



Source : Wint Yee Shunn
Shwe Poe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” Stress တွေအများအပြားကြောင့် Facebook သုံးခြင်းကို ရပ်နားတော့မယ့် ဝိုင်းလေး ”

ဝိုင်းလေးကတော့ အိပ်မက်ဆုံရာအဆိုပြိုင်ပွဲကနေ ပရိသတ်တွေ သတိထားမိလာပြီး Miss Universe Myanmar (2014) Winner ဆု ရရှိခဲ့တဲ့ အလှမယ် တစ်ဦးပဲ ဖြစ်ပါတယ်။ အဆိုပိုင်းကို ပိုမို ဝါသနာပါကာ ကျွမ်းကျင်တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် သူမရဲ့ သီချင်းတော်တော်များများကိုလည်း ပရိသတ်တွေ ကလက်ခံအားပေး ကြတာပဲ ဖြစ်ပါတယ်။သူမရဲ့ သီချင်းတွေထဲက ” လက်ခံပြီးသား ” သီချင်းဟာဆိုရင်လည်း မိန်းကလေး ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားစေခဲ့တာပဲ ဖြစ်ပါတယ်။

ထို့ပြင် သူမရဲ့ ” တာဝန်အရ ” ဆိုတဲ့ သူမရဲ့ သီချင်းလေးကိုလည်း မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းပရိသတ်တွေလည်း အကြိုက်တွေ့ စေခဲ့တဲ့ သီချင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ခရီးတွေထွက်ရတာကိုလည်း ဝါသနာပါတဲ့ ဝိုင်းလေးဟာ ခရီးသွားပုံရိပ်လှလှလေးတွေကို သူများတွေအားကျရလောက်အောင် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြလေ့ရှိသူပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လ (၃) ရက်နေ့ကတော့ ဝိုင်းလေးရဲ့ (၂၅)နှစ်မြောက်မွေးနေ့ ဖြစ်ပြီး မွေးနေ့ရက်မြတ်ကနေစတင်ပြီး သီလရှင် (၉)ရက်ဝတ်ကာ လူထွက်ခဲ့တာပဲ ဖြစ်ပါတယ်။Miss Myanmar World ( 2016 ) Winner ဖြစ်သူ မြတ်သီရိလွင် (Bella) ကတော့ သူမအတွက် မွေးနေ့ Surprise လေးပြုလုပ်ပေးခဲ့တဲ့အပြင် ခရီးတွေလည်းအတူထွက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဝိုင်းလေးဟာ Stress တွေအများအပြားကြောင့် Facebook သုံးခြင်းကို ရပ်နားတော့မယ့်အကြောင်းကို ” Facebook acc ခဏနားပါမယ် page က admin နဲ့ ကြိုးစားပြီး အနုပညာ လှုပ်ရှားမှုတွေ တင်သွားပါမည်နော်။
အလုပ်ကိစ္စများ အချိန်မရွေး ဖုန်းဖြင့်ဆက်သွယ်နိုင်ပါသည် messenger မှ ပြောခြင်းသည်းခံပါရှင့် ။ ” ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ဝိုင်လေးကို ချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Wint Yee Shunn
Shwe Poe – CeleGabar

error: Content is protected !!