ဝေကြီး ရေးပေးတဲ့ သီချင်းသစ်တစ်ပုဒ်ကို ပရိသတ်တွေရှေ့ မကြာခင် ချပြတော့မဲ့ AR-T

84

 

 


 



 

Source: AR-T
Khinb Mi [email protected]
ယူနီကုဒ်နဲ့ ဖတ်ရန်

အဆိုတော်AR-Tကတော့ သီချင်းကောင်းကောင်းလေးတွေကိုအမြဲသီဆိုပြီး ပရိတ်သတ်အားပေးမှုကိုအခိုင်အမာရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။သူရဲ့ညမွှေးပန်းသီးချင်းဟာဆိုရင်းလည်း လူငယ်တွေရဲ့ ပါစပ်ဖျားမှာရေပန်းစားလောက်တဲ့အထိ အောင်မြင်မှုရရှိခဲ့ဖူးပါတယ်။

မကြာသေးမီက ဝေကြီးရေးသားပေးတဲ့ “လမ်းခွဲစကား” သီချင်းဟာဆိုရင်လည်း နံပါတ်(၁)နေရာရတဲ့အထိအောင်မြင်မှုရရှိခဲ့တာပဲဖြစ်ပါတယ်။အသည်းကွဲသီချင်းတွေရေးတဲ့နေရာမှာ ဘယ်သူမှမယှဉ်နိုင်လောက်အောင်ဆရာကျတဲ့ပြင်သီချင်းအပုဒ်တိုင်းစေ့ပရိသတ်ရင်ထဲ ခံစားချက်တွေ အရောက်ပို့ပေးနိုင်အောင် ရေးနိုင်တဲ့ ဝေကြီးကတော့ AR-T အတွက် နောက်ထပ် သီချင်းတစ်ပုဒ်ကို ရေးသားပေးလိုက်ပြန်ပါပြီ။

AR-T အတွက် ဝေကြီးတစ်ယောက် ဘယ်လိုသီချင်းမျိုးကိုရေးပေးထားသလဲ ဆိုတာ ပရိသတ်တွေ အရမ်းစိတ်ဝင်စားနေကြမယ်ထင်သလို မကြာခင် ထွက်ရှိလာတော့မဲ့ ဒီသီချင်းလေးနဲ့ ပတ်သက်လို့ AR-T ဘက်က “ကိုဝေကြီးရေးပေးတဲ့ သီချင်း ကျက်နေတာ” လို့ သူရဲ့ လူမှုကွန်ရက်စာမျက်ကနေ ဖော်ပြလိုက်ပြီး မကြာခင် ပရိသတ်တွေကို ချပြနိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ကဲ… ဆယ်လီကမ္ဘာပရိသတ်ကြီးရေ… နောက်ထပ် အသစ်ထွက်လာမဲ့သီချင်းကလည်း ဘယ်လောက်ထိအောင်မြင်မှုရရှိမလဲဆိုတာ ရင်ခုန်နေကြမယ်လို့ထင်ပါတယ်နော်။