစ်သဲမေ @ CeleGabar

error: Content is protected !!