” ဂ်ပန္႐ုပ္ရွင္ပြဲေတာ္ႀကီးမွာ ျပသဖို႔ ကမ္းလွမ္းခံလိုက္ရတဲ့ “မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားႀကီး “

ဒါ႐ိုက္တာၾသရသ မွ ပုံေဖာ္႐ိုက္ကူးခဲ့တဲ့ (၂၀၁၈)ခုႏွစ္ရဲ႕ လူႀကိဳက္အမ်ားဆုံး ႐ုပ္ရွင္ဇာတ္ကားႀကီးလို႔ဆိုရမည့္ ဇာတ္ကားႀကီးကေတာ့ “မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားႀကီးပဲျဖစ္ပါတယ္။ထို႐ုပ္ရွင္ဇာတ္ကားႀကီးမွာေတာ့ ေနတိုး၊မင္းေသြး၊ေဖြးေဖြး၊ေက်ာ္ေက်ာ္ဗိုလ္၊ေအးဝတ္ရည္ေသာင္းတို႔က အဓိကပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဇြဲေဝယံထူး၊ဇြဲေဝယံထက္ အျမႊာ ကေလးသ႐ုပ္ေဆာင္(၂)ဦးက အားျဖည့္သ႐ုပ္ေဆာင္ထားပါေသးတယ္။”မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားႀကီးဟာ ျမန္မာႏိုင္ငံ၏ ဝင္ေငြအေကာင္းဆုံး႐ုပ္ရွင္ဇာတ္ကားမ်ားထဲက တစ္ကားအပါအဝင္ပါ။

ထို႐ုပ္ရွင္ဇာတ္ကားႀကီးကိုေတာ့ ျမန္မာနဲ႔စင္ကာပူ (၂)ႏိုင္ငံလုံးတြင္ တၿပိဳင္နက္ ႐ုံတင္ျပသခဲ့ပါတယ္။”မုန္းစြဲ”႐ုပ္ရွင္ဇာတ္ကားႀကီးကို နာမည္ေက်ာ္ဓမၼကထိက ဆရာေတာ္ အရွင္ဆႏၵာဓိက ေဟာၾကားၿပီး စာအုပ္အျဖစ္ ထုတ္ေဝထားသည့္ “အေသလွတဲ့သူ” တရားေတာ္မွ ဇာတ္လမ္းတစ္ပုဒ္ကို အေျခခံကာ ႐ိုက္ကူးထားခဲ့ျခင္းျဖစ္ပါတယ္။”မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ပရိသတ္ေတြရဲ႕ ႐ုံျပည့္႐ုံလ်ံ အားေပးမႈသာမက (၂၀၁၈)ခုႏွစ္ ျမန္မာ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲတြင္ အေကာင္းဆုံး႐ုပ္ရွင္ဒါ႐ိုက္တာဆု၊အေကာင္းဆုံးအမ်ိဳးသား႐ုပ္ရွင္ဇာတ္ပိုဆု၊အေကာင္းဆုံးအသံဆု၊အေကာင္းဆုံး႐ုပ္ရွင္ဓာတ္ပုံဆု စသည့္ အကယ္ဒမီဆု(၄)ဆုကိုထိုက္ထိုက္တန္တန္ရရွိခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ “မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ ေနာက္ထပ္ေအာင္ျမင္မႈအေနနဲ႔ ဂ်ပန္ႏိုင္ငံတြင္ က်င္းပမည့္ ဂ်ပန္႐ုပ္ရွင္ပြဲေတာ္ႀကီးမွာ ျပသဖို႔ ကမ္လွမ္းခံခဲ့ရပါတယ္။ထိုဂ်ပန္႐ုပ္ရွင္ပြဲေတာ္ႀကီးကေတာ့ (၂၀၂၀)ခုႏွစ္ ဧၿပီလ မွာ က်င္းပသြားမည့္အေၾကာင္းကို “၂၀၂၀ ဧၿပီလ ဂ်ပန္ႏိုင္ငံမွာ က်င္းပမည့္ ဂ်ပန္႐ုပ္ရွင္ပြဲေတာ္မွ မုန္းစြဲ ႐ုပ္ရွင္ဇာတ္ကားႀကီးအား ျပသဖို႔ ကမ္းလွမ္းခံရပါၿပီ။Congratulations…. မုန္းစြဲ Team, Produced by 7th Sense Film Production ” ေဝမင္းေမာင္ရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွာ ေဖာ္ျပထားပါတယ္။

Source: Wai Min Maung
Photo Credit From မုန္းစြဲ ႐ုပ္ရွင္ဇာတ္ကားႀကီး
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ဂျပန်ရုပ်ရှင်ပွဲတော်ကြီးမှာ ပြသဖို့ ကမ်းလှမ်းခံလိုက်ရတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီး ”

ဒါရိုက်တာသြရသ မှ ပုံဖော်ရိုက်ကူးခဲ့တဲ့ (၂၀၁၈)ခုနှစ်ရဲ့ လူကြိုက်အများဆုံး ရုပ်ရှင်ဇာတ်ကားကြီးလို့ဆိုရမည့် ဇာတ်ကားကြီးကတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နေတိုး၊မင်းသွေး၊ဖွေးဖွေး၊ကျော်ကျော်ဗိုလ်၊အေးဝတ်ရည်သောင်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဇွဲဝေယံထူး၊ဇွဲဝေယံထက် အမြွှာ ကလေးသရုပ်ဆောင်(၂)ဦးက အားဖြည့်သရုပ်ဆောင်ထားပါသေးတယ်။”မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံ၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဇာတ်ကားများထဲက တစ်ကားအပါအဝင်ပါ။

ထိုရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မြန်မာနဲ့စင်ကာပူ (၂)နိုင်ငံလုံးတွင် တပြိုင်နက် ရုံတင်ပြသခဲ့ပါတယ်။”မုန်းစွဲ”ရုပ်ရှင်ဇာတ်ကားကြီးကို နာမည်ကျော်ဓမ္မကထိက ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားပြီး စာအုပ်အဖြစ် ထုတ်ဝေထားသည့် “အသေလှတဲ့သူ” တရားတော်မှ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံကာ ရိုက်ကူးထားခဲ့ခြင်းဖြစ်ပါတယ်။”မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေရဲ့ ရုံပြည့်ရုံလျံ အားပေးမှုသာမက (၂၀၁၈)ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆု၊အကောင်းဆုံးအမျိုးသားရုပ်ရှင်ဇာတ်ပိုဆု၊အကောင်းဆုံးအသံဆု၊အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု စသည့် အကယ်ဒမီဆု(၄)ဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နောက်ထပ်အောင်မြင်မှုအနေနဲ့ ဂျပန်နိုင်ငံတွင် ကျင်းပမည့် ဂျပန်ရုပ်ရှင်ပွဲတော်ကြီးမှာ ပြသဖို့ ကမ်လှမ်းခံခဲ့ရပါတယ်။ထိုဂျပန်ရုပ်ရှင်ပွဲတော်ကြီးကတော့ (၂၀၂၀)ခုနှစ် ဧပြီလ မှာ ကျင်းပသွားမည့်အကြောင်းကို “၂၀၂၀ ဧပြီလ ဂျပန်နိုင်ငံမှာ ကျင်းပမည့် ဂျပန်ရုပ်ရှင်ပွဲတော်မှ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးအား ပြသဖို့ ကမ်းလှမ်းခံရပါပြီ။Congratulations…. မုန်းစွဲ Team, Produced by 7th Sense Film Production ” ဝေမင်းမောင်ရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။

error: Content is protected !!